အရာအားလုံးလှုပ် လှုပ် လှုပ်လှုပ်

အာဂOctober 21, 20101min1488

ကမ္ဘာကြီးကလည်း ခပ်လှုပ်လှုပ်
မြန်မာ ပြည်က လည်း လှုပ်လှုပ်
ရေတွေကလည်း လှုပ်လှုပ်
လေတွေကလည်း လှုပ်လှုပ်
မြေတွေကလည်း လှုပ်လှုပ်
သစ်ပင်တွေ လှုပ်လှုပ်
သစ်ရွက်တွေ လှုပ်လှုပ်
တရိစာ္ဆန်တွေ လှုပ်လှုပ်
လူတွေ လှုပ်လှုပ်
စိတ်တွေကလည်း လှုပ်လှုပ်
အကျင့် သီလတွေကလည်း လှုပ်လှုပ်
ရိုးသားမှုကလည်း လှုပ်လှုပ်
အမှန်တရားကလည်း လှုပ်လှုပ်
ကောင်မလေးလည်း လှုပ်လှုပ်
ကျွန်တော်ကလည်း လှုပ်လှုပ်
အချစ်ကလည်း လှုပ်လှုပ်
အမုန်းကလည်း လှုပ်လှုပ်
ဒီကနေ့လည်း ခပ်လှုပ်လှုပ်
မနက်ဖြန်လည်း ခပ်လှုပ်လှုပ်
ခပ်သုတ်သုတ်သွား
ခပ်သုတ်သုတ်စားလို့
ဘယ်အရာကများ..တည်တည်ငြိမ်ငြိမ် ရှိလဲ..။

ဒေါ သကလည်း လှုပ်တယ်
မောဟ ကလည်း လှုပ်တယ်
မေတ္တာကလည်း လှုပ်တယ်
သစ္စာကလည်း လှုပ်တယ်.။

တည်ငြိမ် ငြိမ်းချမ်း မှုများ.သေဆုံးကာလဆိုတော့
စီပွားရေး အလှုပ် မှာ
ကိုယ့်အိမ်ဈေးဖိုးကလေး လှုပ်သွားမှာကို ကြောက်တယ်.။

8 comments

  • april

    October 21, 2010 at 12:31 pm

    ဒီလောက်လှုပ်မှတော့ အိမ်ဈေးဖိုးလည်း ဘယ်ခံနိုင်မှာလဲ လှုပ်နေတာ ကြာပေါ့ 🙂

  • PaukPhaw

    October 21, 2010 at 12:38 pm

    ဟုတ်တယ်ဗျာ.
    အူမတောင့်မှ သိလစောင့်လို ့ရမှာဆိုတော့..
    အိမ်ဈေးဖိုးလေးလှုပ်သွားရင် ဒုက္ခရောက်မှာ အကိုရေ့..
    မလှုပ်အောင် ထိန်းမှရမယ်..

    အတို ့လှုပ်လှုပ် လှုပ်လှုပ် တွေထဲမှာ တစ်ခုလှုပ်တာကျန်ခဲ့တယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 21, 2010 at 12:42 pm

    မကြောက်နဲ ့ပီလို
    သူလှုပ်နေရင် ကိုယ်ကဖြုတ်ပြစ်လိုက် ပီလို
    ကိုယ်ငြိမ်နေလို ့ လှုပ်တာကကြမ်းနေတယ်လို ့ထင်ရတာ ပီလို
    ကိုယ်ရမ်းလိုက်ရင် လှုပ်တာက သနားစရာဖြစ်သွားလိမ့်မယ် ပီလို
    သတ္တိရှိစေ မိုက်ရူးမရဲနဲ ့ပီလို
    မင်းရဲ ့အရည်ခြင်းတွေ ကို ပါးပါးနပ်နပ်အသုံးချဦး ပီလို

    • R Ga

      October 21, 2010 at 12:45 pm

      ဟုတ်ကဲ့! ဆရာ
      ကျွန်တော်ပါးပါးနပ်နပ် အသုံးခြပါမယ်ဆရာ..။
      ကဲ့ ရဲဘော်တို့ သတိ။

  • bigcat

    October 22, 2010 at 12:41 am

    ခေမီကို လှုပ်တာတော့ မပြောဘူး။ သွားနှာဗူး..မုန်းတယ်။

  • The Reds

    October 22, 2010 at 3:49 am

    ကိုယ် မ လှုပ် နိုင် အောင် ထိန်း ကြ မှ ဖြစ် မယ် ။

  • char too lan

    October 22, 2010 at 7:16 am

    ကိုအာဂ ကျန်ခဲ့တာက
    ကြိုင်ကြိုင်ကလည်း လှုပ်လှုပ်
    ယိုင်ယိုင်ကလည်း လှုပ်လှုပ်
    ၅၀၀ဝကလည်း လှုပ်လှုပ်…….
    ဦးကြောင်ကြီး မပြောတဲ့သူကဗူးတာလား
    ပြောတဲ့သူကဘူး တာလား တားမရှင်းရို ့:P

  • darkoosky

    October 22, 2010 at 9:31 am

    hoe har ma hlou yin pyi tar pe..
    htain ya tar khet lo par

Leave a Reply