အစီအရင်လေးနဲ့ အလံတော်သစ်တင်

etoneOctober 22, 20101min12810

အစိုးရရုံ့းအများစုတွင် မနေ့က နိုင်ငံတော် အလံသစ်ကို ပြောင်းလဲ လွင့်ထူခဲ့ကြောင်းသိရသည် ။အလံတော် အသစ်ကို ပြောင်းလဲရာတွင်လည်း အစီအရင် ယတြာ ကိန်းဂဏန်းများအယူ ဖြင့်ပြုလုပ်ခဲ့ကြောင်းသိရသည် ။ ထိုအစီအရင်မှာ ဗုဒ္ခဟူးသားက အလံတော်ဟောင်းကို အလံတိုင်မှဖြုတ်ချရမည်ဖြစ်ပြီး …အင်္ဂါသားမှအလံတော်သစ်ကို မြင့်တင်လွင့်ထူခဲ့ခြင်းဖြစ်သည် ။ နီးစပ်ရာ ကုန်သွယ်ရေး နှင့်ပတ်သတ်သော အသိုင်းဝိုင်းများမှ သတင်းရရှိသည် ။ ဌာနဆိုင်ရာ အလံတော်သစ်တင်အခမ်းနားများတွင်လည်း ဤသိုဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။

10 comments

  • ဆူး

    October 22, 2010 at 2:18 am

    ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ပေါ်ပေါက်လာသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အလံသစ်အား ၂၁ ရက် အောက်တိုဘာလ ၂၀၁ဝ ခုနှစ် ညနေ ၃ နာရီအချိန်တွင် တနိုင်ငံလုံးလွှင့်တင်ပွဲ ပြုလုပ်ရမည်ဟု
    ဝန် ကြီးဌာနများ၊ အစိုးရရုံးများ၊ ကျောင်းများအားလုံးအား ညွန်ကြားချက်ထုတ်ပြန်ထားလိုက်ကြောင်း သတင်းရရှိသည်။ ဒီကနေ့မှစတင်ကာ နေပြည်တော်ရှိ ဝန်ကြီးဌာနများတွင် အစမ်းတင်လေ့ကျင်ကြရကြောင်း သိရှိရသည်။ မနက်ဖန် စတင်မည့် နိုင်ငံတော်အလံသစ်တင်ပွဲအခမ်းအနားအာ း တနိုင်ငံလုံးအနေဖြင့် ညနေ ၃ နာရီတိတိတွင် စတင်ရမည်ဖြစ်ပြီး၊ အခြားပြည်နယ်နှင့်တိုင်းများတွင် တိုင်းမှူများ၊ ပြည်နယ်မှူများဖြင့်တိုင်ပင်ကာ ဆက်လက်လုပ်ဆောင်ရန် ညွှန်ကြားချက်တွင် ပါရှိသည်။
    အဆိုပါ အလံသစ်ဖွင်ပွဲအား ဗေဒင်ကိန်းဂဏန်း အလိုအရ ၂၁ ရက် ၃ နာရီ ( ၂ + ၁ = ၃ ) တွင် ပြုလုပ်ရန် ညွှန်ကြားချက်ကြောင့်လည်း ဖြစ်ကြောင်း သိရသည်။
    အလံတင်တာကို အင်္ဂါသားနဲ့ ဗုဒ္ဓဟူးသားတွေကပဲ တင်ကြရမှာ ဖြစ်ပြီး အလံသစ်တင်ပြီးတာနဲ့ ချက်ချက်း အလံဟောင်းကို မီးရှို့ဖျက်ဆီးမှာ ဖြစ်ကြောင်းလည်း သိရသည်။
    မ နက်ဖန်တွင် စတင်အသုံးမည့် နိုင်ငံတော်အလံသစ်သည် ၂၀၀၈ ခုနှစ်အခြေခံဥပဒေအရ ကြယ်ဖြူသည် ပြည်ထောင်စုနိုင်ငံတော်ကို ကိုယ်စားပြုပြီး အစိမ်းရောင်က စိုက်ပျိုးရေးကိုအခြေခံသည့် စိမ်းလန်း စိုပြည်သော နိုင်ငံတော်၊ အဝါရောင်က တိုင်းရင်းသား အားလုံး ချစ်ခင်ရင်းနှီး ညီညွတ်စည်းလုံးစွာရှိခြင်းနှင့် အနီရောင်မှာ ရဲရင့်ပြတ်သားခြင်း စသည့် အဓိပ္ပာယ်အသီးသီးဆောင်သည်ဟုဆိုပြီး၊ နိုင်ငံတော်သီချင်းကိုမူ အပြောင်းအလဲမရှိ ဆက်လက်သုံးစွဲမည်ဖြစ်ကြောင်းသတင်းရရှိ သည်။

  • ghost

    October 22, 2010 at 3:27 am

    ဒီအလံ ဟောင်းဆိုတာလဲ သူ့အဖေ မဆလ ဦးနေဝင်း လုပ်ခဲ့တာဘဲ အသစ်တွေအဟောင်းတွေ အရေးမကြီးပါဘူး
    အစိုးရက ပြည်သူတွေအ ပေါ်စေတနာ မှန်ဖို့ဘဲ အဓိကပါ။

  • eros

    October 22, 2010 at 3:48 am

    ဘာပဲပြောပြော ဒီအလံလဲကြိုက်တာပဲ မြန်မာ့လွတ်လပ်ရေးရယူပေးတဲ့ BIA ရဲ့ အလံနဲ့ ဆင်လို့ ပါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 22, 2010 at 5:58 am

    နာနာဘာဝ ကိုထောက်ခံသွားပါတယ်

  • winkyawaung

    October 22, 2010 at 6:37 am

    ဖြစ်မှ ဖြစ်ရပလေဗျာ..။ ရွေးကောက်ပွဲလဲ မလုပ်ရသေးဘူး။ သူတို့လုပ်ချင်ရာ ရှောက်လုပ်နေကြတာပဲ..။ အလံဟောင်းကို မီးရှို့တာတော့ မကောင်းပါဘူး။

  • char too lan

    October 22, 2010 at 6:56 am

    “အလံပြောင်းတော့ အလောင်းပြန်
    တ်ိုင်းပြည်ကြီးက ကပြောင်းကပြန်”
    ဦးနေဝင်းခေတ်က တဘောင်ပါ သတိရပြန် တ လိုက်တာ 😛

  • intro

    October 22, 2010 at 9:08 am

    ကျွန်တော်ကတော့ အရင်ကတည်းက သူတို့တွေအပေါ် အကောင်းမမြင်လေတော့ ဘာပဲ လုပ်လုပ် ကောင်းတယ်မထင်ဘူး၊ ဒီနေရာမှာ ကိုယ် ကြည်ညိုလေးစားရတဲ့သူတွေကသာ အပြောင်းအလဲဖြစ်အောင် လုပ်တယ်ဆိုရင်တော့ အကောင်း မြင်မိမယ် ထင်တာပဲ.. လူကိုခင်မှ တရားမင်တယ် ဆိုတာ ဒါမျိုးလားမသိဘူး၊ သူတို့ဘာလုပ်လုပ် အကောင်းကို မထင်ဘူး ဖြစ်နေတယ်…

  • phantom

    October 22, 2010 at 11:01 am

    အလံတင်တဲ့သတင်းဖတ်လိုက်ရတော့ တစ်ခုတွေးမိတယ် အင်္ဂါသားက အလံတင်တယ် အချိန်ကလဲ ( ၂၁ ရက်နေ့ ၃ နာရီ )ဆိုတော့ ၃ ဂဏန်းခြင်္သေ့တွေ တက်မယ်ဆိုတဲ့ သဘောပေါ့ ကောင်းပါတယ် လုပ်ချင်ရာလုပ်ကြပေါ့ ပြောတော့ စေတနာ နောက်မှ ကြိုတင်ကြံစည်မှုကြီးနဲ့ တိုင်းပြည် ချောက်ထဲ ရောက်မသွားဖို့မျှော်လင့်ပါတယ်။ ဒီလိုမျိုး ကြီးမားတဲ့ အကြံကြီးတွေနဲ့ စေတနာထားသလိုပြောပြီး တိုင်းပြည်ကို ရောင်းစားတော့မှာလား။ ၁၅ နှစ်လောက် ကတည်းက ကြိုတင်ကြံစဉ်ထားတဲ့အတိုင်း အခုတော့ လုပ်တော့မယ်ပေါ့။ ကြံ့ခိုင်ရေးကို စဖွဲ့တုန်းက နိုင်ငံရေးနှင့်မသက်ဆိုင်တဲ့ အဖွဲ့ဆိုပြီး စဖွဲ့တယ် ပြီးတော့ နားမလည်သေးတဲ့ ကျောင်းသားတွေကို အတင်း အသင်းထဲဝင်ခိုင်းတယ်။ ဒါကို ကြုံဖူးသူတွေ မှတ်မိမှာပါ ကြံ့ခိုင်ရေးအသင်းဝင်ရင် ဘယ်လို မျိုး သင်တန်းတွေတက်ရမယ် ဘာတွေရမယ်ဆိုပြီး မြူဆွယ်တယ်လေ။ အခုလို အသင်းက အင်အားအရမ်းကြီးလာတဲ့အခါ နိုင်ငံရေးပါတီဖြစ်လာတယ် အံ့ဩကုန်နိုင်ဖွယ်ပဲ။ နိုင်မှာပါ ဒါပေမယ့် ကိုယ့်လိပ်ပြာကိုယ်လုံဖို့လိုတယ် အခုကျွန်တော်တို့မြို့က ရွေးကောက်ပွဲဝင်ပြိုင်မယ့် အမတ်လောင်း တစ်ယောက်အကြောင်း ပြောရရင်တော့ သူရဲ့ လက်ကမ်းစာထဲမှာပါတာက အလုပ်သမားအခွင့်အရေး ကာကွယ်ပေးမယ်တဲ့ ရယ်စရာ ကောင်းလိုက်ပုံများ သူ့ရဲ့ကိုယ်ပိုင်အလုပ်မှာ လုပ်နေတဲ့တစ်ယောက်ကို စဝင်ဝင်ခြင်းမှာ အလုပ်သင်ဆိုပြီး မုန့်ဖိုး ထောင်ဂဏန်းပေးတယ် ပြီးတော့ အလုပ်ဝင်တာ ၆ နှစ်လောက် ရှိလာတဲ့အထိ ပေးတဲ့လခက ရ သောင်းမပြည့်ဘူး ဒါကိုများအလုပ်သမားအခွင့်အရေး ကာကွယ်ပေးမယ်တဲ့ ဖြစ်နိုင်လောက်ပါတယ် အလုပ်သမားအခွင့်အရေးကို သူ့အတွက် ကာကွယ်ပေးမလို့နေမှာပါ။ ပေးတဲ့ကတိတိုင်းကို မယုံရဲတော့ဘူး လူတိုင်းအညာမမိစေချင်ပါဘူး ဒီလိုလူမျိုးတွေ ဘယ်လောက်များ ရှိနေသလဲ ဆိုတာ ဆန်းစစ်ပြီးမှပဲ လက်ခံရတော့မယ် တတ်နိုင်ဘူးလေ ရှင်တို့ကရဲပဲ ဆိုတဲ့စကားကို အမှတ်ရမိပါတယ်။

  • intro

    October 22, 2010 at 12:56 pm

    အရင်ကတည်းကလဲ အယုံအကြည်မရှိခဲ့ဘူး၊ အခုလက်ရှိလဲ မယုံကြည်ဘူး၊ နောင်လဲ ယုံကြည်လာမှာ မဟုတ်ဘူး၊
    ထောက်ခံဖို့ ဆိုတာတော့ ဝေလာဝေးပဲ…
    ခက်တာက သူတို့ ဘာလုပ်လုပ် ကောင်းတယ်လို့ မထင်တာ ကျွန်တော့်ရဲ့ psycho လိုဖြစ်နေပြီဗျ… ဒီအစွဲကတော့ သေမှ ဖျောက်လို့ရတော့မယ်နဲ့တူတယ်ဗျာ…

  • ဆူး

    October 22, 2010 at 1:19 pm

    လူငယ်တွေက ပြောကြတယ်.. အလံပြောင်း.. အလောင်းပြန် အဲလို မဖြစ်ပါစေနဲ့ မုန်တိုင်းကလည်း ဝင်နေပြိ

Leave a Reply