အလံသစ် နဲ ့ ယတြာ ညွှန်ကြားချက်

ဂ်စ္စူOctober 22, 20101min1546

http://i56.tinypic.com/116s9k5.jpg

ယမန်နေ့က နိုင်ငံတော် အလံသစ်လွှင့် တင်တဲ့နေရာမှာ ပါဝင်တဲ့သူတွေဟာ အထက်အာဏာပိုင်တွေက ဗေဒင်ကိန်ခန်းအတိုင်း အချိန်နာရီ၊ နေ့သင့်နံသင့် မွေးနေရှင်တွေကအစ အတိအကျ လုပ်ရမယ်ဆိုတဲ့ အမိန့်စာကို ကြံ့ဖွံ့တွေ အကြားမှ ယခင်ကတည်းက လျှို့ဝှက်ဖြန့်ချိထားတယ်လို့ သိရပါတယ်။

“ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အခြေခံဥပဒေပုဒ်မ ၄၃၇၊ ပုဒ်မခွဲ (က) ပါ နိုင်ငံတော်အလံ စတင်လွှင့်ထူ ခြင်း”

ဖြစ်ပေါ်လာသည့် ဖွဲစည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ဥပဒေကို ပြဋ္ဌာန်းပြီးနောက် အလံဟောင်းနှင့် အလံသစ်ကို လဲလှယ်လွှင့်ထူရာတွင် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရန်

၁။ အလံနှစ်ခု လဲလှယ်သည့် အချိန်တွင် အလံတိုင်၌ နိုင်ငံတော်အလံ လစ်ဟာသွားခြင်း မရှိစေရေး ဆောင်ရွက်ရမည်။

၂။ အလံလဲလှယ် လွှင့်ထူမည့်သူများအဖြစ် နေ့သင့်နံသင့် အလိုအရ အင်္ဂါနေ့ မွေးဖွားသူတဦးနှင့် ဗုဒ္ဓဟူးနေ့ မွေးဖွားသူတဦးတို့ ဆောင်ရွက်စေရမည်။

၃။ အလံလဲလှယ် ဆောင်ရွက်မည့် အချိန်တွင် ဝန်ကြီးဋ္ဌာန၊ ဦးစီးဋ္ဌာန နှင့် အခြားဌာနများအလိုက် တက်ရောက်နိုင်သော အကြီးအကဲများနှင့် ဝန်ထမ်းများ အလံတိုင်ရှေ့တွင် စုရုံးရမည်။

၄။ အလံတော်အသစ်ကို အင်္ဂါသား၏ ပုခုံးပေါ်တွင် အသင့်တင်ထားပြီးနောက် အလံဟောင်းကို တိုင်ထိပ်မှ ဖြေးညင်းစွာ လျှောချရမည်။ ထိုသို့လျှောချစဉ် ကြိုးများကိုဆွဲရာ၌ အင်္ဂါသား၏ လက်များသည် ဗုဒ္ဓဟူးသား၏ လက်များ အထက်တွင်ရှိရမည်။

၅။ အလံဟောင်းသည် အလံလဲလှယ်သူများ၏ ခါးလည်ခန့် ရောက်လာသည့် အခါတွင် အလံဟောင်းကို မဖြုတ်သေးပဲ ဗုဒ္ဓဟူးသား၏ ပုခုံးပေါ်တွင် တင်ထားဆဲတွင် အလံဟောင်း၏ အထက်နေရာ၌ အလံသစ်ကို တပ်ဆင်ရမည်။

၆။ အလံသစ်ကို ချည်နှောင်တတ်ဆင်ပြီးသောအခါတွင်မှ အလံဟောင်းကို ဖြုတ်ရမည်။

၇။ ထို့နောက် အလံသစ်ကို တိုင်ထိပ်သို့လွှင့်တင်ရမည်။ လွှင့်တင်သည့် အချိန်တွင်လည်း ကြိုးများကိုဆွဲရာတွင် အင်္ဂါသား၏ လက်များသည် ဗုဒ္ဓဟူးသား၏ လက်များ အထက်မှ ဆောင်ရွက်ရမည်။

၈။ အလံလွှင့်တင်ချိန်တွင် နိုင်ငံတော် သီချင်းကိုဖွင့်ရမည်။

၉။ အလံသစ်ကို တင်ပြီးလျှင် တက်ရောက်လာသူ အားလုံးနိုင်ငံတော် အလံအား အလေးပြုရမည်။

၁၀။ နိုင်ငံတော်အလံသစ် လွှင့်တင်သည့် အခမ်းအနားသည် လွတ်လပ်ပွင့်လင်းသည့် ဟင်းလင်းပြင်တွင် ပြုလုပ်ရမည် အမိုးအကာအောက်တွင် မပြုလုပ်ရ။

၁၁။ အခမ်းအနားဆောင်ရွက်နေစဉ် မိုးရွာလျှင်လည်း အစိုခံ၍ ပြီးမြောက်အောင် ဆောင်ရွက်ရမည်။
(မှတ်ချက်- ထီးမဆောင်းရ ၊ ဦးထုပ်မဆောင်းရ ၊ မိုးခိုလှုံမှု မပြုလုပ်ရ)

အလံသစ်လွှင့်ထူမည့် နေ့ရက်နှင့် အချိန်ကို ကြိုတင်အကြောင်းကြားမည် ဖြစ်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် ဖြစ်သည်။

၁၂။ အလံဟောင်းကို နိုင်ငံတော်အလံ ဥပဒေနှင့်အညီ တာဝန်ရှိသူများက မီးရှို့ဖျက်ဆီးရမည်။ ( အဘညွှန်ကြားချက် – မီးရှို့လျှင် အိုးအလွတ်၊ ပုံးအလွတ်ထဲတွင်ထည့်၍ ပြာကျအောင် မီးရှို့ပါ၊ ပြီးလျှင် ပြာကိုမြစ်ထဲ မျှောပါ။

နိုင်ငံတော်အလံသစ်ကို နိုင်ငံတော်အလံဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း တိကျစွာလိုက်နာရမည်။

ဆိုပြီးတော့ ညွှန်ကြားချက်တွေ ပေးထားတယ်လို့ သိရပါတယ်။

မြန်မာပြည် အင်္ဂလိပ်လက်အောက်ကနေ လွတ်လပ်ရေးရယူခဲ့စဉ်ကလည်း ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် နံနက် ၄ နာရီ ၂ဝ မိနစ် မှာပဲ ရယူပြီးတော့ ယူနီယံဂျက်အလံအစား မြန်မာ့နိုင်ငံတော် အလံကို ပြောင်းခဲ့ပါတယ်။

ဒီလို နံနက်စောစော ချမ်းချမ်းစီးစီးအချိန်ကြီးမှာ လွှဲပြောင်းယူခဲ့လို အင်္ဂလိပ်လူမျိုးတွေကတောင် တခြား အချိန်ပြောင်းဖို့ ပြောတယ်လို့ သိရတယ်။

ဒါပေမယ့် ကျနော်တို့ ခေါင်းဆောင်ကြီးများကလည်း ဒီအချိန်က နေ့သင့်နံသင့် အချိန်အခါကောင်း ဆိုပြီးပြောတော့ အင်္ဂလိပ်လူကြီး မင်းများက ငါတို့က အိပ်ရေးပျက်ရင် တကြိမ်ပဲ၊ မင်းတို့က တသက်လုံး အိပ်ရေးပျက်ရမှာလို့ ပြောခဲဖူးတယ်လို့ ကြားဖူးပါတယ်။

ဒီလို နေ့သင့်နံသင့် လုပ်ပြီးကတည်းက ဖြစ်လိုက်တဲ့ ပြည်တွင်းစစ်တွေလည်း အခုအချိန်အထိ မပြီးသေးပါဘူးဆိုတာ အများအသိပါပဲ။

Ref;ရန်ပိုင်@Irrarywaddy blog

6 comments

  • unclegyi1974

    October 22, 2010 at 2:31 pm

    ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မှာပါ
    ကိုယ်အရိပ်ကိုယ့်နောက်ပါမှာပါဘဲ

  • ghost

    October 22, 2010 at 2:50 pm

    စောက်ရူးတွေ မသေနိုင်အောင် ယတြာလုပ်လို့ရလား?

  • The Reds

    October 22, 2010 at 3:47 pm

    ဟုတ် တယ် …. ဘိုး တော် တွေ ဗေဒင် ဆရာ တွေ က လဲ သေ ပဲ မ သေ နိုင် ဝူး။ မြောှက် .. မြှောက် ပေး နေ တယ် …

  • cruz

    October 22, 2010 at 4:29 pm

    သူတို့ ကိုးကွယ်နေတဲ့ ဘိုးတော်တစ်ယောက်ရှိတယ်တဲ့….ဦးသန်းရွှေလက်စွဲလေ….
    သူအခါပေးလို့ ပြုတ်တဲ့ သေတဲ့ အရာရှိတွေတောင်မနည်းတော့ဘူးဆိုပဲ ကြားမိတာလေးပြောပါတယ်..

  • PaukPhaw

    October 23, 2010 at 5:36 am

    အလံပြောင်းရင် အလောင်းတောင် ပြန်မရဘူးမြန်မာနိုင်ငံ အလံသစ် ပြောင်းခြင်းနဲ့ ပတ်သက်လို့ ဧရာဝတီသတင်းဌာနရဲ့ ဆွေးနွေးခန်းပါ။ သူငယ်ချင်းတစ်ယောက် ဒေါင်းယူထားပြီး ပြန်တင်ထားတဲ့ ဆွေးနွေးခန်း mp3 ဖြစ်ပါတယ်။နားထောင်ချင်ရင်..Mefiafire Multiuploadsonsonlay multiply

  • cobra

    October 26, 2010 at 3:07 pm

    သူတို ့ကယတြာအားကိုးနဲ့လူပါးဝချင်နေတာလား..။စောက်ရူးတွေ…။

Leave a Reply