ခမောက်အားမာန်

BayoteOctober 22, 20101min1330

၂ဝနှစ်ပေါင်း
ကြာရှည်ညောင်းပြီး၊ ခရီးမတွင်
ထင်တိုင်းမရောက်၊ ရွေးကောက်ကိုးဆယ်
ရင်ဝယ်ခါးသီး၊ ခရီးတွေ့ကြုံ
အလုံးစုံကို
မဖြုံအံခဲ၊ ရှေ့ဆက်နွှဲမယ်
ကိုးဆယ်မျိုးဆက် NDF ဖြင့်
ဆက်မည့်ခရီး
မညည်းမကြောက်၊ လက်မမြှောက်ဘဲ
ခမောက်ကိုဆောင်း
စနစ်ပြောင်းအောင်
ကြံဆောင်စိတ်သစ်
အတွေးသစ်ခြင့်
ထွန်းသစ်ရမည် မြန်မာပြည်။