နိုင်ငံတော်အလံသစ်အား……….အောက်တိုဘာ၂၁ရက်နေ့တွင်စတင်အသုံးပြုတော့မည်။

zaw mgOctober 21, 20101min510

၂၀၀၈ ခုနှစ်အခြေခံဥပဒေအရပေါ်ပေါက်လာသည့်ပြည်ထောင်စုမြန်မာနိုင်ငံတော်၏အလံအသစ်အား

အောက်တိုဘာလ ၂၁ ရက်နေ့(၂၁.၁၁.၂၀၁ဝ )တွင်တစ်နိုင်ငံလုံးလွင့်တင်ပွဲပြုလုပ်ရမည်ဟု

ဝန်ကြီးဌာနများ ၊ အစိုးရဌာနများ ၊ ကျောင်းများ အားလုံးအားညွန်ကြားချက်ထုတ်ပြန်ထားကြောင်း

အင်တာနက်သတင်းတစ်ရပ်အရသိရသည်။

အဆိုပ်အလံသစ်ဇွင့်ပွဲအားဗေဒင်ကိန်းဂဏန်းအလိုအရ ၂၁ရက် ၃နာရီ (၂+၁ =၃ ) တွင်ပြုလုပ်ရန်ညွန်ကြားချက်ကြောင့်ဖြစ်ကြောင်းသိရသည်။

မကြာခင်စတင်အသုံးပြုတော့မည့် အလံသစ်တွင်ကြယ်ဖြူသည်ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ကိုယ်စားပြုပြီး

အစိမ်းရောင်သည် စိုက်ပျိုးရေးကိုအခြေခံသည့်စိမ်းလန်းစိုပြေသည့်နိုင်ငံတော် ၊ အဝါရောင်သည် တိုင်းရင်းသားအားလုံး ချစ်ခင်ရင်းနှီးညီညွတ်စည်းလုံးစွာရှိခြင်း နှင့် အနီရောင်မှာရဲရင့်ပြတ်သားခြင်းစသည့် အဓိပါယ်အသီးသီးဖေါ်ဆောင်ကြောင်းသိရသည်။

နိုင်ငံတော်တေးသီချင်းကိုမူနဂိုမူလအတိုင်း အပြောင်းအလဲမရှိ ဆက်လက်သုံးစွဲသွားမည်ဟုသိရသည်.။

ကိုးကား.. http://www.peoplemediavoice.net