အမှောင်ကြိုက်တဲ့ သရဲ

ဆူးOctober 21, 20101min15412

၂၀၀၈ ဖေဖော်ဝါရီ တုန်းက ဆူး တို့ မိသားစု အလှူ တခု အတွက် ပုဂံကို ရောက်ခဲ့တယ်။ အလှူကလည်း သီလရှင်ကြီး တပါးက ဦးဆောင်ပြီး လုပ်တာ ဆိုတော့ သူလုပ်ချင်တဲ့ အတိုင်း လိုက်လုပ်ပေးရတာ ဆိုပါတော့.. အလှူကတော့ ဘုန်းကြီးကျောင်းဟောင်းတွေ ပြုပြင်တယ် ဘုရားပျက်တွေ ပြုပြင်တယ်။ အဲဒီ အလှူအတွက် ရေစက်ချ အလှူလုပ်တာပါ။ မဏ္ဏပ်ကြီး လုပ်ပြီး ရဟန်းတွေကို သိမ်ဆင်း အလှူလည်း လုပ်တယ်။ နောက်ပြီး အရှင်အစ္စဂေါန ဘုရား မှာ ပုဂံမြို့က ဘုန်းကြိးကျောင်းတွေ လိုက်ပတ်ပြီး လျောက်ပြိး အာရုံ ဆွမ်းခံကြွဖို့.. အနီးအနား ရွာက လူတွေကိုလည်း အဲဒီ ဘုရားမှာတင် အဝတ်တွေနဲ့ ထမင်းထုတ်တွေ ဝေပါတယ်။ ဘုရားမှာ ဆီမီး ၉၀၀ဝ လှူတဲ့ အစီအစဉ်လည်းပါတယ်။
မနက် ဆွမ်းကပ်ရန်အတွက် ညဘက်ဆို မအိပ်ဘဲ အဲဒီ ဘုရားက ဇရပ်မှာ ကြက်သွန်ခွာသူက ခွာ အာလူးခွာသူက ခွာ ဘဲဥတွေ ပြုတ် ဂေါဖီတွေ လှီးပေါ့လေ.. လှူမှာက များတော့ ရဟန်းနဲ့ လူတွေ အားလုံး အထုတ် ၉၀၀ဝ မှန်းတယ် ဆိုတော့ ချက်စရာ ပြုတ်စရာ ပြင်ဆင်တာ တော်တော် ကြာပြီး မပြီးနိုင်အောင် ဖြစ်နေခဲ့ပါတယ်။
အဲဒီ ဘုရားမှာတော့ ထိုသီလရှင်ကြီးက အမြဲ အလှူ လုပ်နေကျမို့ သူတပည့်တွေ ဒကာတွေက စုပေါင်းပြီး ဇရပ်ဆောက်လှူထားတယ် နောက်ပြိး အိမ်သာ (သီးသန့်-မြို့က လူတွေ အတွက် ဘိုထိုင်) လုပ်ထားပါတယ်။ ဆူးတို့ ဝိုင်းကူညီ လုပ်အားပေးတာ အဲဒီ ဇရပ်ပေါ့..
နေ့ဘက် အလင်းရောင် ရှိတုန်းတော့ ဘာမှ ကိစ္စမရှိဘူး.. ညဘက် အမှောင်သန်းလာတဲ့ အချိန် ည ၆နာရီ လောက်ဆိုရင်တော့ မီးထွန်းဖို့ လိုအပ်ပြီ။ လျှပ်စစ်မီး ရှားပါးလို့လားတော့ မသိဘူး။ မီးကဇရပ်မှာတော့ လုပ်အားပေးတဲ့ လူတွေ အတွက်တော့ အဆင်ပြေ မြင်သာအောင် မီးရပေမဲ့.. အိမ်သာ သွားတဲ့ လမ်းက နဲနဲပတ်သွားရတယ် လက်နိပ်ဓါတ်မီးလေး ယူသွားရတယ်။ မတော် မြွေပါးကင်းပါး နင်းမိလို့.. ကိုယ်နင်းလို့ မပြားဘဲ သူကိုက်လို့ သေမှာ ကြောက်တာပေါ့..
ည၆နာရီလောက်မှာတော့ ချက်ပြုတ်မဲ့ သူကတော့ မီးဖိုပြီး ချက်နေပြီ.. ဆီမီး ၉၀၀ဝ ကလည်း ဆီမီးခွက်ကလေးတွေ ချပြီး ဆီလိုက်ဖြည့် တာနဲ့ ၈နာရီကျော်လောက် ဖြစ်သွားရော ဆိုပါတော့.. ဒါနဲ့.. ဆီမီးက ၉နာရီမှာ ထွန်းမှာ ဆိုတော့ အလုပ်တွေလည်း ပြီးပြီ.. အိမ်သာ သွားဖို့ လက်နှိပ်ဓါတ်မီးလေး ယူပြီး အဖော် အမျိုးသမီး တယောက်နဲ့ သွားခဲ့တယ်။ မီးမှိန်မှိန် ထွန်းထားတဲ့ အလင်းနဲ့ လက်နိပ်ဓါတ်မီး သိပ်တော့ မလိုတဲ့ နေရာမထွန်းဘူး ဒီတိုင်း လျှောက်လာရင်းနဲ့ အိမ်သာရှေ့ရောက်တော့.. မီးလိုအပ်လာပြီ.. အိမ်သာမှာ မီးလုံးရှိတယ် ခလုပ်လည်း ရှိတယ် မီးမလင်းဘူး ဒီတော့ မီးမလင်းလည်း ကိစ္စတော့ မရှိပါဘူး ကိုယ်ပိုင် လက်နိပ်ဓါတ်မီး နိပ်မယ်ကြံတော့ မီးလုံးဝ ထွန်းလို့ မရဘူး ဘယ်လိုဖြစ်တာလဲ အခုလေးတင် အကောင်းကြီး ရှိနေတာကို.. မဟုတ်သေးပါဘူး ဆိုပြီး ဓါတ်မီးလေးကို အထက်အောက် သေချာ ကြည့်နေရင်းနဲ့ ဒီဟာလေးတော့ ပျက်သွားပြီး ရန်ကုန်ရောက်ရင်တော့ အသစ်ဝယ်ရတော့မယ် လို့တွေးနေပြီးတော့ အိမ်သာကနေ ပြန်လှည့်ထွက်လာကြတယ် အမှောင်အတိုင်းဘဲ အိမ်သာနဲ့ ခပ်လှမ်းလှမ်းလည်း ရောက်ရော လက်နှိပ်ဓါတ်မီးက အကောင်းအတိုင်း မီးလင်းလာကော.. မဟုတ်သေးပါဘူး.. ဒါငါကို ပညာပြတာဘဲ ဆိုတာ သိသွားတယ်.. အဲဒိ အချိန်မှာ ဘာလုပ်လိုက်တယ် ထင်လဲ..
လက်နိပ်ဓါတ်မီးကို အိမ်သာဘက်ကို ချိန်ပြီး အိမ်သာ တခုလုံးကို မီးဆလိုက်ချိန်သလို နေရာ နှံအောင် ဟိုထိုးဒီထိုးလုပ်ပြီး ငါဓါတ်မီးကို မလင်းအောင် လုပ်အုန်းဟယ် ဆိုပြိး ပြောပြီး ခပ်တည်တည်နဲ့ ဘုရားပေါ်ပြန်ပြီး ဆီမီး ၉၀၀ဝ မီးထွန်းပူဇော်ပြီး ဟော်တယ်မှာ ပြန်အိပ်ခဲ့တယ်။ ဘာမှလည်း မဖြစ်ဘူး ဘာမှလည်း မထူးခြားဘူး။ သူက လန့်မလားလို့ ခြိမ်းခြောက်တာလား ကိုယ်ကဘဲ မလန့်ဘဲ နေလို့လားတော့မသိဘူး။ ပြန်တော့ စွာခဲ့တယ်။
ဒါနဲ့ မနက်အလှူလုပ်ပြီးတော့ ပိုတဲ့ အစားအစာတွေကို အလှူမဏ္ဏပ် ပတ်ဝန်းကျင်မှာတော့ ခေါစာပစ်တယ် ခေါ်တာပေါ့လေ.. မမြင်ရတဲ့ဟာတွေ မစားရမသောက်ဖြစ်နေရင် စားနိုင်အောင် ဆိုပြီး ဟိုပစ် ဒီပစ် လုပ်တယ်။ ထမင်းဟင်းတွေ အကောင်းကြီး မဏ္ဏပ်ဘေးနဲ့ အနောက်ဘက်မှာ သွားလည်းပစ်ကော ဘယ်ကရတဲ့ အပုတ်နံမှန်းမသိဘူး နံလိုက်တာ.. အစားအစာတွေကဘဲ သိုးပုတ်နေသလို အနံကြီးထွက်လို့.. နောက် ခပ်လှမ်းလှမ်းမှာ နမ်းကြည့်တော့ မနံပါဘူး။ ရေစက်မချခင် တည အလိုကဆိုရင် ပုဂံမြင်ကွင်းက သိတဲ့ အတိုင်ဘဲ ဟင်းလင်းပြင်ကြီးဖြစ်နေတာ အဝေးကိုလည်း ကြယ်ရောင် လရောင်နဲ့ မြင်နိုင်ပါတယ် ဘာမှ မရှိဘူး။ လှည်းခြူသံ ကလုံကလွမ်း ကြားရတယ်လို့ ပြောတဲ့ လူရှိလို့ ထွက်ကြည့်တာ ဘာမှ ကို မမြင်ဘူး။ ဘာပဲ ပြောပြော အလှူ တခု ပြီးသွားတော့လည်း ပြီးသွားတာပါဘဲ။

12 comments

  • ဆူး

    October 21, 2010 at 9:09 am

    Internal Server Error
    The server encountered an internal error or misconfiguration and was unable to complete your request.

    Please contact the server administrator to inform of the time the error occurred and of anything you might have done that may have caused the error.

    More information about this error may be available in the server error log.

    Web Server at myanmargazette.net

    ဆိုပြီး ပေါ်နေပေမဲ့ ဒီမှာတော့ တက်လို့ တော်သေးတယ် ကော်ပီ မဟုတ်ဘဲ စဉ်းစားပြီး ရိုက်ထားတာ ဆိုတော့ ပျောက်သွားမှာ စိုးနေတာ

  • Oo Oo

    October 21, 2010 at 9:31 am

    ရှက်တတ်တဲ့သရဲဖြစ်မယ်နော်…

    • ဆူး

      October 21, 2010 at 9:38 am

      ဝလုံးအကြီးအသေး တစုံ ပြောတော့လည်း ဟုတ်တော့ ဟုတ်သလိုဘဲ..

  • khinmintatthu

    October 21, 2010 at 9:37 am

    ဟုတ်ပါရဲ့ဗျာ… ဖြစ်နိုင်လောက်တယ်ဗျ…

  • fatty poak

    October 21, 2010 at 9:45 am

    အလင်းကြိုက်တဲ့သရဲအကြောင်းလေးဖတ်ကြည့်ချင်လို့………..ဆူး…..။

    • ဆူး

      October 21, 2010 at 9:48 am

      ရေးပေးမယ်.. အလင်းရောင် ရှိရက်နဲ့ နှောက်ယှက်သွားတာ ရှိသေးတယ်

  • etone

    October 21, 2010 at 9:57 am

    သူတို့က တစိမ်းတွေလာလို့ ပညာပြတာနေမှာ ။ အလှူလည်းလုပ်ရသေးတယ် ခြောက်လည်းခြောက်သေးတယ်နော်။

  • Oo Oo

    October 21, 2010 at 10:02 am

    အလှုကိုဝမ်းသာလို့သူတို့ရှိနေတာသိအောင်
    အသိပေးတာနေမှာပါ..

    • ဆူး

      October 21, 2010 at 10:11 am

      အိမ်သာ သွားမှာ အိမ်သာထဲမှာ မီးအလင်း မရအောင် ပြီး သူနဲ့ ဝေးသွားမှ.. အလင်း ပြန်ရတာ ဆိုတော့ ပညာပြတာဘဲ သတ်မှတ်တာဘဲ..

  • asiamasters

    October 21, 2010 at 10:40 am

    ဆူးက အဲဒါကို သူရဲခြောက်တယ်ထင်လား။ သူရဲကော ရှိတယ်လို့ယုံပါလား။

    • ဆူး

      October 21, 2010 at 11:02 am

      ဒါဆို စိတ်ကြောင့် ဖြစ်တယ် လို့ ယူဆ ပါသလား။ ကြိုက်နှစ်သက်သလို ယူဆ တွေးတော နိုင်ပါသည်။
      ဆူး နဲ့ အတွေးမတူလို့ ရန်လိုတာမဟုတ်ပါဘူး။ လူတိုင်းမှာ မတူညီတဲ့ အခြေခံ အယူအဆတွေ ရှိတဲ့ အတွက် မတူညီတဲ့ အယူအဆ အတွက် ကြိုက်နှစ်သက်သလို လွတ်လပ်စွာ တွေးနိုင်ပါသည်။

  • Van Sithu

    October 21, 2010 at 11:00 pm

    အင်း ကျွန်တော်လည်း ကြုံဖူးပါတယ်။ဒီလိုအဖြစ်မျိုးတော့ မဟုတ်ဘူး။တစ်ယောက်တည်း ရှိတဲ့အချိန်မှာ ပိုစိတ်ခြောက်ခြားတတ်တာတော့မှန်ပါတယ်။ဒီလိုအဖြစ်ပျက်တွေက လောကမှာ လုံးလုံးမရှိဘူးလို့တော့ ယူဆလို့ မရပါဘူး။

Leave a Reply