လွင့်မြောခြင်းအတွေးစများ

naywoon niOctober 22, 20101min600

စိတ်ညစ်ခြင်းရဲ့

သက်ပြင်းပေါ်မှာ

ဝိဉာဉ်တစ်ခုပါသွားတယ်။ ။

တွေဝေခြင်းရဲ့

မြင်ကွင်းပေါ်မှာ

လိမ်ညာခြင်းတစ်ခုပါသွားတယ်။ ။

ဆူညံသွားတဲ့

ရထားပေါ်မှာ

ရာသီအိုတစ်ခုပါသွားတယ်။ ။

ပုံမှန်ဆိုတဲ့

ယန္တယားပေါ်မှာ

မူလီတစိခု(လိုငါ)ပါသွားတယ်။ ။

အသံမြည်တတ်တဲ့

ခုံဖိနပ်အိုပေါ်မှာ

ဝေဖန်တတ်တဲ့

ပေတံတစ်ချောင်းဟာ

ရင်ခုန်စရာမကောင်းလည်း………

ခုံဖိနပ်သံဟာ

ပလက်ဖောင်းပေါ်မှာ

လွင့်မျောရှပ်တိုက်လိုက်ပါနေပေါ့…..။ ။

@နေဝန်းနီ