ရဲရွာ ရေစလွှတ်နေပြီ

smytu1996October 22, 20101min5938


ယနေ့ နံနက်ပိုင်းကစပြီး ရေရွာဆည်က ရေစလွှတ်နေပြီလို့ ရဲရွာအနီးမှ ဒေသခံတဦးက ပြောပါတယ်။ လောလောဆယ်တော့ စိုးရိမ်စရာ မရှိသေးပေမယ့် မိုးဆက်လက် ရွာနေဦးမယ်ဆိုရင်တော့ စိုးရိမ်ရနိုင်တယ်လို့ ဆိုပါတယ်။

မန္တလေးမြို့ အရှေ့ တောင်ဘက် ၃၁ မိုင်အကွာ ရဲ-ယမန်း ရွာအနီး မြစ်ငယ်မြစ်ပေါ်၌ တည်ဆောက် ထားသည့် ရဲရွာ ရေအား လျှပ်စစ် စီမံကိန်း ၏ ရေလွှတ်  ပင်မဆည် မြောင်းမှာ တောင်ပေါ်မှ ကျလာသည့် ပြင်း ထန်သော ရေဖိ အားများကြောင့် ကျိုးပေါက်တော့ မည် အခြေအနေ ရှိသည် ဟု မန္တလေး မြို ့ဆည် မြောင်းဝန် ကြီးဌာန မှ အင်ဂျင်နီယာ တစ်ဦး က ် အတည်ပြုပြောကြားပါသည

8 comments

  • shweminthar

    October 22, 2010 at 8:59 am

    တကယ်လား
    ဘယ်ဟာကို ယုံရမလဲ တောင်မသိတော့ဘူး

  • whowho

    October 22, 2010 at 9:43 am

    လာပြန်ပြီဗျာ။ ကျတော်တို့က မန်းကဆိုတော့ ကြားသမျှ လန့်နေရပါလားနော်။ သေချာသောသတင်းလေးတော့သိချင်ပါသေးရဲ့။

  • etone

    October 22, 2010 at 9:53 am

    မနက်ကတည်းက တွစ်တာ ထဲဝင်ဖတ်နေတာ အဆင်မပြေလို့ Heading News ပဲဖတ်လို့ရတယ် ။ တဖြည်းဖြည်းရေစ ဖောက်နေပြီဆိုတာလည်း သတင်းကြားပါတယ် ။ ဆည်ကျိုးမှာစိုးလို့ပါတဲ့.. ဟုတ်မဟုတ်တော့မသိပါဘူး ။

  • tunaung

    October 22, 2010 at 10:12 am

    ဒါဆိုအနိမ့်ပိုင်းကရွာတွေအထူးသတိထားသင့်တယ်မန္တလေးကသူငယ်ချင်းတို့ဒီဆည်အနေအထားကိုလေ့လါသင့်တယ်…..မုန်တိုင်းကခုမှလါနေတာမိုးကြီးပြီးရေအဆမတန်များနိုင်တယ်…အားလုံးကူညီရိုင်းပင်းဘိုအချိန်တန်ပြီ….

  • Khin Thida Soe

    October 22, 2010 at 11:08 am

    လူတွေ စိုးရိမ်အောင် ရှောက်မပြောကြရင်ကောင်းမယ်နော်
    ရဲရွှာ နေတဲ့ အင်ဂျင်နီယာတွေတောင် အူကြောင်ကြောင်ဖြစ်နေပြီ

  • Khin Thida Soe

    October 22, 2010 at 11:10 am

    အဲဒီ ဆည်မြောင်း က အင်ဂျင်နီယာ က နာမည် ဘယ်သူလည်း
    သေချာတယ် တိကျတဲ့သတင်းဆိုရင် နာမည် ပါ ထုတ်ဖော် ပြောကြားပါ………..

  • mgmggyi

    October 22, 2010 at 11:17 am

    ဒီသတင်းလုံးဝမဟုတ်ပါ…………ကျွန်တော့ညီအရင်းက ရဲရွာက အင်ဂျင်နီယာပါ….ပြီးခဲ့တဲ့45မိနစ်လောက်ကဖုန်းရပါတယ်…….လုံးဝ (လုံးဝ)မဟုတ်ပါခင်ဗျာ…..ကျွန်တော့ကိုဆက်သွယ်ချင်ရင် maaeae@gmail.com ပါ…..

  • The Reds

    October 22, 2010 at 3:51 pm

    ဟူး ဆည် တွေ ဆောက် … ပြီး ရင် ရေ တွေ လွှတ် .. မြန် မာ မြေ ပုံ လဲ ဘယ် တော. ရေ ဖုးံ မ လဲ ဆို တာ ဘဲ ဆောက် ကြ ရ တော. မယ် ။

Leave a Reply