ယက်တော တစ်ကျော့ပြန်လာဦးမှာလား ။

etoneOctober 21, 20101min786

ဂျွန်ဝီလျှံယက်တောကို လူတိုင်းမှတ်မိကြမှာပါ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ၊ နေအိမ်အကျယ်ချုပ်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အိမ်ထဲကို …. ရေသန့်ဗူးပိုက်ပြီးရေကူးဝင်ခဲ့တဲ့သူပါ။ ၂၀၀၉ခုနှစ်မေလ ကတည်းက ဖြစ်ပေမဲ့အခုထက်တိုင်လူတွေကြားထဲမှတ်မိဆဲသတင်းတစ်ခုပါ ..။အဲ့ဒီတုန်းကတော့ ဟော့ဖြစ်တဲ့သတင်းပေါ့။ ဒေါ်အောင်ဆန်းစုကြည်ဧ။်အိမ်ထဲသို့ ခိုးဝင်ခဲ့သဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသော်လည်း ရက်သတ္တပတ်အကြာတွင် ပြန်လည် လွတ်မြောက်ခဲ့သူဖြစ်သည် ။ ၎င်းသည် မြန်မာနိုင်ငံအတွင်းသို ခရစ်ယာန်သာသနာပြုရန်အတွက် မိုမက်ဂိုဏ်းဝင်အနေဖြင့် လာရောက်ရန်အစီစဉ်ရှိကြောင်းသိရသည်။

6 comments

  • ဆူး

    October 21, 2010 at 6:48 am

    ယက်တော တော့ မသိဘူး ကြက်တော ကတော့ တဂီးဂီး တဂဲဂဲနဲ့.. အော်နေတယ်။

  • cobra

    October 21, 2010 at 7:21 am

    သူကဘာလာလုပ်မှာလဲ…။

    • etone

      October 21, 2010 at 7:57 am

      cobra တွေဖမ်းပြီးချက်စားမလို့ပြန်လာမှာ

  • kai

    October 21, 2010 at 7:36 am

    ဒေါ်စုလွတ်တော့မယ်ကြားလို့နေမှာပေါ့..။
    ဒီတခါလာရင်… သွေးတိုးတဲ့ရှိတဲ့သူ့ကို မုန့်ဟင်းခါးငံပြာရည်များများနဲ့သာ ကြွေးလွှတ်လိုက်..။

    နောက်တာနော..
    လာတော့မယ်.. မထင်ပါဘူး..။ စာအုပ်ရေးရင်ကို… သန်းချီရလောက်ပြီ။ ဘာလို့ စာအုပ်မရေးသေးတာလည်းမသိဘူး..။
    သူ့သတင်းက..၂၀၀၉ ကမ္ဘာ့စိတ်ဝင်စားစရာအကောင်းဆုံး ၁ဝထဲဝင်တယ်ပြောကြတယ်..။

    • etone

      October 21, 2010 at 7:47 am

      အန်တီစုတကယ်ပဲ လွတ်ရင်တော့ကောင်းတာပေါ့ ။ မင်္ဂလာသတင်းပါ ။
      အဲ့ဒီလိုမဟုတ်ပဲ ကောလဟာလွင့်ပြီး… မသေမချင်း Extension ထပ်တိုးလိုက်ရင်တော့ စိတ်မကောင်းစရာပဲ ။

  • zawhtun09

    October 22, 2010 at 5:16 am

    ဒေါ်စုလွတ်တော့မယ်ကြားလို့ ယက်တော လာချင်တာနေမှာပါ သူကဒေါ်စုကို crazy ဖြစ်တယ်လေ

Leave a Reply