အွန်လိုင်းမှ ဖုန်း Bill ဆောင်နိုင်တော့မည်ဟု ရတနာပုံ Web Portal တွင် ဖော်ပြ

ဂ်စ္စူOctober 21, 20101min620

အမျိုးသား အဆင့် ရေးဆွဲပြီး စမ်းသပ် လွှင့် တင် ထားသည့် Yatanarpon Web Portal တွင် ဖုန်း ဘီလ် များကို online မှ တစ်ဆင့် ပေးသွင်းနိုင် မည့် ဝန်ဆောင်မှု ကို မကြာမီ စတင်မည် ဖြစ်ကြောင်း web portal တွင် ရေးသား ဖော်ပြ ထားသည်။

Yatanarpon web portal ကို စက်တင် ဘာ ၃ဝ ရက်မှ စတင်ကာ အောက်တိုဘာလ ကုန် အထိ စမ်းသပ် ထုတ်လွှင့် လျက်ရှိပြီး web portal ၏ homepage တစ်နေရာ တွင် online phone bill ဝန်ဆောင်မှု စနစ် ကို မကြာမီ ဝန်ဆောင်မှု ပေး စတင်မည် ဖြစ်ကြောင်း ဖော်ပြ ထားခြင်း ဖြစ်သည်။

လက်ရှိ လွှင့်တင် ထားသည့် web portal တွင် သတင်း အချက်အလက်နှင့် ဝန်ဆောင်မှု များ သုံးစွဲ ကြည့်ရှု နိုင်ပြီ ဖြစ်သကဲ့သို့ Yatanarpon Account ကို အခမဲ့ ရယူကာ web portal ၏ ဝန်ဆောင်မှုများ ဖြစ်သည့် Y-mail, Y-talk, Ynet အစရှိသည့် အခမဲ့ ဝန်ဆောင်မှု တွေကိုလည်း သုံးစွဲ နိုင်ကြောင်း web portal တွင် ဖော်ပြ ထားသည်။

အဆိုပါ web portal တွင် ပြည်တွင်း ပုံနှိပ် သတင်း မီဒီယာ များမှ သတင်း များ ကိုလည်း တရား ဝင် ရယူ ဖော်ပြ ထားပြီး ကဏ္ဍ စုံလင်စွာ ပါဝင်ပြီး နိုင်ငံရေး ကဏ္ဍ ကိုလည်း ကဏ္ဍ တစ်ခု အဖြစ် ထည့် သွင်း ထားကြောင်း တွေ့ရသည်။

အဆိုပါ web portal မှာ e-commerce လုပ်ငန်းများ ဖွံ့ဖြိုးရေး အတွက် အထောက်အကူ ပြု စေနိုင် မည်ဖြစ်ပြီး အွန်လိုင်း ဝန်ဆောင်မှု များကို အဆိုပါ web portal မှ ရယူ သုံးစွဲ နိုင်မည်ဖြစ် သည်။

Ref:http://www.themyanmarpost.com