နိုင်ငံတော်အလံသစ်တင်ပြီး အလံဟောင်းကို မီးရှို့ဖျက်ဆီးမည်

cobraOctober 22, 20101min881

လက်ရှိ အသုံးပြုနေသော နိုင်ငံတော်အလံကို ယနေ့ မီးရှို့ဖျက်ဆီးမည် ဖြစ်ပြီး ၂၀၀၈
ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါရှိသော နိုင်ငံတော် အလံသစ်ဖြင့် ယတြာ
သဘောအရ စတင် အစားထိုးပြောင်းလဲ အသုံးပြုမည်ဖြစ်ကြောင်း နေပြည်တော် စစ်အရာရှိ
အသိုင်းအဝန်းက ဆိုသည်။အလံဟောင်းများကို တပြိုင်နက်တည်း မီးရှို့ဖျက်ဆီးကာ မြေမြှုပ်မည် ဖြစ်သည်
အဆိုပါ နိုင်ငံတော်အလံသစ်တွင် အဝါရောင်၊ အစိမ်းရင့်ရောင်၊ အနီရောင်ခြယ်ထားပြီး
အလယ်တွင် အဖြူရောင် ကြယ်ကြီး တလုံးပါရှိသည်။

ယနေ့ မွန်းလွဲပိုင်း ၃ နာရီတွင် နေပြည်တော်ရှိ အစိုးရ ဝန်ကြီးဌာနများ အပါအဝင်
နိုင်ငံတဝန်းလုံး၌ သုံးရောင်ခြယ် အလံသစ် လွှင့်ထူသည့် အခမ်းအနားများကို
တပြိုင်နက်တည်း ကျင်းပမည်ဖြစ်ပြီး နေပြည်တော် မြို့တော်ခန်းမတွင် အလံသစ်
လွှင့်တင်ပွဲကို ခမ်းနားစွာ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အလံတင်အခမ်းအနား များပြုလုပ်ရာတွင် အလံဟောင်းကို အင်္ဂါသားသမီး ဝန်ထမ်းများက
ဖြုတ်ချရမည်ဖြစ်ပြီး ဗုဒ္ဓဟူးနေ့တွင် မွေးဖွားသည့် ဝန်ထမ်းများက အလံသစ်ကို
လွှင့်တင်ကြရမည်ဖြစ်ကြောင်း၊ အဆိုပါအလံသစ် ပြောင်းလဲ လွှင့်ထူခြင်းကို ဗေဒင် ယတြာ
သဘောဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း နေပြည်တော်ရှိ ဌာနဆိုင်ရာ အရာရှိကြီးတဦးက
ပြောသည်။

“ဌာနတွေမှာ အလံသစ်တင်ရင်လည်း အင်္ဂါသားသမီး ဝန်ထမ်းတွေက အလံဟောင်းကို
ဖြုတ်ချရမယ်။ ဗုဒ္ဓဟူး သားသမီး တွေက အလံသစ်တင်ရမယ်။ ဒါက မဖြစ်မနေလုပ်ဆောင်ရမယ့်
ညွှန်ကြားချက်ပါ” ဟု ၎င်းက ဆိုသည်။

အလံဟောင်းများ အားလုံးကိုလည်း မီးရှို့ဖျက်ဆီးကာ မြေမြှုပ်ခြင်း အခမ်းအနားကို
ယနေ့ ညနေ ၃ နာရီတွင်ပင် တပြိုင်နက်တည်း ပြုလုပ်ရမည်ဟု သိရသည်။အလံသစ်နှင့် နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်သစ်
“အင်္ဂါသမီးကို နာမ်နှိမ်တဲ့အနေနဲ့ အင်္ဂါသားတွေကို အလံဟောင်း
ဖြုတ်ချခိုင်းတာဖြစ်မယ်။ သဘောကတော့ အင်္ဂါသမီးကြောင့် သူတို့
အာဏာပြုတ်မကျနိုင်အောင် ယတြာချေလိုက်တာမျိုးဖြစ်နိုင်

တယ်” ဟု ၎င်းက ဆိုသည်။

အလံတင်အခမ်းအနား ပြုလုပ်သည့် အောက်တိုဘာ ၂၁ ရက်နေ့သည် မြန်မာသက္ကရာဇ် ၁၃၇၂
ခုနှစ် သီတင်းကျွတ်လဆန်း ၁၃ ရက်နေ့ကျရောက်ပြီး ဗေဒင်သဘောတရားအရ ရက်ရာဇာနေ့
ဖြစ်သည်။ မွန်းလွဲ ၃ နာရီတွင် အလံသစ် တင်မည် ဖြစ်သောကြောင့် ၃ ဂဏန်းသည်လည်း
အင်္ဂါနာမ်ဖြစ်သည်ဟု သိရသည်။

ရှမ်းပြည်နယ်မှ အစိုးရ သစ်တောအရာရှိတဦးကိုလည်း အလံသစ်တင် အခမ်းအနားအတွက်
ဖိတ်ကြားထားသည်ဟု ပြောဆိုသည်။

“မွန်းလွဲ ၃ နာရီ အလံသစ်တင်အခမ်းအနားကို ရှမ်းပြည်နယ်တိုင်းမှူးနဲ့ ဌာနဆိုင်ရာ
အကြီးအကဲတွေ အကုန်လုံး တက်ရမယ်” ဟု ရှမ်းပြည်နယ် တောင်ကြီးမြို့မှ
သစ်တောဝန်ကြီးဌာန အကြီးအကဲက ပြောသည်။

၂၀၀၉ ခုနှစ်အတွင်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်က
သမိုင်းဝင် ရှေးဟောင်း ဓနုတ်စေတီတော် ကြီးကို ထီးတော်တင်လှူပြီးနောက်
ရက်ပိုင်းအတွင်း ထူးခြားသော နိမိတ်လက္ခဏာများ ပြသက ပြိုကျသွားခဲ့သည်။ ထိုဖြစ်ရပ်
နောက်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီး မိသားစုသည် ဗေဒင်ယတြာများကို ယခင်ထက်
ပိုမိုယုံကြည် ပြုလုပ်လာကြောင်း နေပြည်တော် စစ်ဘက်အသိုင်းအဝန်း ဆိုသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့်
ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် အစည်းအဝေး စတင်ကျင်းပသည့် နေ့မှစ၍
အာဏာတည်မည်ဖြစ်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အလံသစ်ကိုလည်း ယင်းနေ့တွင်မှ
စတင်ပြောင်းလဲ အသုံးပြုရမည်ဖြစ်ကြောင်း နိုင်ငံရေးသမားတဦးက ရှင်းပြသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်မှ အလံပြောင်းလို့ရမှာ။ အခု
ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်ခင် ဗေဒင်သဘောနဲ့ အလံပြောင်းတာက
သူတို့ပြဋ္ဌာန်းတဲ့ ဥပဒေသူတို့ ချိုးဖောက်တာပါပဲ။ အလံတခု ပြောင်းလို့လည်း
ကိုယ်ပြုထားတဲ့ မကောင်းမှု အကုသိုလ်တွေ ကွယ်ပျောက် မသွားပါဘူး” ဟု ၎င်းက ဆိုသည်။

[image: new-flag-01]

ယနေ့ ညနေ ၃ နာရီတွင် လွှင့်တင်မည့် အလံသစ်
အသစ်ပြောင်းလဲလိုက်သည့် အလံသစ်များကို တနိုင်ငံလုံးအသုံးပြုနိုင်ရန် အခုရေ ၁
သန်းခန့် စတင်ချုပ်လုပ်နေပြီဖြစ်ကြောင်း၊ အလံ ၁ သိန်း ခွဲကို အမှတ် ၁
စက်မှုဝန်ကြီးဌာနက ချုပ်လုပ်မည်ဖြစ်ပြီး ကျန်သည့် အရေအတွက်ကို တင်ဒါစနစ်နှင့်
ခေါ်ယူပြီး ပုဂ္ဂလိကအထည်ချုပ်စက်ရုံများအား အပ်နှံမည်ဖြစ်ကြောင်း
စုံစမ်းသိရှိရသည်။

နယ်ခြားစောင့်တပ်များ၏ စစ်ဝတ်စုံ လက်မောင်းတံဆိပ်များကိုလည်း
နိုင်ငံတော်အလံသစ်၏ ပုံစံအတိုင်း အဖြူရောင် ကြယ်ပွင့်ပါ သုံးရောင်ခြယ်
အလံတံဆိပ်ပုံစံအဖြစ် အသုံးပြုထားခဲ့ပြီး ဖြစ်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို နာဂစ်ဆိုင်ကလုန်းမုန်တိုင်း
အတိုက်ခံခဲ့ရသော မေလ အတွင်းတွင် ဆန္ဒခံယူပွဲများ ကျင်းပ အတည်ပြုခဲ့ရာ ပြည်သူ ၉၂.
၄၈ ရာခိုင်နှုန်းက ထောက်ခံခဲ့ကြောင်း စစ်အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။

One comment

  • mG

    October 22, 2010 at 12:57 pm

    ခွေမသားတွေ လူလိုမသိဘူး။ထမင်းကောင်းကောင်းစားလို့ရအောင် မင်းအဖေ သခင်အောင်ဆန်းက အသတ်ပေးထားတာ။ခွိးထဲမှပဲ။

Leave a Reply