http://popularmyanmar.com/mpaper/wp-content/uploads/2010/10/Electric.jpg
အေက်တိုဘာ ၃ ရက်နေ့ ရက်စွဲဖြင့် မြို့နယ်လျှပ်စစ် ဓာတ်အားပေးရုံးများသို့ အလှည့်ကျဓာတ်အား ဖြန့်ဝေပေးမည့် အချိန်ဇယားထွက် ပေါ်လာသော်လည်း လောလောဆယ် အလှည့်ကျမီးပေးမှု ပြုလုပ်ဦးမည် မဟုတ်သေးကြောင်း မြို့တွင်း ဓာတ်အားပေးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ”အလှည့်ကျ ဘယ်တော့စ ပေးရမလဲဆိုတာတော့ မသိရသေးဘူး။ အခုလောလောဆယ်တော့ အစီအစဉ်မရှိသေးပါဘူး” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ ရန်ကုန်မြို့၌ မြို့နယ်အချို့တွင် ယခုလအတွင်း  မီးပျက်မှုအချို့ ရှိနေခြင်းမှာ ဓာတ်အားခွဲဝေပေးရေး ရုံးများရှိ မိန်းကျခြင်းသာဖြစ်ကြောင်း သိရသည်။ ”မီးက အလှည့်ကျပေးမယ်လို့ ကြားတာပဲ။ ဒီရက်ပိုင်းအတွင်း မီးပျက်တာတော့ရှိတယ်။ ပုံမှန်ပျက်တာ မဟုတ်ဘဲ ခဏကြာရင် ပြန်လာတာ။ အလွန်ဆုံးကြာ တစ်နာရီ ၂ နာရီပဲ” ဟု သာကေတမြို့နယ် နေသူတစ်ဦးက ဆိုသည်။ ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အား ခွဲဝေပေးမှုကို အပူပိုင်းအချိန်များတွင် ပြုလုပ်လေ့ရှိသည်။ တစ်နေ့လျှင် အုပ်စု  ၃ စုခွဲ၍ ၆ နာရီ ကြာ မီးပေး ဝေမှုကို  ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာမှ ၂ဝ၁ဝ ဇွန်လအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုအပြင် အချိန်ပြည့် မီးပေးဝေမှုကို ဇူလိုင်လမှ ယခုအချိန်ထိ ပြုလုပ်လျက်ရှိပြီး ကြားကာလ အချိန်များတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု အချို့ရှိခဲ့သည်မှလွဲ၍ မီးလာချိန်အပြည့်နီးပါး ရရှိကြကြောင်း သိရသည်။ ၄င်းအပြင် ပြီးခဲ့သည့် နွေရာသီ အပူချိန် လွန်ကဲမှုကြောင့် လုပ်ငန်းသုံး မီတာများ ခေတ္တဖြုတ်သိမ်းခဲ့ပြီး စက်မှုဇုန်များ လျှပ်စစ်ဓာတ်အား ဖြန့်ဝေမှုပါ ရပ်ဆိုင်းခဲ့သော်လည်း ဇူလိုင်မှ စတင်၍ ဓာတ်အားပေးမှု အားကောင်းခဲ့ကြောင်း သိရသည်။

မိုးမြင့်မြတ် @ popular myanmar

ဂျစ်စူ

About ဂျစ်စူ

has written 258 post in this Website..

စိတ်ဆတ်တယ် အကြွေးမဆပ်ဘူး