မုန်တိုင်း သတင်း

Zaw WonnaOctober 21, 20101min750

အပူပိုင်းမုန်တိုင်း အမှတ်စဉ် (၄/ ၂၀၁၀) ဟာ ဒီကနေ့မနက် အစောပိုင်းက မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီမုန်တိုင်းငယ်ဟာ အနောက်မြောက်ဖက်ကိုပဲ ရွေ့လျားမယ်လို့ ခန့်မှန်းထားပြီး မနက်ဖြန် (၂၂-၁၀-၂၀၁၀) ရက်နေ့ ညနေ (၆) နာရီခွဲ အချိန်လောက်မှာ ရခိုင်ပြည်နယ် မြောက်ပိုင်း စစ်တွေမြို့အနီး (တောင်ဖက်ကျမယ်လို့ ခန့်မှန်းပါတယ်) ကုန်းတွင်းကို ဝင်ပါလိမ့်မယ်။ အများဆုံး လေတိုက်နှုန်းကတော့ တစ်နာရီ ၅၅-၆ဝ မိုင်နှုန်းလောက် ရှိမယ်လို့ ခန့်မှန်းပါတယ်။

မှတ်ချက်။    ။ ဦးထွန်းလွင် ရဲ့ ဝက်ဘ်ဆိုက်ကပါ။

www.tunlwin.com မှာ update news တွေကို ဝင်ရောက် ကြည့်ရှုန်ိုင်ပါတယ်။