what is your opinion on this one, I share it after receiving it from E mail

darkooskyOctober 22, 20101min761

ဘယ်သူတွေ ဘယ်လိုပြိုင်ကြမှာလဲ

လာမယ့်ရွေးကောက်ပွဲမှာ၃ရပါတီ ပြိုင်ကြမှာဖြစ်ပါတယ်။အဲဒီထဲကတစ်ချို့ကနိုင်ငံအဆင့် ပြိုင်မယ့် ပါတီများ ဖြစ်ပြီး တစ်ချို့ ကတော့ ပြည်နယ် အဆင့်မှာပဲ ပြိုင်ကြမှာ ဖြစ်ပါတယ်။ အခြေခံ ဥပဒေအရ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်နဲ့ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်ဆိုပြီး ဥပဒေပြု အဖွဲ့အစည်း သုံးရပ်အတွက် ပြိုင်ရမှာ ဖြစ်ပါတယ်။ ပြည်တွင်းထုတ် ဂျာနယ်များကနေပြီး ဘယ်ပါတီတွေက ဘယ်လွှတ်တော်မှာ ဘယ်လို ဝင်ပြိုင်ကြမယ် ဆိုတာကို စုစည်း လေ့လာခဲ့ပါတယ်။ ပါတီအားလုံး မရပေမယ့် အရေးကြီးတဲ့ ပါတီတွေအတွက် လေ့လာလို့ ရသလောက် အခြေအနေကို အောက်မှာ ဖော်ပြ ပေးထားပါတယ်-

ပါတီပြည်သူ့လွှတ်တော်အမျိုးသားတိုင်း/ပြည်နယ်တိုင်းရင်းသားပေါင်း
ပြည်ခိုင်ဖြိုး၃၁၄၁၅၉၆၁၂၂၇၁၁၁၂
တစည၂၉၄၁၄၉၅၃၅၁၇၉၉၅
NDF၁၀၂၃၄၂၃-၁၅၉
ရှမ်းတိုင်းရင်းသား၄၅၁၅၉၃၃၁၅၆
ဒီမိုကရက်တစ်ပါတီ၂၂၉၁၆-၄၇
ရခိုင်တိုင်းရင်းသား၁၂၈၂၃၁၄၄
၈၈မျိုးဆက်၂၈၆၅-၃၉
မတူကွဲပြားခြင်း၃၂၂-၇
တစ်သီးပုဂ္ဂလ၄၀၇၂၉၆၈၂

ရွေးကောက်ပွဲကိုဆန့်ကျင်သူတွေကပြောနေတဲ့စကားရှိပါတယ်။ အဲဒါက ပြည်ခိုင်ဖြိုးက တစ်ထောင်ကျော် ပြိုင်တယ်။ NDF လိုပါတီက တစ်ရာကျော်ပဲ ပြိုင်တယ်။ ဒါ့ကြောင့် မပြိုင်ခင်က နိုင်နေပြီ၊ ဘာနေရာမှ မရနိုင်ဘူး ဆိုတဲ့ စကား ဖြစ်ပါတယ်။ တကယ်တော့ အဲဒါ ဟာ ပြည်သူတွေကို ထင်ယောင် ထင်မှား ဖြစ်အောင် နားလှည့် ပါးလှည့် ပြောလိုက်တာ ဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုး တစ်ထောင်ကျော် ဆိုတာ လွှတ်တော် သုံးရပ်ပေါင်း ဖြစ်ပါတယ်။ ဒီအထဲမှာ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် နှစ်ခုသာ စုစည်းထားတာ ဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်တွေဟာ သက်ဆိုင်ရာ ဒေသလိုက် တစ်မြို့နယ် နှစ်ယောက်နှုန်း ဖြစ်တာကြောင့် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် ၆၁၂ ဦးကို တစ်ပေါင်းတည်း တွက်လို့ မရပါဘူး။ ဥပမာ ကျွန်တော်တို့ လေ့လာ ပြုစုထားတဲ့ စာရင်းအရ ရှမ်းပြည်နယ် လွှတ်တော် အတွက် ပြိုင်ရာမှာ ပြည်ခိုင်ဖြိုးက ၈၆ ဦး ရှိပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ၇၃ နေရာ ရှိပါတယ်။ ဒါ့ကြောင့် ပြည်ခိုင်ဖြိုး ၆၁၂ ဦးနဲ့ ရှမ်းပါတီ ၉၃ ဦးလို့ တွက်လို့ မရပါဘူး၊ ရှမ်းပြည်နယ်မှာ ပြည်ခိုင်ဖြိုး ၈၆ ဦးနဲ့ ရှမ်းပါတီ ၇၃ ဦးပြိုင်တယ်လို့ပဲ တွက်ရမှာဖြစ်ပါတယ်။ အထူးသဖြင့် ပြည်နယ်တွေမှာ တိုင်းရင်းသား ပါတီတွေနဲ့ ပြည်ခိုင်ဖြိုး ပါတီများ ပြိုင်ဆိုင်မှုဟာ ပြင်းထန်မယ့် သဘောရှိပြီး တိုင်းရင်းသား ပါတီများလည်း အတော်အသင့် နိုင်မယ့် အခြေအနေ ရှိပါတယ်။ ဒါဆို ပြည်နယ် လွှတ်တော်များမှာ တိုင်းရင်းသားများက မိမိဒေသ အတွက် ပြောဖို့ဆိုဖို့ နေရာရမှာ ဖြစ်ပါတယ်။

ပြည်သူ့ လွှတ်တော်မှာ ဆိုရင် ရွေးချယ်ခံ လွှတ်တော် အမတ် ၃၃ဝ နေရာအတွက် ပြည်ခိုင်ဖြိုး ၃၁၄ ဦးနဲ့ တစည ၂၉၄ ဦး ၊ ဒါမှမဟုတ် NDF နဲ့ ပြောရင် ၁၀၂ ဦး ပြိုင်ရမှာ ဖြစ်ပါတယ်။ သုံးအချိုး ၁ လို့ပြောရမှာ ဖြစ်ပါတယ်။ ဒီလို ကြည့်လိုက်ရင် တစ်ထောင်ကျော်နဲ့ တစ်ရာကျော် ပြိုင်တယ် ဆိုတာ အခြေအမြစ် မရှိတဲ့ အပြောဆိုတာ တွေ့နိုင်ပါတယ်။ နောက်တစ်ခါ ဒါကိုပဲ အသေးစိတ် ထပ်ခွဲလိုက်ရင် ရန်ကုန်တိုင်း ဆိုပါတော့ ကျွန်တော်တို့ လေ့လာ ပြုစုလို့ရတဲ့ စာရင်းအရ ပြောရရင် ရန်ကုန်တိုင်း ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်များ အတွက် ပြည်ခိုင်ဖြိုးက ၄၅ ဦး၊ တစညက ၄၃ ဦး၊ NDF က ၃ရ ဦး၊ ဒီမိုကရေစီ ပါတီက ၁၅ ဦး၊ ၈၈ မျိုးဆက်က ၁၈ ဦး၊ တစ်သီးပုဂ္ဂလ ၁၉ ဦး ဝင်ပြိုင်တယ်လို့ တွေ့ရပါတယ်။ တစ်ခြား ပါတီငယ်တွေလည်း ရှိဦးမှာပါ။ ဒါ့ကြောင့် ရန်ကုန်တိုင်း ဒေသကြီးလို နေရာမှာ ပြည်ခိုင်ဖြိုး မဟုတ်တဲ့ ပါတီတွေက အတော် အသင့် အနိုင်ရမှာ ဖြစ်ပါတယ်။ နောက်တစ်ခါ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ် စတဲ့နေရာတွေမှာ တိုင်းရင်းသား အခြေခံ ပါတီတွေက ပြည်သူ့ လွှတ်တော် နေရာတွေ အတွက် အတော် အားကောင်းကောင်း ပြိုင်ထားတာ တွေ့ရမှာပါ။ အမျိုးသား လွှတ်တော် အတွက်လည်း အထက်မှာ ပြောသလိုပဲ အချိုးကျကြည့်ရင် ပြည်ခိုင်ဖြိုး မဟုတ်တဲ့ပါတီများ လွှတ်တော်ထဲ ရောက်သွားနိုင်တဲ့ အခြေအနေတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ စာရင်းဇယားများဟာ စာနယ်ဇင်းတွေမှာ ဖော်ပြထားတဲ့ အချက်များကို ကောက်သင်း ကောက်ပြီး ပြုစုထား ရတာဖြစ်လို့ အတိအကျ မမှန်နိုင်ပါဘူး။ သို့သော် ဖြစ်လာနိုင်တဲ့ အခြေအနေကိုတော့ ပုံဖော်ပြနိုင်တဲ့ အခြေအနေ ရှိတယ်လို့ ယုံကြည်ပါတယ်။ စာရင်းဇယား ပြည့်စုံသူများက အဆင့်လိုက် ဇယားချ ကြည့်ရင် ပိုပြည့်စုံနိုင်ပါတယ်။

ဒီတော့ ပြည်ခိုင်ဖြိုးက တစ်ထောင်ကျော် ပြိုင်တယ်။ NDF လိုပါတီက တစ်ရာကျော်ပဲ ပြိုင်တယ်။ ဒါ့ကြောင့် မပြိုင်ခင်က နိုင် နေပြီ၊ ဘာနေရာမှ မရနိုင်ဘူးဆိုတဲ့ စကားဟာ မမှန်ဘူး ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ အခု ယှဉ်ပြိုင်သူမရှိလို့ နိုင်သွား တဲ့ နေရာ ၅၄ နေရာဟာ လွှတ်တော် သုံးရပ်လုံးအတွက် ဖြစ်တဲ့အတွက် ထိရောက်တဲ့ အရေအတွက် မဟုတ်ပါဘူး။ ဥပဒေပြု ရေး ကို လွှမ်းမိုးနိုင်မယ့် အရေအတွက်ကိုတော့ မရနိုင်ပေမယ့် ပြည်ခိုင်ဖြိုး မဟုတ်တဲ့ တစည အပါအဝင် ကျန်ပါတီများ ဟာ သူတို့ရဲ့ သဘောထားကို အလေးထား နားထောင်ရမယ့်၊ ပြည်သူ့ဆန္ဒများကို တင်ပြနိုင်မယ့်၊ အုပ်ချုပ်ရေး ကဏ္ဍကို ထိန်းညှိနိုင်မယ့် အနေအထား တစ်ခုအထိတော့ ရမယ်၊ အထူးသဖြင့် ပြည်သူ့ လွှတ်တော်မှာ ရမယ်လို့ သုံးသပ်မိပါတယ်။ လွှတ်တော် နှစ်ရပ်ရဲ့ အာဏာဟာ အတူတူ ဖြစ်တာကြောင့် လွှတ်တော် တစ်ခုမှာ အားကောင်းရင် အလုပ် ဖြစ်နိုင်ပါတယ်။ NDF ခေါင်းဆောင်တွေကတော့ ဒီငါးနှစ်ဟာ မိမိတို့ အမြင်တွေကို တင်ပြခွင့်ရတဲ့ အခြေ အနေ အထိပဲ မျှော်မှန်းတယ်လို့ ဆိုပါတယ်။ ဒီမျှော်လင့်ချက်ကို ကျွန်တော်တို့လည်း လက်ခံပါတယ်။ ဒါကို ဖြစ်အောင် လုပ်ဖို့အတွက် ကတော့ မဲပေးမယ့် ပြည်သူများ အပေါ်မှာ မူတည်ပါတယ်။
အထက်မှာ ကောက်ချက်ဆွဲ ပြချက်များအရ ပါတီများ အတွက် နေရာဆိုတာ အလှမ်းမဝေးဘူး ဆိုတာ မြင်နိုင်ပါတယ်။ ဒီလို ဆိုရင် အဲဒီ အခြေအနေ ရောက်ဖို့အတွက် မဲရုံသွားပြီး မဲပေးဖို့ လိုနေပြီလို့သာ တိုက်တွန်းလိုပါတယ်။

One comment

  • timothy

    October 22, 2010 at 12:00 pm

    လက်ရှိကလိန်စိငြမ်းဆင် မတရားဘယက်ကာယနည်းနဲ့မဲနိုင်ဘို့ ပြည်သူ့ချဉ်ဖတ်ကြံ့ဖွတ်ရဲ့လုပ်ရပ်တွေကတော့အော့နှလုံးနာစရာဘဲ။ Darkoosky ရဲ့ တင်ပြချက်ကတော့ United Nations မှာနိုင်ငံခြားရေးဝန်ကြီးဆိုတဲ့ခေါင်းပေါင်းမင်းသားအရှက်မရှိမိန့်သွားတဲ့ ကျနော်တို့နိုင်ငံမှာနိုင်ငံရွှေးအကျဉ်းသားတယောက်မှမရှိဘူးလို့ဗြောင်လိမ်တာနဲ့အတူတူအနူနူပါ။
    လိမ်ရမှာက လူမိူက်ဗိုလ်သန်းရွှေရဲ့အလုပ်။
    မယုံဘို့နဲ့ ပြည်လုံးကြွတ်ရွေးကောက်ပွဲသပိတ်မှောက်ဘို့ကတို့ပြည်သူလူထုတာဝန်။
    သေတဲ့အထိလိမ်သွားပေတော့ သန်းရွှေရေ။

Leave a Reply