စင်္ကာပူရှိ မြန်မာသံရုံး အလံမပြောင်းသေး။

MandalayTharOctober 22, 20101min1596
flag no Change

ဒီနေ့ မနက် ၉နာရီ (၂၂ အောက်တိုဘာ ၂၀၁၀) စင်္ကာပူရှိ မြန်မာသံရုံးကို ဆက်ကြေးသွားပေးတာ (အဲယောင်လို့ အခွန်သွားဆောင်တာ)။ သံရုံးမရောက်ခင် အရင်ဆုံးသတိထား ကြည့်မိတာ အလံဘဲ။ မြန်မာသံရုံး အလံက လွင့်ထားတာ အလံအဟောင်းဘဲဗျ ဘာ အလံသစ်ကိုမှ မပြောင်းသေးဘူးဗျာ။

အလံသစ်ဘဲ မရှိလို့လား၊ ပိုက်ဆံယူဖို့ဘဲ လုံးပမ်းနေလို့လား၊ ဘာညွှန်ကြားချက်မှ မရလို့လား။ အလံသစ်ကို သူတို့လည်း စိတ်မဝင်စားလို့လား။ သံရုံးမှာ ဗုဒ္ခဟူးသားနဲ့ အင်္ဂါသားဘဲ မရှိလို့လား။ သံအမတ်ကြီးက တပ်ချုပ်ကြီးရဲ့ အမိန့်ကို အာခံတာလား။ ဘာပြောပြော သူတို့လဲ အလံဟောင်းဘဲ တင်မယ်ကွာ ဆိုပြီးတင်တာလား။ မြန်မာသံရုံးက ဒီကောင်တွေ ပြည်တွင်းမှာ လုပ်ချင်တာ ငါတို့ ပြည်ပမှာ လုပ်ချင်တာလုပ်မယ် ကွာဆိုပြီးလား မသိပါဘူး။ အလံသစ်ကို မပြောင်းဘူးဗျာ။ ဝမ်းသာတယ်ဗျာ။ ဒီလို မြန်မာသံရုံးက ဒီကောင်တွေကို အာခံပြတဲ့ အတွက် ကြိုဆိုတယ်ဗျာ။

ဒါနဲ့ သက်သေပြရအောင် ဆိုပြီး ဖုန်းနဲ့ အမြန်ဆုံး ဓါတ်ပုံရိုက်ယူလိုက်တာ။ ပုံက နည်းနည်း အဝေးကနေ ရိုက်လိုက်တာ။ သိတော့ သိသာပါတယ် အလံဟောင်းနဲ့ အလံသစ်က။

6 comments

  • ဆူး

    October 22, 2010 at 4:29 am

    သတိပေးလိုက်လို့ သတိရသွားပြီ… နောက်နေ့ လဲလိုက်မယ်နော်

  • white

    October 22, 2010 at 4:52 am

    အမှန်တော့ သံရုံးမှာ ဗုဒ္ခဟူးသားနဲ့ အင်္ဂါသားတွေထက် လောဘသားတွေပဲ ရှိတာကြောင့် အလံတင်ဖို့ အခက်တွေ့နေတာ ဖြစ်မှာပါ။

  • MandalayThar

    October 22, 2010 at 6:51 am

    နေ့လည်ကျတော့ အလံသစ် ကို ပြောင်းတင်လိုက်ပါပြီ ဗျာ။

  • moethidasoe

    October 22, 2010 at 7:20 am

    နောက်ကျတဲ့အတွက် ထုချေလွှာ တင်ခိုင်းရင် ကောင်းမယ်ထင်တယ် .. အမိန့်ဖီဆန်မှုအရ အပြစ် ပေး မပေး လောင်းကြေး ထပ်ကြမလား ..

  • eros

    October 22, 2010 at 7:45 am

    အဘကိုပြောလိုက်ပြီ။ ဒီကောင်တွေ ကွိုင်တက်တော့မယ်။

  • khinmintatthu

    October 22, 2010 at 8:59 am

    ပြောင်းဖို့ မေ့နေလို့နေမှာ…. မပြောင်းချင်လို့တော့ ဟုတ်မယ်မထင်ပါဘူး….

Leave a Reply