ဘာပြန်ပြောရမလဲ

: မြန်မာနိုင်ငံအလံ
: ဟေ့
မြန်မာနိုင်ငံအလံ
: ကြယ်၁၄ ခုဆိုတာ ပြည်နယ်နဲ့တိုင်း၁၄ ခုကို ရည်ညွှန်းခဲ့ တာ အဲဒီအလံ မှ မြန်မာ နိုင်ငံ ဗိုလ်ချုပ်က လွတ်လပ်ရေး အရယူပေးခဲ့ တဲ့ နိုင်ငံတော် အလံကွ
: ဟား ဟး
နောက်ကျရင် မင်းပြောတဲ့ အလံတွေ ကို မမြင်ရတော့ဘူး
: သမိုင်းဆိုတာ ဖျောက်လို့ မရပါဘူးကွာ
မေ့ပစ်လို့တော့ ဘယ်ရမလဲ
: ဟုတ်တော့ဟုတ်တယ်
ဒါပေမဲ့
မင်းသိပါတယ်
ကြွ
သူတို ့လုပ်ချင်ရင်
ဘယ်ဟာမှမရတာမရှိဘူးလေ
Sent at 11:16 AM on Friday
: ဟေ့
ဒါ ချပ်တင် ထဲက စကားပါ နာမည်တော့ ဖျက်ထားလိုက်တယ်
ကျနော် ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး

7 comments

  • bigcat

    October 22, 2010 at 4:59 am

    လွတ်လပ်ရေးရကာစ အလံကကြယ်ငါးပွင့်ကွ။ အဲဒါကို မဆလ ဗိုလ်ချုပ်နေဝင်းက ၁၉၇၄မှာ အခြေခံဥပဒေ လူထုထောက်ခံပွဲဆိုပြီး ၂၀၀၈တုန်းကလိုလုပ်ပြီး အလံလဲလိုက်တာ။ ကြယ်၁၄ပွင့်အလံမှာပါတဲ့ စက်သွားဘီးနဲ့စပါးနှံ အလုပ်သမားလယ်သမားဆိုတဲ့ ဆိုရှယ်အတွေးအခေါ်ကို ကိုယ်စားပြုတာ။

    • shweminthar

      October 22, 2010 at 5:08 am

      ကျေးဇူးဘဲ ကျနော် အဲဒါသိချင်နေတာ
      ငယ်ငယ်တုန်းကတော့ သင်ဖူးတယ် မေ့နေပြီ
      ကျနော်တော် အလံ အကြောင်းရေးချင်နေတာ ဘယ်မှာ ရှာရမှန်းမသိလို့
      အလံ ရဲ့ အဓိပါယ်လေး တင်ပေးပါလား

  • Maung Dae`

    October 22, 2010 at 5:44 am

    ယခုအလံကို ၂၁ ရက် နေ့လည် ၃ နာရီမှာပြောင်းတယ်ဆိုတော့ ယတြာချေတဲ့သဘောတွေ ပါနေတယ်ဆိုတာထင်ရှားတယ်.. ၂၁ ရက် ၂+၁= ၃ နေ့လည် ၃ နာရီ ကလည်း ၃ ခုနှစ်ဖြစ်တဲ့ ၂၀၁ဝ ကလည်း ၃ ဆိုတော့
    ၃ သုံးလုံးဖြစ်နေတယ်လေ.. ကျွန်တော်ကတော့

    ထီးသုဉ်း နန်းသုဉ်း မြို့သုဉ်း ဆိုတဲ့သဘောများလား လို့ထင်မိပါတယ်…

    • etone

      October 22, 2010 at 6:58 am

      သူတို့ပါ မျိုး သုဉ်းကုန်လည်း အေးတာပဲ ။

  • search123

    October 23, 2010 at 5:50 am

    ဆူးရဲ့ ခေတ်အဆက်ဆက် က အလံများ Post ကို ကြည့်ရင် အလံနဲ့ ပတ်သက်တဲ့ မှားယွင်းတဲ့ အတွေးအခေါ်တွေ ရှင်းသွားမှာပါ။
    (ဥပမာ.ဗိုလ်ချုပ်က လွတ်လပ်ရေး အရယူပေးခဲ့ တဲ့ နိုင်ငံတော် အလံ) ဆိုတာတွေပေါ့။

  • kopauk mandalay

    October 23, 2010 at 12:23 pm

    1974အလံမှာပါတဲ့ ကြယ်ပွင့်အသေးအရေအတွက်က မြန်မာပြည်မှာရှိတဲ့
    တိုင်းနဲ့ပြည်နယ်တွေကို ကို်ယ်စားပြုထားတဲ့အရေအတွက်လို့ ဖတ်ဘူးပါတယ်။

Leave a Reply