အချစ်ရနံ့ပါတဲ့သီချင်း

naywoon niOctober 22, 20101min460

မိုးရယ်..

မရွာနဲ့ဦးကွယ်

တို့တောင်းပန်တယ်။

လေရယ်..

မလာနဲ့ဦးကွယ်

တို့တောင်ပန်တယ်။

လျှပ်ပန်းနွယ်..

မင်းမလာနဲ့ဦးကွယ်

တောင်းပန်ပါရစေ။

လေရယ်..မိုးရယ်..

လျှပ်ပန်းနွယ်……

စာနာပါဦး

ညှာတာဦးကွယ်

လတ်ဆတ်တဲ့……

အချစိရနံ့ ့ပါတဲ့တေးသွားနဲ ့

ဒီညရဲ့အမှောင်ထွက်မသွားခင်

ငိုကြွေးချင်သေးတယ်။

မိုးရွာရင်…..

လေလာရင်…..

လျှပ်ပန်းနွယ်မင်းပျက်ရယ်ရင်

တို့ရဲ့ငိုကြွေးသံလေး

ခေါင်းမော့နိုင်မှာမဟုတ်ဘူးကွယ်။

မင်းတို့ကတိုက်ဖျက်ချေမွသွားလိမ့်မယ်။

ရနံ ့ပျယ်သွားရင်

တို့သိပခံစားရလိမ့်မယ်။

အဲဒါကြောင့်တို့တောင်ပန်ပါရစေ…..

ဒီတစ်ညတော့

မိုးမရွာနဲ့ဦး….

လေမလာနဲ ့ဦး……

လျှပ်ပန်းနွယ်

ဆင်းမလာပါနဲ့ဦးကွယ်။

@နေဝန်းနီ