ဂြိုလ်တုသုံး၍ ရုပ်ရှင်ရုံရှိ ဇာတ်ကားများကို အိမ်တွင်ကြည့်ရှုနိုင်မည့် e-Cinema

khinmintatthuOctober 21, 20101min792
ရွှေသံလွင်မီဒီယာမှ စီစဉ်ဆောင်ရွက်သည့် Multi
Play Services(MPS) အစီအစဉ်တွင် ရုပ်ရှင်ရုံများ၌ပြသနေသည့်
ရုပ်ရှင်များကို ဂြိုလ်တုစနစ်ဖြင့်ချိတ်ဆက်ပြီး
မိမိနေအိမ်တွင်ကြည့်ရှုနိုင်မည့် e-Cinema
လုပ်ဆောင်ချက်ပါဝင်မည်ဖြစ်ကြောင်း အဆိုပါမီဒီယာနည်းပညာဆိုင်ရာအရာရှိချုပ်
ဦးမျိုးမင်းကပြောသည်။ “e-Cinema ဆိုတာ ထိန်းချုပ်မှုတစ်ခုကို
စနစ်တကျဖြစ်အောင်လုပ်ပြီးတော့ တစ်ပြည်လုံးမှာရှိတဲ့ ရုပ်ရှင်ရုံတွေကနေ
ထိန်းချုပ်ပြသနိုင်ခြင်းပါ။ မြန်မာ့ရုပ်ရှင်လောကလည်း
ပြောင်းလဲတိုးတက်လာမယ့်အခြေအနေပါ။ MPS စနစ်ထဲမှာတော့ e-Cinema,
e-education စသည်ဖြင့် Application အများအပြား
ပါဝင်သုံးစွဲနိုင်မှာဖြစ်ပါတယ်။” ဟု ၎င်းကပြောသည်။ အဆိုပါ MPS အစီအစဉ်၌
ဂြိုလ်တုစနစ်ပေါ်တွင်အခြေခံသည့် အင်တာနက်လိုင်း၊ ဖုန်းလိုင်းနှင့်
ရုပ်သံလိုင်းတို့ပါဝင်မည်ဖြစ်ပြီး ရွေ့လျားစနစ်ဖြင့်လည်း
သုံးစွဲနိုင်မည်ဖြစ်သည်။ ရောင်းချသည့်ဈေးနှုန်းများကို
ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသော်လည်း MPS အစီအစဉ်
စတင်ချထားပေးသည့်အခါတွင် နိုင်ငံ၏နယ်မြေ ၇၅ ရာခိုင်နှုန်း၌
ဂြိုလ်တုမှတစ်ဆင့် ရုပ်ရှင်ရုံများရှိ ဇာတ်ကားများကို
ကြည့်ရှုနိုင်တော့မည်ဖြစ်သည်။

forward Mail……Thank

2 comments

  • moethidasoe

    October 21, 2010 at 10:01 am

    ဒါဆိုရင် ရုပ်ရှင်ရုံ ထောင်စားသူတွေ .. အခုမှ ကန်ထရိုက် ဆွဲတဲ့သူတွေ .. ဒွတ်ခပဲ .. လူတွေလဲ အိမ်ကနေ အေးအေး ဆေးဆေး ထိုင် ကြည့်နိုင်မယ် ဆိုတော့ တီဗီ အရွယ်အစား ကြီးတာတွေ အရောင်းသွက်ဦးမှာ မြင်ယောင်မိပါတယ် .. အခုကတည်းက ဝယ်ထားကြနော် .. ဈေးကျနေတုန်းလေ ..

  • Team X

    October 21, 2010 at 10:55 am

    ပြောသာပြောတာပါဗျ။ အကောင်အထည်ဖော်ဖို့ဆိုတာ မျှော်လေဝေးလေ ဆိုသလိုပါပဲ။။

Leave a Reply