တီးရှော့

naywoon niOctober 22, 20101min510

ရင်ခုန်စရာမကောင်းတဲ့

သူတို့ရဲ့ဟန်ဆောင်မှုတွေကို

ခွေးသေကောင်လို…

လည်မှာကြိုးစွပ်လို့.

ဝေးရာကိုဆွဲသွားကြစမ်း…။

ရင်ခုန်စရာမကောင်းတဲ့

သူတို့ရဲ့အချစ်တွေကို

မလေးရှားစုန်းကားထဲကလို

မှော်အတတ်နဲ့…….

ပြာချပစ်လိုက်ကြစမ်း…။

ရင်ခုန်စရာမကောင်းတဲ့

သူတို့ရဲ့ငိုကြွေးမှုတွေကို

သူတောင်းစားအိုရဲ့..

ဈာပနထဲ

ပစ်သွင်းလိုက်ကြစမ်း….။

ရင်ခုန်စရာမကောင်းတဲ့

သူတို့ရဲ့ဆာလောင်မှုတွေကို

ဟော့ ..ဟို..ဝအစ်အစ်အဆီပြန်မျက်နှာရဲ့အိတ်ထဲက

VDOပြာတိတ်ခွေထဲ..

ဆွဲသွင်းလိုက်ကြစမ်း….။

ရင်ခုန်စရာမကောင်းတဲ့

သူတို့ရဲ့.ကြောက်ရွံ့ ့မှုတွေကို

ကမ္ဘာစစ်က…

ဗုံးခိုကျင်းအဟောင်းထဲ

ဆွဲချလိုက်ကြစမ်း….။

ရင်ခုန်စရာမကောင်းတဲ့

သူတို့ရဲ့ဂုဏ်သိမ်တွေကို

ငါတို့အိမ်ရှေ့က…

စီးဆင်းခြင်းမဲ့ရေဆိုးမြောင်းထဲ

ပစ်ချလိုက်ကြစမ်း…။

(အိုး……..)

ရင်ခုန်စရာမကောင်းတဲ့

ဟော့ဒိအကောင်ကိုလည်း

ဟော..ဟိုရှေ့က

ကောင်မလေးတွေနဲ့ ့

လှချင်တိုင်းလှနေတဲ့

လမ်းမကြီးပေါ်က

ဆွဲထုတ်လိုက်ကြစမ်းပ………။

@နေဝန်းနီ