Potala Palace from Tibet

weiweiOctober 21, 20103min18814

တိဗက်လူမျိုးတွေ ဘုရားရှိခိုးတယ့်ပုံစံပါ ...အပေါ်ကိုတက်တယ့်လမ်း ..အပေါ်တစ်နေရာကနေ ဝင်လာတယ့် ဂိတ်ကို ပြန်မြင်ရတယ့်ပုံပါ ..အပေါ်ဆုံး အမိုးနေရာပါ .. ရွေအစစ်လို့ပြောတယ် ..ဘုရားကျောင်းပေါ်ကနေ လှမ်းမြင်ရတယ့် လားစားမြို့ (Lasa)ပြန်ဆင်းသွားရမယ့် လမ်း ..အောက်ကနေလှမ်းမြင်ရတယ့် ဘေးတိုက်အနေအထား ..အတွင်းဘက်က ပန်းချီလက်ရာတစ်ချို့အတွင်းပိုင်း အပြင်အဆင်အလယ်လောက်ကနေ အပေါ်ဘက်ကို လှမ်းမြင်ရပုံအနောက်ဘက်က ပန်းခြံ ..

တိဗက်ပြည်နယ် လားစားမြို့ထဲက ပိုတာလာနန်းတော် (Potala Palace) ပုံတွေပါ။ နိပေါလ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတယ့်နေရာဖြစ်ပါတယ်။ အရင်တုန်းကတော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့ ခရီးသွားနဲခဲ့ပေမယ့် အခုတော့ တော်တော်လေး ခရီးသွားတွေစိတ်ဝင်စားတယ့် နေရာတစ်ခုဖြစ်နေပါပြီ။ လွန်ခဲ့တယ့် ၂ နှစ်လောက်က သွားရောက်ခဲ့တုန်းက ဓါတ်ပုံတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ မဟာယာနဗုဒ္ဓဘာသာ အထွန်းကားဆုံးနေရာတစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ သဘာဝရှုခင်းတွေက အတော်လေးထူးခြားမှုရှိပါတယ်။ အဲဒီကိုသွားခဲ့တယ့် ခရီးသွားအတွေ့အကြုံကတော့ အခန်းဆက်ရေးမှ ပြည့်စုံမှာမို့ နောက်မှပဲ ဖော်ပြတော့မယ်။

14 comments

  • kai

    October 21, 2010 at 6:50 pm

    သူတို့ကန်တော့တာက..မှောက်လျှက်ချလိုက်တာလို့သိထားတာ..အခုပုံတွေ့တော့..ပိုလို့တောင်ရှင်းသွားပါတယ်..။အောက်ခံအဝတ်ကလေးတွေက..လူတိုင်းကိုယ်ဖာကိုယ်သယ်လာကြတာလား…?

    အဲဒီကမ္ဘာ့ခေါင်မိုးတိုင်းပြည်(အခုတော့ တိဗက်ပြည်နယ်ပေါ့လေ)ကို အရမ်းစိတ်ဝင်စားပါတယ်…။
    စောင့်ဖတ်နေပါတယ်ခင်ဗျား..။

    • weiwei

      October 21, 2010 at 6:58 pm

      သူတို့က ဘုရားရှိခိုးတယ့်အကြိမ်အရေအတွက်နဲ့ ကုသိုလ်ရတယ်လို့ ယူဆထားကြတယ် … တစ်နေကုန် ရှိခိုး (ဒိုက်ထိုးနေသလိုပဲ) နေကြတယ့်သူတွေရှိတယ်။ သူတု့ိရှိခိုးနည်းက ခြေ .. လက် ..နဖူး ..တံတောင် ..ဒူး .. အားလုံးပါတယ် .. ခြေထောက်ကို ကြိုးနဲ့ချီပြီးထိန်းကြတယ် … တချို့တွေက လက်မှာပါ အဝတ်စည်းထားပြီး လက်မနာအောင် ခုခံတယ်။ ဒါပေမယ့် သူတို့အယူသီးတာတစ်ခုက အဲဒီလိုမရှိခိုးနေရင် အပြစ်ဖြစ်မယ်ဆိုတယ့် ကြောက်တယ့်စိတ်ပဲ …

  • weiwei

    October 21, 2010 at 6:52 pm

    အတွင်းပိုင်းကို ဓါတ်ပုံရိုက်ခွင့် တားမြစ်ထားလို့ အထဲကပုံတွေ မပြနိုင်ဘူးဖြစ်သွားတယ်။ အတွင်းပိုင်းက အပြင်အဆင်က အိန္ဒိယ နိပေါလ်နဲ့ နီးစပ်ပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာနဲ့ လုံးဝကွဲပြားတယ့် ရုပ်ထုတွေ အများကြီးတွေ့ခဲ့ရတယ်။ ဗုဒ္ဓရဲ့အရိပ်အာဝါသအောက်မှာရှိတယ့် ဘုရားကျောင်းကန်တွေကို သွားရတယ့်ခံစားချက်နဲ့ ကွဲပြားတယ်။ ဒါပေမယ့် အံ့ဩစရာကောင်းလောက်တယ့် ဗိသုကာလက်ရာတွေနဲ့ အယူသီးကြတယ့် ဓလေ့စရိုက်တွေကိုတော့ ဗဟုသုတရခဲ့ပါတယ်။

  • bigcat

    October 22, 2010 at 12:10 am

    လုပ်ပါဗျို့။ မဝေဝေရဲ့ တိဘက်သွားတောလား အခန်းဆက်များကို မျှော်နေမယ်ဗျို့။

  • ဆူး

    October 22, 2010 at 3:13 am

    တိဘက် ဘုရား ရှိခိုး.. မတ်တပ်ရပ် လက်အုပ်ချီ ရင်ညွန့်နေရာမှာ ချီ.. လက်ကလေးကို နဖူးရွေ့.. ပြီးရင် လေးဘက်ထောက်.. ဒူးအနေအထား အသေအချာ ကျပြီး ဆိုရင် လက်နှစ်ဘက်ကို စက်ဝိုင်းပုံ ဖြစ်အောင်ကားပြီး ကိုယ်ကို အလိုက်သင့် ဝင်းရားထိုး.. မှောက်ရက်ကျတဲ့ အချိန်မှာ လက်ကလည်း ငယ်ထိပ်အပေါ်မှာ အတန်းလိုက်.. လူအနေအထား အဖြောင့်ပုံဖြစ်သွားမယ်.. ပြီးရင် မှောက်အိပ်လိုက်တဲ့ ပုံစံနဲ့ အတိုင်း ပြန်ထ.. လက်နှစ်ဖက် ဦးခေါင်းအထက်မှာ ဆန့်တန်းလျှက် ရှိနေရာကနေ လက်ကို ရင်ဘက်အောင်မှာ ဒိုက်ထိုးရင် အားယူသလို အနေအထား ကွေးပြီး ထောက်..ထောက်ထားတဲ့ လက်အားစိုက်ထုတ်ပြီး လေးဘက်ကုန်း ပြိးတော့ မတ်တပ် ပြန်ရပ်.. တခါပြန်ပြီး အစက ပြောတဲ့ အတိုင်း ရှိခိုး တနေ့ကို အကြိမ်ရေ မြောက်များစွာ ဘုရားရှေ့က မခွာတမ်း ရှိခိုးတဲ့ လူတွေတွေ့ဘူးတယ်။

  • ဆူး

    October 22, 2010 at 3:15 am

    မဟာယန ဗုဒ္ဓဘာသာဝင်တွေ ရှိခိုးနည်း ဖြစ်ပါသည်။ မဟာယနများသည် နိဗ္ဗာန်ကိုရည်မှန်းချင်းမရှိဘဲ ဘုရားဆုပန်များ ဖြစ်တဲ့ အတွက် ဘုရားလောင်း သုမေဓါ ရသေ့ ဘုရားရှင်အား ကိုယ်ခန္ဓာခင်း၍ လမ်းလှူသည့် အနေအထား အတိုင်း စိတ်ထဲမှာ မှတ်ယူက ရှိခိုးခြင်းဖြစ်ပါသည်။ မဟာယန များသည် သတ်သတ်လွတ်သာ စားသောက်ကြသည်။ ထူးခြားသည်က သူတို့ စားသုံးသေသာသတ်သတ်လွတ်တွင် ကြက်ဥ စားလို့ရသည်ဟု သတ်မှတ်ကြသည်။ ကြက်ဥကို လေဥဟု သတ်မှတ်၍များ လားတော့ မသိပါ။ ကဇွန်းရွက်ကဲ့သို့ အရိုးဖြတ်စညှပ်စ မြေမှာ ချလို့ အပင်ပေါက်ရင် သူတို့အတွက် သတ်သတ်လွတ် စားသုံးရန် မသင့်ဟု တားမြစ်မှုများ ကြားဘူးသည်။ သူတို့ရဲ့ လုံ့လကတော့ တကယ်ကို အံမခန်းပါဘဲ။ တိဘက်ကို သွားတဲ့ရင် အလံလေးတွေ လွင့်နေတာ ဘုရားကျောင်းကန်တွေမှာ မြင်တွေ့ရမှာ.. အဲဒီ အလံတွေမှာ တချို့က ဘုရားစာတွေပါတယ်။ အဲဒီ အလံ လွင့်နေသ၍ ကုသိုလ်ရတယ်လို့ ယူဆပါတယ်။ ကံမကောင်း၍ သော်လည်းကောင်း ကံမြှင့်ချင်၍သော်လည်းကောင်း ကုသိုလ်ရစေရန် ပိဋိကတ် သုံးပုံကို ထမ်းပြီး ကျောင်းဝင်းတပတ်ပတ်ခိုင်းသည့် အယူအဆများလည်း ရှိသည်။ ပုဝါလေးတွေ ချီတဲ့ အလေ့အထ သော့ဂလောက်နဲ့ ဆုတောင်ပြီး သော့ခတ်ခဲ့တာမျိုး.. ကျောက်တုံး ကျောက်ခဲလေးတွေ စုပုံပြီး စိတ်ရဲ့ မျှော်မှန်းချက်ကို ဆုတောင်း တာမျိုး.. မတူညီမှုတွေ အများကြိးတွေ့ရှိရတယ်။

  • ဆူး

    October 22, 2010 at 3:23 am

    တိဘက်ဘုန်းကြီးတွေ ကြေးခွက်ကြီးကို အစိလေးတွေနဲ့ တိုက်ပွတ်နေတာတွေ မြင်ဘူးတယ်။ မေးမြန်းစူးစမ်းကြည့်တော့ အအိပ်ကြီးတဲ့ ကာလနဂါးက ဘုရားတခါပွင့်မှ တခါအိပ်ယာ နိုးတယ်။ သုဇာတာ နို့ဆွမ်းကပ်တဲ့ ရွှေခွက် ဂင်္ဂါမြစ် အထက်ကို ဆန်တက်သွားတယ် ဆိုတာ ကြားဖူးမှာပေါ့။ အဲဒီ ရွှေခွက် မျှောတာ ပွင့်တော် မူပြီးသည့် ဘုရားတိုင်း ထိုကဲ့သို့ မျှောရင် အထက်ကို ဆန်တက်သွားပြိး တနေရာမှာ ရေအောက်ကို မြုပ်သွားပြီး အိပ်နေတဲ့ နဂါးကြီးပေါ်ကိုကျပြီး နဂါးအိပ်ယာ နိုးပြီး ရွှေခွက်ကို ခေါင်းအုံလုပ်ပြီး အိပ်နေတယ်.. ဒီကမာ္ဘမှာ ပွင့်တော်မူပြီးသည့် ဘုရားလေးဆူတို့၏ ရွှေခွက် ၄ခွက်သည် တခွက်ပေါ် တခွက်ဆင့်ပြီး နဂါးကြိး ခေါင်းအုံး အိပ်နေသည်။ ထို့ ရွှေခွက်ကို ရည်မှန်းပြီး အစိလေးတွေနဲ့ ပြောင်လက်အောင် ပွတ်တိုက်ခြင်း ဖြစ်သည်။ ကာလနဂါးသည် ယခုအချိန်တွင် နှစ်ချိုက်စွာ အိပ်မောကျပြီး ဘုရားတဆူ ပွင့်မှ တခါအိပ်ယာနိုးပြီး အော်.. လူပြည်မှာ ဘုရားပွင့်ပြန်ပြီကိုး.. လူပြည်များ ဘုရားတွေ တော်တော် ပွင့်နိုင်တာဘဲ ဆိုပြီး ငြီးတွားပြီး တရေးနိုးသည်မှာ ၄ကြိမ်ရှိပြီဟု မှတ်သားရပါသည်။

    • bigcat

      October 22, 2010 at 3:45 am

      ဆူးပြောတဲ့ ကာလနဂါးအကြောင်း ကြားဖူးပါတယ်။ နဂါးကြီးအိပ်ရေးပျက်လို့ နိုးလာပြီး ဘုရားကို ရန်မူတယ်ထင်တယ်။ နောက်တော့ဘာဖြစ်သွားလည်း။ ပုံမှန်အားဖြင့် ဘုရားနဲ့ပြိုင်တဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေအားလုံး ကျွတ်ကုန်တာများတယ်။ နဂါးကြီးက ပြန်အိပ်သွားလား။ အရင်ဘုရားတွေရဲ့ ရွှေခွက်တွေသူဆီမှာဆိုတာ တိဘက်အယူလား၊ ပိဋ္ဋကတ်ကျမ်းထဲကလား။ ဘာလို့လည်းဆိုတော့ နဂါးကြီးက ရှေ့ကပွင့်တော်မူပြီး ဘုရားသုံးဆူ ဖူးပြီးသားဆိုရင် သူ့အတွက် ကျင့်သားရနေပြီလို့ထင်လို့ ပြီးတော့ တခါအိပ် အဲလောက်ကြာရင် တခါနိုးရင်ကော အဲလောက်မကြာသင့်ဘူးလား။ ကတ်မေးတာမဟုတ်ပါဘူး၊ နဂိုထဲက သိချင်စိတ်အခံရှိလို့မေးတာပါ။ နဂါးဘဝကလာသူများ ရွှီးချင်လည်း ဝင်ရွှီးနို်င်ပါတယ်။ မသိသူနဲ့မတတ်သူချင်းအတူတူ ဘယ်သူမှ လိမ်တယ်လို့ ပြောမှာမဟုတ်ပါဘူး။

  • ဆူး

    October 22, 2010 at 4:05 am

    ဆူး က ဗုဒ္ဓဂါယာ သွားတုန်းက အဲဒီ တိဘက် ဘုန်းကြီးတွေ ထိုင်ပြီး ခွက်ပွတ်နေတာ မြင်လို့ ရှင်းပြတဲ့ ဆရာတော်တွေကို မေးတာပါ။ ကာလနဂါးက ဘုရားနဲ့ ပြိုင်တာ မဟုတ်ဘူး သူကအိပ်နေတာ ခေါင်းပေါ် ခွက်ကျလို့.. မျက်စိဖွင့်ပြီး သူအောက်မှာ ဖိထားတဲ့ ခွက် ၃လုံးနဲ့ ထပ်ပြီး ပြန်အိပ်တာ.. နိုးတဝက် အိပ်တာ.. ဘုရားနဲ့ ပြိုင်တာက အောင်ခြင်း ၈ပါးက နဂါး နာမည်မတူဘူး။ အခု လတ်တလော ရေးနေတုန်း အဲဒီ နဂါးနာမည်ကို မေ့နေတယ် အရှင်မဟာမောက္ကလာန် ကိုယ်တော်မြတ်ကြီးနဲ့ အကြီးအသေး ဖန်ဆင်းပြီး ရေမီး တန်ခိုးပြတာ။ နောက်ပြီး မုစလိန်တာ ရေအိုင်က နဂါးကလည်း နောက်ထပ် နဂါးသတ်သတ်..
    အိပ်နေတာ ရွှေခွက်ကျလို့ နိုးသွားတယ်ဘဲ ပြောတာ ကြားမိပါတယ်။ သူဘယ်တော့ နိုးမလဲ ဆိုတာ မမေးမိဘူး.. ဒီကွန်မန့်ကို ရေးရင်းနဲ့.. အတွေးတခုဝင်မိတာကတော့ နဂါး ဒီလိုသာ ဘုရားတဆူဆူ ပွင့်တိုင်း ခဏလေးဘဲ နိုးပြီး ပြန်အိပ်သွားရင် ကမာ္ဘပျက်တဲ့ အထိများ အိပ်မလားလို့.. ဒီပုံ အတိုင်းသာ အိပ်နေမယ် ဆိုရင် နိုးပြီး တရားဟောရင်တောင် အိပ်ချင်မူးတူးနဲ့.. ရန်တောင် ရှာခံရနိုင်တယ်။ ဒါကတော့ ဆူး အတွေးလေး ရေးတာပါ။
    ဒါနဲ့ နဂါးနဲ့ ပတ်သတ်ပြီး ဘာများ သိချင်တာဘဲ.. ကာလနဂါးက နတ်နဂါး အမျိုးအစား ထင်ပါတယ်။

  • weiwei

    October 22, 2010 at 4:43 am

    ဆူး ရှင်းပြမှ တိဗက်အကြောင်း တော်တော်ရေလည်သွားတော့တယ် … ကျွန်မလဲ ဗုဒ္ဓဂါယာသွားတုန်းက တိဗက်ဘုန်းကြီးနဲ့ တိဗက်ဘုန်းကြီးကျောင်းကိုမြင်ပြီး တိဗက်ကို အရမ်းသွားချင်နေခဲ့တာ … အခွင့်အရေးရတယ့်အချိန်မှာ အခက်အခဲတွေ အများကြီးကြားထဲက ရောက်အောင်သွားခဲ့တာ … ဒါပေမယ့် ကျွန်မတို့ ခရီးသွားဂိုက်က တိဗက်အမျိုးသမီး သူက အင်္ဂလိပ်လိုရှင်းပြတယ် … သူ့အသံက အရမ်းဝဲနေတာနဲ့ ကျွန်မတို့က နားမလည်ဘူး … စိတ်လဲ မဝင်စားပဲနဲ့ မျက်စိအမြင်တွေဆန်းတာကိုပဲ ကျေနပ်ခဲ့တာ … တခြားထူးခြားတယ့်ပုံတွေ ထပ်တင်ပေးပါအုန်းမယ် …

  • ဆူး

    October 22, 2010 at 5:08 am

    အမေးအမြန်းထူလို့ဖြစ်မယ်ထင်တယ်.. တရုတ်ပြည်လည်တုန်းကတော့ တိဘက် ဘုန်းကြီးကျောင်းတွေကို ရောက်ခဲ့ပါတယ်။ သူတို့ အလေ့အထ တွေကို ရှင်းပြတဲ့ ခရီးသွားဂိုက်က တရုတ်လို တဲ မှုတ်တယ် ဘိုလိုလဲ မှုတ်တယ်.. ၁ခု နားမလည်တာ နောက် ၁ခုမှာ နဲနဲ ရေလည်သွားတာမျိုးပေါ့.. မရှင်းတာရှိရင် အနီးအနားက တခုခုကို ကျွမ်းကျင်တတ်မြောက်တဲ့ လူကို အပိုင်ကပ်ပြီး မေးတာဘဲ.. ရှုခင်းဓါတ်ပုံတွေတော့ ပါဘူး.. ကိုယ်ပိုင် အလှဓါတ်ပုံတွေဘဲ အငန်းမရ ရိုက်နေလို့.. ဟီးဟီး.. အလှပုံတွေ ဆိုတော့ မတင်ချင်ဘူး..

  • weiwei

    October 22, 2010 at 5:17 am

    အမေးအမြန်းထူရုံမကပဲ မှတ်မိတာကြောင့်လဲ အခုလောက်သိနေတာပေါ့နော် … ဆူး ကို တကယ်ချီးကျူးပါတယ် … တရုတ်ပြည်မှာခရီးသွားတယ့်အခါ လူတွေသိပ်များလွန်းလို့ ခရီးသွားလမ်းညွှန်က ရှင်းပြနေချိန်မှာ ကျွန်မတို့ကတော့ ဓါတ်ပုံလုရိုက်နေရတာနဲ့တင် ဘာပြောလိုက်မှန်းကိုမသိပါဘူး ..

  • cum min

    June 22, 2012 at 10:33 am

    အေးဗျာ..
    မမ ပုံတွေကြည်ရမှပဲ….
    သွားချင်တယ်…အဲကို…
    နောက်တခါသွားရင်ခေါ်ပါလား….
    သကြီးဆီက လမ်းစရိတ်တောင်းခဲမယ်..
    ဟီး…..ဟီး

  • PaLote Tote

    June 22, 2012 at 10:46 am

    သူတို့လို ဘုရားရှိခိုးရင် ကုသိုလ်လည်း ရမယ် ။ ဗိုက်လည်း ချပ်မယ်ထင်တယ် ( သူကြီးတင်တဲ့ ဗိုက်ချက်နည်းပို့စ် နဲ့တူသလိုပဲနော် ) ။

Leave a Reply