အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်းပြောနေစဉ် ကိုယ်တုံးလုံး ချွတ်ပြသူ

smytu1996October 22, 20101min1507
alt
အမေရိကန်သမ္မတ အိုဘားမားမိန့်ခွန်းပြောနေစဉ် ကိုယ်တုံးလုံးချွတ်ပြသူအား​​ ​ဖမ်း​ဆီး​လာ​စဉ် © dailychilli

အ​သက်​ ​၂၄​​ နှစ်​ရှိ​ ​လူ​တစ်ဦး​သည်​​ အ​လောင်း​အ​စား​ ​တစ်​ခု​ပြု​လုပ်​ပြီး​နောက်​​ အ​မေ​ရိ​ကန်​သ​မ္မ​တ​​ ဘာ​ရတ်​အို​ဘား​မား​ ​မိန့်​ခွန်း​ပြော​မည့်​​ အ​ခမ်း​အ​နား​တစ်​ခု​အ​တွင်း​​ လူ​အ​များ​ ​စု​ရုံး​နေ​စဉ်​ ​ကိုယ်​တုံး​လုံး​ ​ချွတ်​ပြ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။

ဘီ​လျံ​နာ​ ​သူ​ဌေး​တစ်ဦး​နှင့်​ ​ဒေါ်​လာ​တစ်​သန်း​ကြေး​ ​အ​လောင်း​အ​စား​ ​ပြု​လုပ်​ရန်​ ​သ​ဘော​တူ​ညီ​မှု​ ​ရ​ရှိ​ပြီး​နောက်​ ​ဂျူ​အန်​ရို​ဒ​ရီ​ဂွတ်​သည်​ ​ဖီ​ လာ​ဒဲ​ဖီး​ယား​ရှိ​ ​သ​မ္မ​တ​အား​ ​ကြို​ဆို​နှုတ်​ဆက်​နေ​သူ​များ​ကြား​ ​ယ​ခု​လို​ ​အ​တတ်​ဆန်း​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​မိ​မွေး​တိုင်း​၊​ ​ဖ​မွေး​တိုင်း​ဖြင့်​ ​အ​ခမ်း​အ​နား​သို့​ ​တက်​ရောက်​လာ​သော​ ​ဂျူ​အန်​ကို​ ​ရဲ​များ​က​ ​ ဖမ်း​ဆီး​ခဲ့​သည်​။​ ​ဗြိ​တိ​သျှ​ ​ဘီ​လျံ​နာ​ ​သူ​ဌေး​ကြီး​ ​အ​ကီ​ဒေး​ဗစ်​က​ ​အို​ဘား​မား​ရှေ့​သို့​ ​ကိုယ်​တုံး​လုံး​ဖြင့်​ ​သွား​ပြ​သူ​ကို​ ​ဒေါ်​လာတစ်​သန်း​ ​ဆု​ချီး​မြှင့်​မည်​ဟု​ ၎င်း​၏​ ​ဝက်​ဆိုင်​ဖြစ်​သည့်​ battlecam.com​တွင်​ ​ရေး​သား​ခဲ့​ပြီး​နောက်​ ​ဂျူ​အန်​က​ ​ယ​ခု​လို​ ​ပြု​မူ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ဒေး​ဗစ်​က​ ​ဂျူ​အန်​၏​ ​လုပ်​ရပ်​မှာ​ ​ပ​ထ​မ​ဆုံး​ဖြစ်​နိုင်​ကြောင်း​၊​ ​အို​ဘား​မား​ရှေ့​ထိ​ ၎င်း​ရောက်​သွား​ခြင်း​ ​ရှိ​မ​ရှိ​ ​မ​သေ​ချာ​ကြောင်း​၊​ ​သို့​ သော်​လည်း​ ​ထို​အ​တိုင်း​ ​အ​မှန်​ဖြစ်​လျင်​ ​ပိုက်​ဆံ​ကို​ ​ထုတ်​ပေး​ရန်​ ​ဝ​န်​လေး​နေ​မည်​ ​မ​ဟုတ်​ကြောင်း​ ​ပြော​ဆို​ခဲ့​သည်​။

အ​လောင်း​အ​စား​ ​စည်း​မျဉ်း​အ​ရ​ ​အ​မျိုး​သား​ဖြစ်​စေ​၊​ ​အ​မျိုး​သ​မီး​ဖြစ်​စေ​ ​ကိုယ်​ တုံး​လုံး​ကျွတ်​ဖြင့်​ ​အို​ဘား​မား​ရှေ့​ ​ရောက်​ချိန်​တွင်​ battlecam.com​ဟု​ ​၆​ ​ကြိမ်​တိ​တိ​ ​အော်​ရ​မည်​ဖြစ်​ပြီး​ ​ရင်​ဘတ်​တွင်​လည်း​ ​ထို​ဝက်​ဆိုက်​အ​မည်​ကို​ ​စာ​တန်း​ရေး​ထိုး​ထား​ရ​မည်​ဖြစ်​သည်​။​ ​ဒေး​ဗစ်​က​ ၎င်း​သည်​ ​အို​ဘား​မား​အား​ ​နှစ်​သက်​သ​ဘော​ကျ​သူ​ ​တစ်ဦး​ဖြစ်​ကြောင်း​၊​ ​ယ​ခု​အ​လောင်း​အ​စား​သည်​ ​သ​မ္မ​တ​အား​ ​ကျီစယ်​မှု​ ​တစ်​ခု​သာ​ဖြစ်​ကြောင်း​ ​ရှင်း​လင်း​ပြော​ကြား​ခဲ့​သည်​။​ ​ရဲ​များ​သည်​ ​ဂျူ​ အန်​အား​ ​ခေ​တ္တ​ထိန်း​သိမ်း​ပြီး​ ​နောက်​ပိုင်း​တွင်​ ​ပြန်​လွှတ်​ပေး​လိုက်​ကြောင်း​ ​သ​တင်း​ရ​ရှိ​သည်

7 comments

  • etone

    October 22, 2010 at 8:27 am

    ဒေါ်လာတစ်သန်းကြေးတဲ့လား .. မြန်မာပြည်က ဟိုမော်ဒယ်လေးတွေကိုပြောလိုက်ကြပါဦး ။ ဒီမှာထွက်တဲ့ခိုးရိုက်ခံရတဲ့အခွေထက်ဈေးပိုရတယ်လို့။

  • intro

    October 22, 2010 at 8:55 am

    သိတ်ကောင်းတဲ့ promotion ပဲဗျာ… အကုန်အကျလဲ အတော်ခံခဲ့ရတာပဲ

  • khinmintatthu

    October 22, 2010 at 8:56 am

    အော်… တယ်လည်း ခက်ပါလား လောင်းကစားမှုရယ်… တော်သေးတာပေါ့ ဒုက္ခမရောက်လို့ပေ့ါ

  • winkyawaung

    October 22, 2010 at 11:59 am

    စောစောက ပြောရင် သိရင် မြန်မာပြည်က မော်ဒယ်တွေ တန်းစီနေလောက်ပါတယ်ကွယ်..။

  • ဆူး

    October 22, 2010 at 12:10 pm

    ဒါနဲ့ ပုံထဲက လူမဲ အန်တီကြီးက ဘာလို့ လက်နှစ်ဘက်နဲ့ကာထားတာလဲ.. တဖက်ကာ တာတောင် မဟုတ်ဘဲ.. နှစ်ဘက်ကို လက်ကြီး လိမ်ပြီး ကာထားတယ်နော်.. ဓါတ်ပုံ ရိုက်နေတာမို့ ဖောဖော လုပ်နေတာလား..

  • naywoonni

    October 22, 2010 at 4:21 pm

    အရူးထမှုသက်သက်ပါ
    ဘာ…အဓိပ္ပာယ်မှရှာမရပါဘူး
    အဲဒိလောက်လောင်းကစားဝါသနာပါနေလည်း
    မြန်မာပြည်လာပြီးဘောလုံးပွဲဒိုင်ဖြစ်ဖြစ်
    နှစ်လုံးဒိုင်ဖြစ်ဖြစ်လာလုပ်ပါ့လား

Leave a Reply