၂၀၁ဝ ရွေးကောက်ပွဲ ဆန္ဒပြ

fattyOctober 25, 20101min755

ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်မှ လူအင်အား ၅၀ဝ ကျော်သည် ၂၀၁ဝ ရွေးကောက်ပွဲအား
ဆန့်ကျင်မှုဆန္ဒပြကြကြောင်းယနေ့သိရသည်။ အာဏာပိုင်များဘက်မှ တစုံတရာနှောက်ယုက်မှု
မရှိသေးသော်လည်း ဆန္ဒပြခေါင်းဆောင်များကလုံခြုံရေးအရတိမ်းရှောင်နေကြကြောင်းသိရသည်။
မနေ့က ကြာအင်းဆိပ်တွင်လူအင်အား ၇၀ဝခန့် ဆန္ဒပြမှုဖြစ်ခဲ့ကြောင်းလည်းသိရသည်။

5 comments

  • ghost

    October 25, 2010 at 2:24 pm

    အားပေးတယ် ချကွ ရန်ကုန်တက်ခဲ့ ဒို့လဲပါမယ်။နောင်လာနောင်သားဒို့မျိုးဆက်တွေ အာဏာရှင်ဆိုတာ မမြင်ဘူးမကြားဘူး စေရဘူး။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 25, 2010 at 10:34 pm

    ဟုတ်မဟုတ်တော့ မသိသေးဘူး
    ဟုတ်ခဲ့ရင်လည်း ဖျက်စီးမီးရှို ့တာတွေမလုပ်ကြနဲ ့ဗျို ့
    လုပ်တဲ့ကောင်တွေကိုလည်း သေချာမှတ်ပြီးဖမ်း
    အဲ့ဒါ သူတို ့လူတွေဖြစ်ဘို ့များတယ်
    ဒီကောင်တွေရဲ ့ လှည့်ကွက်တွေကို ကျွန်တော်တို ့က
    ကောင်းကောင်းနပ်မှ ဖြစ်မယ်

  • etone

    October 26, 2010 at 2:39 am

    ရွှေဝါရောင်တော်လှန်ရေးတုန်းကတောင် ဘုန်းကြီးတွေထွက်လမ်းလျှောက်တော့ ပြည်သူတွေပါလာတာအများကြီးပဲမဟုတ်ဘူးလား ။ တစ်ခုခုဆိုရင် ဝင်ပါမဲ့လူတွေက များပါတယ် ။ သူတို့ကို ဘယ်သူကမှကျေနပ်တာမဟုတ်ဘူးလေ။

  • cobra

    October 26, 2010 at 2:44 pm

    လုပ်ကြပါ..များများလုပ်ကြပါ..။
    ကျန်တာမလုပ်နိုင်ပင်မယ့်လူ၁ယောက်လုံးလိုက်နိုင်ပါတယ်..။

  • mG

    October 26, 2010 at 4:31 pm

    လည်းကောင်း ဆန္ဒပြမှုအားတာဝန်ရှိသူများ မနှောက်ယှက်ရသောအချက်မှာ………။မဲဆန္ဒပေးရန် သတ်မှတ်ထားသော ရုံးများမှာ မဖြစ်မနေ မဲပေးနိုင်ရန် အခိုင်အမာပြုလုပ်ပြီးစီး ပြီးဖြစ်သောကြောင့်ဖြစ်၏။အကယ်လို့များ မဲရုံအား ပျက်စီးမှုများ ဖြစ်စေမည်ဆိုပါက ၎င်းတို့ ထိုငကြည့်နေမည်မဟုတ် ခွေးရုူးတကောင်လို့ ဝိုင်းကိုက်ကြလိမ့်မည်အမှန်တည်းဖြစ်၏လော……..။
    မည်သို့ပင် ဆန္ဒပြပါစေ နိုဝင်ဘာ ရ တွင် ကျိမ်းသေမဲပေးကို မေးရမည်မှာအမှန်ဖြစ်၏။လာရောက်မပေးပါက ကြံခိုင်ရေးဘက်မှဟု ယူူဆကာ အာဏာပိုင်မဲတွင်
    Auto စရင်းတွင်းပြီးဖြစ်၏။

Leave a Reply