​ဇင်​ဘာ​ဘွေ​တွင်​ ​အ​မျိုး​သား​များ​အား​ ​အ​မျိုး​သ​မီး​များ​က​ ​အုပ်​စု​ဖွဲ့​ ​မု​ဒိမ်း​ကျင့်​မှု​​ဖြစ်​ပွား

smytu1996October 22, 20101min25819
alt
ရဲ​အ​ရာ​ရှိ​ ​မ​စ္စ​ Augustine Chihuri က​ ​ဇင်​ဘာ​ဘွေ​၏​ ဥ​ပ​ဒေ​ တ​ချို့​အား​ရှင်း​​ပြ​စဉ်​
ဇင်​ဘာ​ဘွေ​နိုင်ငံ​တွင်​ ​အ​မျိုး​သ​မီး​များ​က​ ​အ​မျိုး​သား​များ​ကို​ အုပ်​စု​ဖွဲ့​ ​မု​ဒိမ်း​ကျင့်​သည့်​ ​ကိ​စ္စ​များ​ကြောင့်​ ​ရဲ​တပ်​ဖွဲ့​မှာ​ ​ခေါင်း​ခြောက်​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​လွန်​ခဲ့​သော​ ​၁၁​ ​လ​အ​တွင်း​ ​အ​မျိုး​သား​ ​၆​ ဦး​မှာ​ ​အ​မျိုး​သ​မီး​များ​က​ ​အုပ်​စု​လိုက်​ ​မု​ဒိမ်း​ကျင့်​မှု​ ​ခံ​ခဲ့​ရ​သည်​။

ရဲ​ဌာ​န​က​ ​ထို​ကိ​စ္စ​အ​တွက်​ ​ရှက်​ပြီး​ ​ရဲ​မ​တိုင်​သော​ ​အ​မျိုး​သား​များ​လည်း​ ​ရှိ​နိုင်​ကြောင်း​ ​သုံး​သပ်​ပြော​ကြား​ခဲ့​သည်​။​ ​အ​သက်​ ​၂၆​ ​နှစ်​ရှိ​ ​ရဲ​သား​တစ်ဦး​သည်​ ​ဘူ​လာ​ဝါ​ယို​တွင်​ ​တာ​ဝန်​ထမ်း​ဆောင်​နေ​စဉ်​ ​အ​သေး​စား​ ​မီ​နီ​ဘတ်စ်​တစ်​စင်း​က​ ​အ​ကူ​အ​ညီ​တောင်း​သ​ဖြင့်​ ​သွား​ရောက်​ခဲ့​ရာ​ ​ကား​ထဲ​ရှိ​ ​အ​မျိုး​သ​မီး​ ​၃​ ဦး​က​ ၎င်း​အား​ ​ဝိုင်း​ချုပ်​ခဲ့​ကြ​သည်​။​ ​ယင်း​သည်​ ​ရုန်း​ကန်​ရန်​ ​ကြိုး​စား​သော်​လည်း​ ​မျက်​နှာ​ကို​ ​မေ့​ဆေး​ဖြင့်​ ​အုပ်​ခံ​ရ​ပြီး​နောက်​ သ​တိ​လစ်​သွား​ကြောင်း​ ​ရဲ​တပ်​ဖွဲ့​ ​အ​ကြီး​အ​ကဲ​ ဩ​ဂက်​စ​တင်း​ချီ​ဟွာ​က​ဆို​သည်​။​ ​ထို့​နောက်​ ​ထို​ရဲ​သား​ ​သ​တိ​ပြန်​ရ​လာ​ချိန်​တွင်​ ၎င်း​သည်​ ​မြို့​ပြင်​တော​အုပ်​ထဲ​ ​ရောက်​နေ​ပြီး​ ​အ​မျိုး​သ​မီး​ ​၃​ ဦး​က​ ​ယင်း​ကို​ ​လိင်​ဆိုင်​ရာ​ ​စော်​ကား​ပြု​မူ​နေ​သည်​ကို​ ​သ​တိ​ပြု​မိ​ခဲ့​သည်​။​ ​ထို့​နောက်​ ​စိတ်​ကျေ​နပ်​သွား​သော​ ​အ​မျိုး​သ​မီး​များ​သည်​ ​ရဲ​သား​တွင်​ ​ပါ​လာ​သော​ ​ငွေ​ကြေး​အ​နည်းငယ်​နှင့်​ ​မို​ဘိုင်း​ဖုန်း​တို့​ကို​ ​ရ​ယူ​ကာ​ ၎င်း​အား​ ​မြို့​ပြင်​တွင်​ ​ထား​ခဲ့​ပြီး​ ​ထွက်​ပြေး​သွား​ကြောင်း​ ​ချီ​ဟွာ​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​ထို​သို့​သော​ ​လုပ်​ဆောင်​ချက်​နှင့်​ ​ပ​တ်​သက်​ပြီး​ ​အ​ကြောင်း​ရင်း​ကို​ ​မ​သိ​ရ​ဟု​ ​ချီ​ဟွာ​က​ဆို​သည်​။

ဇင်​ဘာ​ဘွေ​ ဥ​ပ​ဒေ​အ​ရ​ ​မု​ဒိမ်း​မှု​သည်​ ​အ​မျိုး​သ​မီး​များ​ ​ပြု​ကျင့်​ခံ​ရ​မှ​သာ​ ​အ​ကျုံး​ဝင်​ပြီး​ ​အ​မျိုး​သား​များ​အ​တွက်​ ​သတ်​မှတ်​မ​ထား​ချေ​။​ ပြီး​ခဲ့​သည့်​လ​က​လည်း​ ​အ​မျိုး​သ​မီး​ ​နှစ်ဦး​သည်​ ​အ​သက်​ ​၄၄​ ​နှစ်​အ​ရွယ်​ ​အ​မျိုး​သား​ ​တစ်ဦး​အား​ ၎င်း​တို့​နှင့်​ ​လိင်​ဆက်​ဆံ​ရန်​ ​အ​တင်း​ခိုင်း​စေ​ခဲ့​သည်​။​ ​ထို​စ​ဉ်​က​ ​ယင်း​အ​မျိုး​သား​သည်​ ​အိပ်​ယာ​တစ်​ခု​ကို​ ​ဝယ်​လာ​ပြီး​ ​ကာ​ရိုး​အ​နောက်​ပိုင်း​ရှိ​ ​နေ​အိမ်​သို့​ ​သယ်​သွား​ချိန်​တွင်​ ​အ​မျိုး​သ​မီး​များ​က​ ​ယ​ခု​လို​ ​ခိုင်း​စေ​ခဲ့​ခြင်း​ဖြစ်​သည်​။

ယ​မန်​နှစ်​ ​နို​ဝင်​ဘာ​လ​က​လည်း​ ​အ​မျိုး​သ​မီး​ ​၂​ ဦး​သည်​ ​အ​သက်​ ​၁၈​ ​နှစ်​အ​ရွယ်​ ​ချာတိတ်​တစ်ဦး​ကို​ ​ဟာ​ရာ​ရာ​ရှိ​ ​ရို​မန်​ကက်​သ​လစ်​ ​ဘု​ရား​ကျောင်း​အ​တွင်း​ ​သော့​ခတ်​ပိတ်​ကာ​ ​မု​ဒိမ်း​ကျင့်​ခဲ့​ကြ​သည်​။​ ယ​ခု​ကဲ့​သို့​ ​ရဲ​သား​တစ်ဦး​အား​ ​မီ​နီ​ဘတ်စ်​ပေါ်​ ​လိုက်​လာ​သည့်​ ​အ​မျိုး​သ​မီး​များ​က​ ​မု​ဒိမ်း​ကျင့်​ခဲ့​ကြောင်း​ ​သ​တင်း​ထွက်​ပေါ်​လာ​ပြီး​နောက်​ ​ပြည်​တွင်း​သ​တင်း​စာ​တစ်​စောင်​က​ ​လမ်း​ပေါ်​မောင်း​လာ​သည့်​ ​မီ​နီ​ဘတ်စ်​ကို​ ​အ​လု​အ​ယက်​ ​ဝိုင်း​တား​နေ​သည့်​ ​အ​မျိုး​သား​ ​အ​မြောက်​အ​မြား​ပုံ​ကို​ ​ကာ​တွန်း​ရေး​ဆွဲ​ ​သ​ရော်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။

19 comments

  • cobra

    October 22, 2010 at 8:49 am

    ဟာ..ကမာ္ဘကြီးကဘာတွေဖြစ်နေပီလဲ..။
    smytu ရေအရမ်းမတင်နဲ့ဦး..တို့ဗမာတွေကသူများနိုင်ငံကလုပ်ရင်လိုက်လုပ်တတ်လွန်းလို့…။
    ဟင်း..ဟင်း….သားသားကြောက်ကြောက်…၃ယောက်လောက်ပဲနိုင်မယ်ထင်တယ်….ဟဲ…ဟဲ..။

  • intro

    October 22, 2010 at 9:01 am

    မသိလို့ တစ်ခုမေးမယ်နော် (ရိုင်းသွားရင် ခွင့်လွှတ်) ယောက်ျားလေးတွေ မေ့နေတုန်းမှာ မိန်းကလေးတွေဘက်က အတင်း မုဒိမ်းကျင့်လို့ တကယ်ရော ရရဲ့လား?

    • MandalayThar

      October 22, 2010 at 9:25 am

      ဖြစ်နိုင်တယ်ဗျ။ လက်တွေ့ကျကျပြောရရင် အိပ်နေရင်းနဲ့တောင်မှ ဟိုကောင်က ငေါက်တောက် ငေါက်တောက် ဖြစ်နေတာ။ မေ့နေရင်လည်း ရလောက်မှာပေါ့။

    • kai

      October 23, 2010 at 7:40 am

      ဗုဒ္ဓဘုရားရှင်လက်ထက်က..ရဟန်းတပါး..အိပ်ပျော်နေတုံး..မာတုဂါမတယောက်က သူ့အပေါ်တက်ပြီး ကာမဆက်ဆံပါတယ်..။
      အဲဒါ..ရဟန်းက ဘုရားရှင်ကို.. ဝိနည်းကျိုးပေါက်ပြီးအပြစ်ဖြစ်တယ်ထင်ပြီး..မေးလျှောက်တော့.. ဘုရားက..“အဲဒီအပေါ် သာယာသလား”လို့ပြန်မေးတယ်လို့ စာထဲဖတ်ဖူးပါတယ်..။
      ဆိုတော့..
      မိန်းမက..ယောက်ျားကို..အတင်းတက်ပြီးကာမဆက်ဆံတာဟာ လွန်ခဲ့တဲ့နှစ်၂၅၀ဝကျော်ထဲကမှတ်တန်းကျန်ရစ်ပါကြောင်းနဲ့..ဖြစ်နိုင်ပါတယ်ဆိုတာလေး..ဖြည့်ပေးတာပါ..။

      ထပ်ဖြည့်ပြောရရင်.. ယူအက်စ်မှာလည်း..ကျောင်းဆရာမက..တပည့်ယောက်ျားလေးကိုဆွဲဆောင် ကာမရယူတာမျိုးခဏခဏဖြစ်ပါတယ်..။ အဲဒါမျိုးဆို ဆရာမကို ဥပဒေအရအရေးယူပါတယ်.။အခုတင်သတင်းတခုတွေ့လို တင်ပေးလိုက်တယ်..။ မြန်မာပြည်မှာလည်း…ရှိနိုင်ပါတယ်..။ ကလေးတွေက မပြောလို့သာ..သတင်းတွေမတက်လာတာနေပါမယ်..။

      TAMPA – Since the arrest of Debra Lafave in 2004 for having sex with her 14-year-old student, there have been several more arrests of Tampa area teachers accused of the same behavior. The highest number was in 2008, when at least eight teachers were accused of having inappropriate, sexual relationships with students, which begs the question, “What is going on, and is this an epidemic?”
      http://www.abcactionnews.com/dpp/news/region_tampa/teacher-sex-scandals%3A-what%27s-going-on-in-our-schools%3F

  • leo

    October 22, 2010 at 9:11 am

    intro ရေ ……. သေချာပေါက်ကိုရပါတယ် ကျန်းမာရေးကောင်းနေတဲ့လူအတွက်ဆို ရပါတယ်

  • shweminthar

    October 22, 2010 at 9:23 am

    ယောက်ျားလေးများသတိရှိရှိနေကြပါ။
    online ကနေ ကောင်မလေးတွေက ချိန်းရင် တစ်ယောက်ထဲ မသွားနဲ့နော်။

  • winyungwe

    October 22, 2010 at 9:44 am

    ဟဟ………..
    သွားပြီကွာ……….
    ဘယ်လိုမိန်းကလေးတွေလဲကွာ………
    :no

  • asiamasters

    October 22, 2010 at 10:12 am

    မဖြစ်နိုင်ပါဘူးခင်ဗျာ။ အမျိုးသမီးတွေဟာ အမျိုးသားတွေကို မုဒိန်းမကျင့်နိုင်ပါဘူး။ အမျိုးသားက အမျိုးသမီးကိုသော်လည်း၊ အမျိုးသားက အမျိုးသားကိုသော်လည်းကောင်း မုဒိန်းကျင့်နိုင်ပါတယ်။ အမျိုးသမီးတွေ အမျိုးသားတွေကို မုဒိန်းကျင့်တယ်ပြောတာထက် Sexual Harassment လို့ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုတာတွေသာ လုပ်နိုင်ပါတယ်။ ဘာသာပြန်တဲ့နေရာမှာ rape လား၊ sexual harassment လားဆိုတာခွဲခြားပြန်ဆိုသင့်ပါတယ်။

  • william hoe

    October 22, 2010 at 10:29 am

    သားသားေ ကြာက်ကြောက် … တော်ပီ ညဘက် တယောက်ထဲ အပြင် မထွက်ရဲ တော ့ဝူး…. 😛 😛 😛

  • winkyawaung

    October 22, 2010 at 10:37 am

    မြန်မာပြည်က ရေနံချောင်းကောလိပ်အမျိုးသမီးဆောင်က ကြားရင် ဒါလေးများ..လို့ ပြောဆိုပြီး ရယ်နေကြပါအုံးမယ်ဗျာ..။

    • intro

      October 22, 2010 at 11:26 am

      ဟုတ်လား၊ လုပ်စမ်းပါဦးဗျ…. ကျွန်တော်မသိသေးဘူး၊ ဘာများဖြစ်သွားလို့လဲ

      • ဆူး

        October 23, 2010 at 2:36 am

        မသိသေးရင် ဒီမှာ ရှာကြည့် ရှိတယ် အသေအချာကို တိတိကျကျ ကွက်ကွက် ကွင်းကွင်း သတင်းရေးထားတာရှိတယ်.. လူအကြည့်အများဆုံး ပိုစ်လည်း ဖြစ်ခဲ့တယ်။

  • naywoonni

    October 22, 2010 at 4:40 pm

    အင်း…
    အဲဒါကြောင့်….
    ကမ္ဘာကြီးပူနွေးလာပြီလို့ပြောပြောနေတကြတာကိုး
    ကျွန်တော်တို့ဆီကိုရော…အဲ့ဒိရောဂါဘယ်တော့လောက်ကူးစက်လာမလဲ
    ……….ကြိုသိထာချင်လို့ပါ

  • cruz

    October 22, 2010 at 4:46 pm

    အားပါးးးးးလန့်စရာပါလား

  • smytu1996

    October 23, 2010 at 3:31 pm

    thanks for all, just at least funny post, i m pleased to all.
    thanks n also KAI>>

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 23, 2010 at 4:43 pm

    ပိန္နဲသီးက ဒူးရင်းသီးကို

  • HayMonChan

    October 23, 2010 at 5:33 pm

    အော် ဒါမျိုးတွေလဲ ရှိတာကိုး
    ကမ္ဘာပျက်တော့မယ်

  • Yin Nyine Nway

    October 24, 2010 at 2:08 am

    ဘာတွေဖြစ်နေကုန်ပြီလဲ

  • talkyboyz

    October 24, 2010 at 2:01 pm

    မဖြစ်နိုင်ဖူးလို ့ထင်ပါတယ် ယောက်ကျားလေးကို မေ့အောင်လုပ်ဖို့ မိန်းကလေး ၃ ယောက်ပဲလိုတယ်ဆိုတာကော … ပြီးတော့ မေ့ဆေးသုံးထားရင် ယောက်ကျားလေးတွေက လိင်ကိစ္စမှာ ချို ့ရွင်းသွားမှာပါ..ဘယ်လိုမှ ဆက်ဆံလို့မရပါဖူး….ပြီးတော့ သူက ရှက်လို့မတိုင်ဖူးတဲ့.အဲဒါလည်း သဘာဝမကျပါဖူး…ဥပဒေမှာ ပြထန်းမထားဖူးဆိုတာက မိန်းကလေးက rape လုပ်လို့ကို မရလို့ပါ …ဘာလို့လည်းဆိုတော့ ဥပဒေမှာ ပြတန်းထားတာက ယောက်ကျားလေးအတွတ်ပြောတာနော် မိန်းကလေးက rape လုပ်နေတုန်း စိတ်ပါခဲ့ရင် rape မမြောက်ဖူးလို့ပါပါတယ်..အဲဒါကြောင့် ယောက်ကျားလေးက စိတ်မပါမှတော့ rape ကို မဖြစ်နိုင်တော့ပါဖူး…..အဲဒါကြောင့် အပေါ်က ၁ယောက်ပြောသလိုပဲ sexual harassment လို ့ပြောတာက ပိုပြီး သဘာဝကျပါလိမ့်မယ် (ဟိဟိ..)

Leave a Reply