Post တွင် comment ရေးသော်လည်း အီးမေးလ် ထဲသို အကြောင်းကြားစာမဝင်ခြင်း

etoneOctober 21, 20101min1033

Admin,

ကိုယ်တင်ထားတဲ့ ပို့စ်မှာ သူများက comment လာရေးရင် အကောင့်လုပ်ထားတဲ့ အီးမေးလ် လိပ်စာထဲဝင်ပါတယ် ။ ဒါက အရင်က အခြေနေပါ ။ 18ရက်နေ့ နောက်ပိုင်းက စပြီး ဘာမှဝင်မလာတော့ပါဘူး ဒါပေမဲ့ ကိုယ်တင်တဲ့ ပို့စ်ကို ပြန်ဖတ်တော့မှပဲ ဘယ်သူဘာ commentပေးလဲသိရတာပါ ။ ဖြစ်နိုင်လျှင်အဲ့ဒီ စနစ်လေး ပြန်သုံးလို့ရအောင်လုပ်ပေးပါဦး ။ ပို့စ်မှာ သိချင်တာလေးတွေလာမေးသွားရင် ပြန်ရေးပေးလို့ရအောင်ပါ ။

3 comments

  • etone

    October 21, 2010 at 7:24 am

    ဒီပို့စ်တင်အပြီး 6မိနစ်အကြာမှာ comment အတွက်အကြောင်းကြာစာတွေဝင်လာပါတယ် ။

    • admin

      October 21, 2010 at 7:33 am

      ပို့စ်တွေတောက်လျှောက်တက်လာရင်… တနေရာရာမှာ ထစ်ပြီး ဆာဗာအယ်ရာတက်ပါတယ်..။
      အဲဒီနောက်တော့ ..ဘယ်သူမှတင်မရတော့ပဲ…တစ်နေတော့တာပါပဲ..။
      အဲဒီအခါမျိုးမှာ…ပို ့စ်တခုချင်းပြန်ဖြုတ်ကြည့်ရင်… တခုခုဖြုတ်အပြီးမှာ ပြန်ကောင်းတတ်ပါတယ်..။
      ကြားထဲ..ဆာဗာသက်သာအောင် အီးမေးလ်စံနစ် ပိတ်ထားလိုက်တာပါ။

      အခုလို ရီပို ့ပေးတော့ ..ပိတ်ထားတာသတိရပြီး ပြန်ဖွင့်လိုက်တာ..
      ကျေးဇူး..။

      • etone

        October 21, 2010 at 8:42 am

        Mandalay Gazette က စာတွေ inbox ထဲမဝင်ရင် ဟာတာတာနဲ့မို့လို့ သတိထားကြည့်နေတာ ။

Leave a Reply