ကျောက်စိမ်းရေကန်, Yamdrok Yumtso Lake from Tibet

weiweiOctober 22, 20102min662

ဒီရေကန်ကလဲ တိဗက်ပြည်နယ်ရဲ့ မြင့်မြတ်တယ့်ရေကန်သုံးခုထဲက တစ်ခုဖြစ်ပါတယ်။ Shannan region မှာတည်ရှိတယ့် အစိမ်းရောင်ရှိတယ့် ရေချိုရေကန်ဖြစ်တယ်။ မနေ့က တင်ထားတယ့် နမ်ဆိုရေကန်ကတော့ အပြာရောင် ရေငံရေကန်ပါ။ ဧရိယာ 246 စတုရန်းမိုင်ရှိလို့ ဟိမဝန္တာပတ်ဝန်းကျင်မှာ အကြီးဆုံးရေကန်တစ်ခုဖြစ်ပါတယ်။ ရေသေရေကန်ပါ။ ပတ်ဝန်းကျင်ကရေခဲတောင်တွေကပျော်ကျလာတယ့်ရေတွေနဲ့ ရေကန်ဖြစ်နေတာပါ။ အနက်ဆုံးနေရာမှာ မီတာ ၆ဝ အထိရှိပြီး အတိမ်ဆုံးအနက်က မီတာ ၂ဝ ရှိတယ်။ ဓါတ်ပုံထဲမှာတော့ ရာသီဥတုက မိုးအုံ့နေတာကြောင့်ရယ် အချိန်က မနက်စောစောဖြစ်တာကြောင့်ရယ် ရေကန်ရဲ့အလှကို ထင်ထင်ရှားရှားမမြင်ရတာပါ။ သဘာဝတရားရဲ့ အံ့မခန်းတယ့်အလှတစ်ခုပါပဲ။ လမ်းတစ်လျှောက်မှာ လှပတယ့်တောင်တွေနဲ့ ချောမွတ်နေတယ့် အဝေးပြေးလမ်းတွေနဲ့ အရမ်းသာယာပါတယ်။ နောက်ထပ်လှတယ့်နေရာတွေကိုလဲ တဖြည်းဖြည်းနဲ့ တင်ပေးပါအုန်းမယ်။

2 comments

  • kai

    October 22, 2010 at 8:45 pm

    တောင်အောက်က ရွာလေးကပြားကပ်နေတာပဲနော..။ လယ်လုပ်စားကြတယ်နဲ့တူတယ်..။
    လယ်၊ယာကွက်တွေတွေ့လို့…။
    ဘေးမှာရေကန်နဲ့..တောင်နဲ့..
    နေလို့ကောင်းမဲ့ပုံ..။

  • weiwei

    October 23, 2010 at 3:13 am

    အဝါရောင်မြင်နေရတယ့် စိုက်ခင်းတွေက မုန်ညင်းပင်က မုန်ညင်းပွင့်တွေ … တောင်ရယ် .. ကောင်းကင်ပြာရယ် .. စိုက်ခင်းအဝါရောင်နဲ့ အစမ်းရောင်တွေက ပန်းချီရေးထားသလိုပါပဲ … မျက်စိတဆုံးမြင်နေရတယ် …

Leave a Reply