mmjoke မှ ဟာသလေး

mriderkyawgyiOctober 21, 20101min693

သင်္ဘောတစ်စင်း ပျက်သဖြင့် လူသုံးယောက်သည် ကျွန်လေးတစ်ကျွန်ပေါ်တွင် အသက်ရှင်ကျန်ရစ်လေ၏။ ရက်အတန်ကြာသော
အခါ ရေထဲမှ သေတ္တာတစ်လုံးမျော လာသဖြင့်ဖွင့်ကြည့်ရာ မီးခွက်တစ်ခု ထွက်လာသည်။ သိုနှင့် မီးခွက်ကိုဖွင့်ကြည့်လိုက်ရာ
အထဲမှ မီးခွက်စောင့် ဘီလူးထွက်လာလေသည်။
ကဲ မင်းတို့ကို တစ်ယောက် ဆုတစ်ခုစီ တောင်းခွင့်ပေးမယ်။
ထိုအခါ ပထမ တစ်ယောက်က
ကျွန်တော့်ကို ရတနာတွေအပြည့်ဖြည့်ထားတဲ့သေတ္တာ နဲ့အတူ အိမ်ကိုပြန်ပို့ပေးပါ။
နောက်တစ်ယောက်က
ကျွန်တော်ကိုလည်း မော်ဒယ်ကောင်မလေး၂ယောက်နဲ့အတူ အိမ်ကိုပြန်ပို့ပေးပါ။
နောက်ဆုံးတစ်ယောက်က
ကျွန်တော်က တစ်ကောင်ကြွက်ဗျ။ပြန်စရာအိမ်လည်းမရှိဘူး။ ခင်ဗျားမပေါ်လာခင်ကမှ ကျွန်တော်တို့သုံးယောက် ပျော်နေသေးတယ်။
အခုကျွန်တော်တစ်ယောက်တည်းဖြစ်သွားပြီ။
ခုနကနှစ်ယောက်ကိုပြန်ခေါ်ပေးဖို့ကျွန်တော်ဆုတောင်းတယ်။

mmjoke.weebly.com

3 comments

  • kopauk mandalay

    October 21, 2010 at 3:16 pm

    နောက်ဆုံးလူရဲ့ဆုတောင်းသံကိုလည်းကြားရော မီးခွက်စောင့်ဘီလူးလဲ ဘာလုပ်ရမှန်းမသိတာနဲ့မီးခွက်ထဲပြန်ဝင်သွားတာကိုမြင်တော့
    မဝင်ပါနဲ့လို့ပြောရင်းအိပ်ယာကလန့်နိုးသွားပါသတဲ့ကွယ်၊

  • Gong Zhu

    October 21, 2010 at 5:05 pm

    ဟားဟား … နှစ်ယောက်ပေါင်းပြီး ဖတ်လိုက်မှ ပိုမိုက်သွားတယ် … 😛

  • winyungwe

    October 22, 2010 at 7:04 am

    ကဲ……….
    တောင်းတဲ့ဆုနဲ့ပြည့်စေသား…..
    😀

Leave a Reply