ရခိုင်ပြည် နယ်သို ့မုန်တိုင်း ဝင်ပြီ လေတိုက် နှုန်း တစ်နာရီ ၇၃ မိုင်ထိရှိ

BayoteOctober 22, 20101min12810

Updated : (3:30) PM Burma အသက် ၅ဝ နှစ် အရွယ်ရှိ အမျိုးသမီး တစ်ဦး လှေမှောက် ၍ သေဆုံး၊ ကျောက်ဖြူ လေဆိပ်
တွင် သစ်ပင်ပြိုကျမှု ကြောင့် တစ်ဦး နှင့် ဖရုံကာ ကျွန်း တွင် လေမုန်းတိုင် ဒဏ်ကြောင့် စပါး နှင့် အခြား စိုက်ပျိုး ပင် များ အကုန်ပျက်စီး
Updated : (2:30)PM Burma ကျောက်ဖြူ မီးသတ် မျှော်စင် ပြိုကျ၊ လေတိုက်နှုန်း ကြောင့် အထက (၁) ကျောင်း
ဆောင် အချို ့နှင့် အုတ်တံတိုင်း ပြိုကျ၊ အုန်းပင်များ ပြိုလဲ ၊ လျှပ်စစ်မီး များ ပြတ်တောက်
Updated : (1:30)PM Burma
လေတိုက် နှုန်း ပိုမိုပြင်းထန် လာပြီး တစ်နာရီ ၇၃ မိုင်ထိရှိ
ယနေ ့ နေ ့လည် ၁ နာရီ တွင် ဂီရီ အမည်ရှိ ဆိုင်ကလုန်း မုန်တိုင်း သည် ကျောက်ဖြူ မြို ့ အနီးသို ့ရောက်ရှိကာ တစ်နာရီလျှင်
လေတိုက်နှုန်း ၆၉ မိုင်ဖြင့် မိုးသည်းထန် စွာရွာ သွန်းပြီး မြစ်ချောင်း များ တွင် ဒီရေ တက်မှု များ နှင့် ကြုံတွေ ့နေသည် ဟု
သတင်းရရှိသည်။ ကျောက်ဖြု အခြေစိုက် ရေတပ် မှ ကယ်ဆယ် မှု များ ပြု လုပ်ရန် စီစဉ် ထားသော် လည်း ကျောက်ဖြူ မြို ့နယ်
ကြံ့ဖွံ ့ဥက္ကဌ မှ လူတတ် လုပ် မှု ကြောင့် မြို ့တွင်း သို ့မဝင် သေး ဟု သိရှိရသည်။

Source :FNG

10 comments

  • tunaung

    October 22, 2010 at 10:00 am

    အားလုံးအန္တရယ်ကင်းနိုင်ကြပါစေ…..

  • Bayote

    October 22, 2010 at 10:11 am

    Updated : (4:00 )PM Burma လေမုန်း တိုင်း အရှိန်ကြောင့် စစ်တွေ တွင် နေအိမ် အမိုးများ လန်ထွက်

  • winkyawaung

    October 22, 2010 at 10:13 am

    ဒုက္ခေတွေ နည်းပြီး အမြန်ပြီးဆုံးနိုင်ပါစေ..။ စိတ်မကောင်းပါ.။

  • doekalay

    October 22, 2010 at 10:25 am

    မုန်တိုင်းမြန်မြန်ပြီးဆုံးပြီးဘေးကင်းကြပါစေ။

  • asiamasters

    October 22, 2010 at 10:38 am

    အရင်က လေမုန်တိုင်းတွေရှိတယ်။ ဒါဟာ သဘာဝဖြစ်တယ်။ အခုဖြစ်နေတဲ့မုန်တိုင်းတွေက သဘာဝမဟုတ်တော့ဘူး၊ ဖေါက်လွဲဖေါက်ပြန်တွေဖြစ်နေတာဖြစ်တယ်။ အရင်ကလူသားတွေဟာ ရာသီဥတုနဲ့ ကမ္ဘာမြေကြီးကို မှီခိုပြီးနေထိုင်ခဲ့ကြတယ်။ မိုးဦးကျမှာ လယ်ထွန်မယ်။ သီတင်းကျွတ်ရင် စပါးရိတ်မယ်။ အခုတော့ ဒီအတိုင်းလုပ်လို့မရတော့ဘူး။ ရာသီဥတုကို သိပ်ပြီး မှီခိုလို့မရတော့ဘူး။ အခု လက်ရှိဖြစ်နေတဲ့ မုန်တိုင်းကို ကြိုသိနေတဲ့အတွက် လူအသေအပျောက်ကတော့နဲမှာပါ။ ဒါပေမဲ့ ပြင်းထန်တဲ့လေနဲ့ မြင့်တက်လာတဲ့ရေကြောင့် လယ်ယာနဲ့ ငါးဖမ်းလုပ်ငန်းတွေ အများအပြား ထိခိုက်ပျက်စီးရမှာဖြစ်ပါတယ်။ ဆန်ရေစပါး တွေပျက်စီးရင် လူသားတွေ ငတ်မွတ်ကြမယ်၊ သေကျေပျက်စီးကြရဘွယ်ရှိနေပါတယ်။ သိပ်မကြာခင် ဆယ်စုနှစ်များမှာလည်း အခုလူသားတွေအသုံးပြုနေတဲ့ ရေနံတွေ၊ သတ္တ္လဝါတွေအတော်များများဟာ ပျောက်ကွယ်သွားကြရန်ရှိပါတယ်။ ဒီတော့ ကျွန်တော်တို့လူသားမျိုးဆက်တွေ အသက်ရှင်သန်နေထိုင်နိုင်ဘို့ အတွက် ရာသီဥတုနဲ့ မြေကြီးကို မှီခိုလို့မရတော့ပါဘူး။ လူသားတွေဟာ မိမိကိုယ်မိမိ စွမ်းဆောင်နိုင်မှသာလျှင် အသက်ရှင်ကျန်ရစ်နိုင်မှာဖြစ်ပါတယ်။ အင်္ဂလိပ်စကားနဲ့ပြောရရင်၊ Survival of the fittest ဘက်ကိုပိုရောက်လာပြီဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူသားတွေဟာ တစ်ဦးနဲ့ တစ်ဦး မေတ္တာတရားအပြည့်အဝနဲ့ ရှင်သန်ကြပါစို့။

  • search123

    October 22, 2010 at 10:42 am

    မုန်တိုင်း မြန်မြန်ပြီးပါစေ။

  • darkoosky

    October 22, 2010 at 10:54 am

    ကုန်စုံဆိုင်ပိုင်ရှင် (စစ်တွေ)

    (မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီခွဲ)

    “အခုတော့ မိုးနည်းနည်းရွာနေတယ်။ လေလည်း တိုက်နေတယ်။ ဒီမှာတော့ မီးသတ်ဌာနက မြို့ကိုပတ်ပြီးတော့ မုန်တိုင်းသတင်း သတိပေးချက်တွေ လုပ်နေတယ်။ လူတွေကတော့ ပြင်ဆင်မှုတွေ လုပ်နေကြပါပြီ“

    စက်လှေပိုင်ရှင် (ကျောက်ဖြူ)

    (မြန်မာစံတော်ချိန် နေ့လည် ၁ နာရီ)

    “ဒီနေ့တော့ လေပြင်းတိုက်နေတယ်။ ၁ နာရီကို ၃၅ မိုင် တိုက်နေတယ်။ ပျက်စီးမှုတွေတော့ မရှိပါ။ အာဏာပိုင်တွေကတော့ ကားတွေနဲ့ မြို့ကိုပတ်ပြီး ပြည်သူတွေကို မုန်တိုင်းသတိပေးချက်တွေ လုပ်နေတယ်။ ပင်လယ်ပြင်နဲ့နီးတဲ့ ကျေးရွာက ဒေသခံတွေကို စာသင်ကျောင်းတွေဆီ ပြောင်းရွှေ့ဖို့ အဲလိုမျိုး ဆော်ဩတာတွေ ရှိတယ်။ တချို့ကတော့ ပြင်ဆင်တာတွေ လုပ်ထားတယ်။ မြို့ရဲ့ အစွန်အဖျားက လူတွေကို စာသင်ကျောင်းတွေဆီ ပြောင်းရွှေ့ဖို့ သတိပေးတယ်။ နယ်ဘက်တွေမှာတော့ ပြောင်းရွှေ့နေကြတယ်လို့ ကျနော်တို့ ကြားရတယ်“

    အိမ်ရှင်မ (စစ်တွေ)

    (မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲ)

    “စစ်တွေ ကမ်းနားလမ်းရပ်ကွက်မှာနေတဲ့ ဒေသခံတွေ အကုန်လုံး ဘေးလွတ်ရာကို ရွှေ့နေကြပါပြီ။ မြစ်ကမ်းနားနဲ့နီးတဲ့ ဒေသခံတွေပါ။ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြောင်းနေကြတာပါ။ စက်လှေတွေကို မထွက်ဖို့ အာဏာပိုင်တွေ တားမြစ်ထားတာတွေ ရှိတယ်။ အခုအချိန်တော့ လေငြိမ်နေတယ်။ လေငြိမ်ရင် စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့ လူတွေက ပြောကြတယ်။ မီးသတ်ဌာနက မြို့ကိုပတ်ပြီး မုန်တိုင်း သတိပေးချက်တွေ လုပ်ဆောင်နေတယ်“
    ………………………………………………………………………………………

    ရန်ကုန် ။ ။ မုန်တိုင်းရှေ့ပြေးအဖြစ် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ ယနေ့ နံနက်မှစ၍ လေပြင်းများ ကျရောက်နေကြောင်း ဒေသခံများအဆိုအရ သိရသည်။

    ’’လေကတော့ မုန်တိုင်းတိုက်မယ့် လေပုံစံမျိုး တိုက်နေတယ်။ လေသွယ်နေတဲ့ သဘောပေါ့။ ခုန ၁၂ နာရီ မိနစ် ၄ဝ လောက်ကထက် နည်းနည်းပိုလာတယ်။ ပြီးတော့ မိုးလည်း ပါလာတယ်’’ ဟု ကျောက်ဖြူ မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

    ကျောက်ဖြူတွင် မုန်တိုင်းတိုက်မည်ဖြစ်သဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် မယက မြို့နယ်ကောင်စီက တမြို့လုံးအနှံ့ လှည့်လည်ကာ အသံချဲ့စက်ဖြင့် လိုက်လံသတိပေးနေသည်။

    တောင်ကုတ်မြို့နယ် မအီ၊ လမူး အစရှိသည့် ကျေးရွာများနှင့် မာန်အောင်မြို့ဘက်တွင်လည်း လေပြင်းနှင့်အတူ မိုးရွာသွန်းမှုပါ ရှိနေကြောင်း ဒေသခံများအဆိုအရ သိရသည်။

    ’’အထုပ်တွေတော့ ထုပ်ထားတယ်။ မုန်တိုင်းကတော့ ကျောက်ဖြူနားမှာလို့ ရေဒီယိုက ပြောတယ်။ လေဖျားခတ်မယ့် အနေအထားဆိုရင်လည်း ဘယ်လိုလာမယ်မှန်း မသိဘူး။ ဆိုတော့ လိုအပ်လို့ ပြေးရရင်လည်း ရှိတာလေးတွေကို သယ်လို့ရအောင်’’ ဟု တောင်ကုတ်မြို့နယ် ပန်းထော်ကျွန်းမှ ဒေသခံတဦးက ပြောသည်။

    မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က 04B GIRI အမည်ရှိ အင်အားကောင်း ဆိုင်ကလုန်း မုန်တိုင်းသည် ယနေ့နံနက်တွင် ရခိုင်ပြည်နယ် အလယ်ပိုင်းကို စတင်ဖြတ်ကျော်နေပြီး၊ လေတိုက်နှုန်းမှာ တနာရီလျှင် ၇၅ မိုင်အထိ ရှိနိုင်သဖြင့် အန္တရာယ်ကြီးအဆင့်သို့ ရောက်နေကြောင်း ပြောသည်။

    ’’ဒီရေတက်မယ်။ တနာရီ ၇၅ မိုင်ဖြစ်တဲ့အတွက် ၅ ပေကနေ ၆ ပေလောက်ထိ တက်နိုင်မယ်’’ ဟု သူက ဆိုသည်။

    နိုင်ငံပိုင် သတင်းဌာနများက စစ်တွေနှင့် ကျောက်ဖြူ ဒေသသို့ ယခုအခါ အနီရောင်အဆင့် မုန်တိုင်း တိုက်ခတ်နေပြီး၊ မိုးသက်လေပြင်းများ ကျကာ မြေပြင်ရေပြင်လေမှာ တနာရီလျှင် မိုင် ၂ဝ နှုန်း ဖြစ်ကြောင်း ကြေညာနေသည်။

    ၂ဝဝ၈ ခုနှစ် မေလဆန်းတွင် ဘင်္ဂလားပင်လယ်အော်မှ ဝင်ရောက်သည့် နာဂစ်ဆိုင်ကလုန်းသည် တနာရီလျှင် မိုင် ၁၂ဝ အထိ တိုက်ခတ်ခဲ့သဖြင့် ဧရာဝတီတိုင်းအတွင်း လူ ၁ သိန်း ၄ သောင်းခန့် သေကြေပျောက်ဆုံးကာ ၂ သန်းခွဲ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

    source from mizzima

  • char too lan

    October 22, 2010 at 11:01 am

    လူ နတ် ဗြဟ္မာ သတ္တဝါ အပေါင်း အန္တရာယ်ကင်းရှင်းကြပါစေ
    (ဖွံ ့ မပါ)

  • moe htet

    October 22, 2010 at 11:14 am

    အော်…ကြက်ဖွတ် အုပ်ကထ ကိုဘယ်သူတက်လုပ်သွားတာလဲ
    ပွဲပဲနော်….

  • moe htet

    October 22, 2010 at 11:15 am

    မုန်တိုင်းရန်ဘေး အစဉ်ဝေး ဘေးကင်းကြပါစေ…

Leave a Reply