အထွေထွေသပိတ်ပွဲကြီးဆင်နွှဲမည်..။

cobraOctober 22, 20101min666
လာမည့်စနေနေ့၊ သီတင်းကျွတ်လပြည့်နေ့တွင် တိုင်းတခွင်လုံး၌ အထွေထွေသပိတ်ကြီး ဆင်နွဲမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေ သပိတ်ကော်မတီမှ တိုက်တွန်း နှိုးဆော်လိုက်သည်။ “၂၀၁ဝ ရွေးကောက်ပွဲဟာ တရားမမျှတလို့ပါ၊ အခြေခံဥပဒေကိုလည်း မကြိုက်လို့ပါ။ လူ့အခွင့်အရေးလည်း လုံးဝမရှိတဲ့အတွက်ကြောင့်ပါ၊ ဒါကို ပြည်သူလူထုကလည်း သိပြီးသား ဖြစ်တဲ့အတွက်ကြောင့် အခုလို တက်ညီလက်ညီနဲ့ သပိတ်မှောက်ရခြင်း ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့နေ မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ် ကော်မတီဝင်တဦးက ခေတ်ပြိုင်သို့ ပြောသည်။ အဆိုပါ အထွေထွေသပိတ်ကော်မတီအား ယခုလ အောက်တိုဘာလ (၁၅) ရက်နေ့တွင် မြန်မာပြည်ရှိ တိုင်း (၆) တိုင်း၊ ပြည်နယ် (၄) ခုတို့မှ ကိုယ်စားလှယ်ပေါင်း (၂၁) ဦးတို့က ဦးဆောင်ကာ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ အထွေထွေ သပိတ်ကော်မတီကို ပြည်သူလူထုတရပ်လုံး၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန်အလို့ဌာ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ယင်းအဖွဲ့သည် လွန်ခဲ့သော ရက်ပိုင်းများကတည်းက ရန်ကုန်မြို့တွင် ရွေးကောက်ပွဲဆန့်ကျင်ရေး စာများ ဖြန့်ဝေကာ လူထုကို စည်းရုံးထားကြောင်းလည်း အဆိုပါ သပိတ်ကော်မတီဝင် တဦးက ပြောသည်။ ပြည်သူလူထုပါဝင် ဆင်နွှဲလာမည်ဟုလည်း ယုံကြည်ကြောင်း ၎င်းက “ဟုက်ကဲ့ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူတွေကလည်း သူတို့ မတရား လိမ်နေတာကို သိနေတဲ့ အတွက်ကြောင့်ပါ၊ ဒီတခါဆိုတာ ဒီမိုကရေစီရဖို့အတွက် နောက်ဆုံးအချိန် ဖြစ်လို့ပါ။ ပြည်သူတွေပါမှာပါ” ဟု ဆိုသည်။ ရင်ဆိုင်ကြုံတွေ့ရနိုင်မည့် အခြေအနေများနှင့် ရပ်တည်ချက်များနှင့် ပတ်သက်၍လည်း ၎င်းက “ကျနော်တို့ကတော့ မထူးတော့ဘူးလေဗျာ။ ပြည်သူတွေမှာက သေမထူး နေမထူး ဖြစ်နေပြီလေ။ ဒီအတိုင်း ခေါင်းငုံ့ခံနေရင် ကျနော်တို့ ဘဝတွေဟာ သွားပြီလေဗျာ။ စစ်ဖိနပ်အောက် ပြားပြားမှောက်နေရတော့မှာလေ။ ဒါကြောင့် ကျနော်တို့ ပြည်သူတွေဟာ ထိပ်တိုက်ရင်ဆိုင်ကြမှာပါ” ဟု ဆက်လက် ရှင်းပြသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေ သပိတ်ကော်မတီအနေဖြင့် ဘက်ပေါင်းစုံမှ အကွက်ကျကျ စီစဉ်ထားကြောင်း၊ ပြည်သူများအနေနှင့် ၎င်းတို့နှင့်အတူ ပါဝင်အားဖြည့်ကြရန်လည်း ပြည်သူများအား ပြန်ကြားကြောင်း ၎င်းက ပြောသည်။ “ကျနော်တို့ အနေနဲ့ကတော့ ယုံကြည်ချက်ကို ဦးတည်ထားတဲ့အတွက်ကြောင့် အောင်ကိုအောင်မြင်မှာပါ၊ ဒီမိုကရေစီပန်းတိုင် ရောက်ကိုရောက်မှာပါ” ဟုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ် ကော်မတီဝင်တဦးက ပြောကြားသွားသည်။

6 comments

  • etone

    October 22, 2010 at 9:41 am

    ဟုတ်ပါ့မလား cobraရေ ။ ပုတ်သင်ညိုတွေများနေတာပါ ။ ပြီးခဲ့တဲ့ရွှေဝါရောင်တော်လှန်ရေးတုန်းကလည်း ဘယ်လောက်အထိနာလိုက်လဲ … ။ ဒါပေမဲ့လည်း သူတို့က လက်နက်ရှိတော့ အားလုံးအခွင့်မသာပဲ အရေးနှိမ့်ခဲ့ကြရတယ်။

  • char too lan

    October 22, 2010 at 10:12 am

    အင်း တကယ်သာဆိုပွဲကတော့ကြည့်ကောင်းပီ
    ကိုယ်တိုင်လဲ ဝလယ်ဒီလုပ်ထားရမယ်
    ဒီသတင်းအတွက် ကျေးဇူးပါ ကော်ကော်ရေ… 😀

  • darkoosky

    October 22, 2010 at 11:01 am

    Please go ahead .. they do not want to live. They want to die..they are still stupid and no head

  • timothy

    October 22, 2010 at 11:17 am

    အားလုံးဒီအချိန်မှာကြောက်နေလို့မရတော့ဘူး။ ခေါင်းရှောင်နေလို့မရဘူး။ ငါစားဝတ်နေရေးမပြေလည်တဲ့ကြားထဲကအားအားရှိဒါတွေမစဉ်းစားနိုင်ဘူးဆိုလိူ့ကတော့ ဒီတသက်စစ်ကျွန်ဘဝနဲ့အရိုးထုတ်ဖို့ဘဲ။ နောင်လာနောက်သားတွေအတွက်လဲဆိုးမွေပေးလိုက်တာနဲ့တူတူဘဲ။ အဆိုးဆုံးကတော့ ဗိုလ်သန်းရွှေနဲ့လူဆိုးတစုသက်ဆိုးရှေအောင်လုပ်ပေးတာနဲ့အတူတူဘဲ။
    ကျတော်ရေးထားတဲ့ Wake Up Burma, Boycott The Election ကို 2010 Election မှာဖတ်ကြည့်နိုင်ပါတယ်။
    ဒီလိုအထွေထွေသပိတ်ကြီးစီစဉ်ထားရင်လဲလူတိုင်းပါဝင်ကြပါ။ ဗိုလ်သန်းရွှေ အတွက် ခုလိုမတရားရွေးကောက်ပွဲမှာ်ရန်သူပတ်လည်ဝိုင်းပြီးဖိအားပေးမှုတွေအောက်မှာဖမ်းဆီးမှုတွေလုပ်ဘို့အခွင့်အလန်းမရှိသလောက်ဘဲ။ မတရားရွေးကောက်ပွဲပြီးလို့ မတရားအနိုင်ယူကြေငြာပြီးလို့ကတော့တနိုင်ငံလုံးသိမ်းကြုံးအဖမ်းဘဲ။ မတရားမွေးဖွါးလာမဲ့စစ်အာဏာရှင်ပဓေသရာဇ်စနစ် ကိုမမွေးမှီခုကတဲကဖျက်ချဘို့ဘဲ။ ရွေးကောက်ပွဲသပိတ်မှောက်တာမှန်သမျဒီအချိန်မှာလုပ်ကြပါ။ွှ အားလုူံး သွေးစည်းညီညွတ်စွာအရေးတော်ပုံအတွက်တတပ်တအားပါဝင်ကြပါ။ ္ဒ

  • mG

    October 22, 2010 at 12:55 pm

    ကောင်းလိုက်တာ…….။ပျော်စရာကြီး…။စစ်တပ်က နိုင်ငံကိုအုပ်ချုပ်တယ်ဆို ဘယ်လိုမှကိုမဖြစ်နိုင်တာပါ။ဥပမာ-U.S.A ကိုပဲကြည့်ပေါ့ဗျာ……။

  • MandalayThar

    October 22, 2010 at 2:13 pm

    မထင် ဒီလောက် သတင်းကြီးနေမှ ပိုလို့ မထင်သေးတယ်။ ကြည့် ဘာဖြစ်လာမလဲလို့.. သတင်းသာ ပွသွားတယ် ဘာမှ ဖြစ်လာမှာလည်း မဟုတ်ဘူး။

Leave a Reply