မှတ်မှတ်ရရ ဟာသလေးများ

whiteOctober 22, 20101min580

ဆိုင်ခွဲ

သူတောင်းစားတစ်ယောက်က ဦးထုပ်ကို ရှေ့ချပြီး လမ်းဘေးတွင်ပိုက်ဆံတောင်းနေသည်။

လူတစ်ယောက်က ထိုဦးထုပ်ထဲကို
ပိုက်ဆံပစ်ထည့်ပေးရင်း မေးခွန်းတစ်ခုကို မေး၏။
“ခင်ဗျားက ဦးထုပ် နှစ်လုံးတောင် ချထားတာကိုး၊ ဒီဦးထုပ်က ပိုက်ဆံတောင်းတဲ့
ဦးထုပ်ဆိုရင် ဟိုဘက် ဦးထုပ်က ဘာတုန်း”
“ဟိုဘက်က ဦးထုပ်ကလည်း ပိုက်ဆံတောင်းတာပါပဲ၊ ခုတလော အလုပ်အကိုင်ကောင်းလို့
ဆိုင်ခွဲဖွင့်ထားတဲ့သဘောပါ။

ရိုးရိုးလေးတွေးကြပါဗျာ

တစ်ခါတုန်းက အမျိုးသမီးနှစ်ယောက်
ဟာနိုက်ကလပ်တစ်ခုကို သွားကြသတဲ့

ဖြစ်ချင်တော့ အဲဒီနေ့မှာပဲ ဘီယာတွေ ပရိုမိုးရှင်းလုပ်တဲ့အနေနဲ့ အခမဲ့သောက်သုံးခွင့်ပေးတာနှင့်

ကြုံနေပါရော…။ဒါနဲ့ အမုန်းကဲပြီး အပီသောက်လိုက်
ကြပါသတဲ့ မူးမူးနဲ့လမ်းလျှောက်အပြန်လမ်းမှာ

ရှုးရှုးပေါက်ချင်စိတ်က တားမရဆီးမရဖြစ်ပါလေရော..။ ဒါနဲ့ ဘေးဘီကိုကြည့်လိုက်တော့

သချိုင်းတစ်ခုတွေ့ပါသတဲ့။

ပထမအမျိုးသမီး။      ။ဒီထဲမှာလူရှင်းတယ် ဝင်ပေါက်လိုက်ကြရအောင်…။

ဒုတိယအမျိုးသမီး။    ။ကြာသလားလို့လုပ်လိုက်လေ…။

အဲဒီလိုန့ ဲ မူးမူးနဲ့ရှုးရှုးပေါက်လိုက်ကြတာ ခြေထောက်တွေ စိုစိုရွှဲကုန်ပါလေရော။

ပထမအမျိုးသမီးကတော့ သူ့မှာဝတ်လာတဲ့ အတွင်းခံဘောင်းဘီကိုချွတ်ပြီး သန့်ရှင်းရေးလုပ်ကာ

ဘောင်းဘီကို လွှတ်ပစ်ခဲ့ပါတယ်။

ဒုတိယအမျိုးသမီးမှာတော့ သူယောကျင်္ားဝယ်ပေးလိုက်တဲ့ အသစ်ကျပ်ချွတ်လေးဆိုတော့

မလုပ်ရက်ဖူးဖြစ်နေတယ်..ဒါနဲ့အုတ်ဂူပေါ်မှာတွေ့တဲ့ အနီရောင်ဖဲကြိုးပြားတစ်ခုကိုယူပြီး သန့်ရှင်းရေး

လုပ်ခဲ့ပါတယ်..။ဖြစ်ချင်တော့ ကိစ္စတွေပြီးလို့ ဘောင်းဘီပြန်ဝတ်တဲ့အချိန်မှာ ဖဲကြိုးအနီလေးဟာ

ခါးပတ်နှင့်ချိတ်မိပြီး ပါသွားပါလေရော…။

ထိုအမျိုးသမီးနှစ်ယောက် အိမ်ပြန်ရောက်ပြီးချိန်မှာပဲ သူတို့ရဲ့ ခင်ပွန်းဖြစ်သူနှစ်ယောက်ဟာ

ဖုန်းဆက်ပြီး အောက်ပါအတိုင်း ပြောကြပါသတဲ့ ။

ပထမခင်ပွန်း။
။ဒို့အိမ်ကဟာနှစ်ယောက်ကိုတော ့ဒီအတိုင်းလွှတ်ထားလို့ မဖြစ်တော့ဘူးဟေ..။

ဒီနေ့ ငါ့မိန်းမပြန်လာတော့ အတွင်းခံဘောင်းဘီပါမလာဘူးကွာ…တစ်ခုခုတော ့တစ်ခုခုပဲ။

ဒုတိယခင်ပွန်း။   ။အေး..မင်းကဘာဟုတ်သေးလဲကွာ..ငါ့မှာရူးတောင် ရူးချင်နေပြီ ။

ငါ့မိန်းမပြန်လာတော့ ဂုဏ်ပြုစာတန်းတောင် ပါလာသေးတယ်။

ဘာတဲ့ ……. “ခင်ဗျားကို ကျုပ်တို့တပ်စုတစ်ခုလုံးက မှတ်မှတ်ရရရှိနေမှာပါ“   တဲ့ကွာ ……..။