04B GIRI ဆိုင်ကလုန်းမုန်တိုင်း အေရှ့ဖက်ကိုရွေ့လျားခဲ့ပြီး ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် မြန်မာနိုင်ငံအလယ်ပိုင်းသို့ရောက်ရှိနေ။ (၂၃-၁၀-၂၀၁၀၊ နံနက်(၀၇)နာရီ(၁၅)မီနစ်အချိန်ထုတ်ပြန်ချက်)

မနေ့ညက Category II ရှိတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီး GIRI ဟာ ညက အရှေ့မြောက်ဖက် ယွန်းယွန်းကို ရွေ့လျားလmရင်းနဲ့ အားလျော့လာခဲ့ကာ ဒီကနေ့ (၂၃-၁၀-၂၀၁၀) နံနက်(၅)နာရီမှာ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းအတွင်းကို ရောက်ရှိနေပါတယ်။ (၂၃-၁၀-၂၀၁၀) ရက်နေ့ နံနက်(၅)နာရီအချိန်မှာ အောက်ပါ အတိုင်းသုံးသပ်ရပါတယ်။ (၁) GIRI ဟာ အာလျော့သွားခဲ့ပါတယ်။ (၂) ကုန်းတွင်းကိုလည်း ဝင်ရောက်ခဲ့ပါတယ်။ (၃) ပျက်ပြယ်သွားခြင်းမရှိဘဲ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ဆက်လက်တည်ရှိနေပါတယ်။ (၄) မနက်(၅)နာရီမှာ 20.5°N 94.5°E မန္တလေးတိုင်း အလယ်လောက်မှာဗဟိုပြုနေပါတယ်။ (၅) လေတိုက်နှုန်း တစ်နာရီ(၃၀-၃၅)မိုင်နှုန်း လောက်တိုက်ခတ်နိုင်ပြီး တစ်ခါတစ်ရန် တစ်နာရီ(၄၀-၄၅)မိုင်နှုန်းလောက်အထိရှိနိုင်ပါတယ်။ (၆) အရှေ့မြောက် ယွန်းယွန်းကို ဆက်ရွေ့ရင်းနဲ့ ဒီကနေ့ညနေလောက်အထိ ဆက်လက်တည်ရှိနိုင်ပါတယ်။ (၇) တဖြည်းဖြည်း အားလျော့သွားနိုင်ပါတယ်။ (၈) ရခိုင်ပြည်နယ်မှာ မိုးတိမ်တွေရှိနေဆဲဖြစ်ပါတယ်။ အဲ.. ကုန်းထဲရောက်ပြီးနောက်ထပ်တစ်ရက်လောက် (၂၃-၁၀-၂၀၁၀)ညနေအထိ ရှိနေဦးမှာမို့ ကုန်းတွင်းပိုင်းဒေသတွေ (မကွေးတိုင်း၊ စစ်ကို်င်းတိုင်း၊ မန္တလေးတိုင်း)မှာ မိုးတော့ရွာဦးမယ်လို့ ခန့်မှန်းကြောင်းပါဗျာ။ MCCW Updated on 23-10-2010 at 06;30 MST)

http://tunlwin.com/latestdetail.php?myanmar=43

U Tun Lwin weather forecast

One comment

  • ဆူး

    October 23, 2010 at 4:19 am

    ရခိုင် ဘက်က ဘာသတင်းများ ကြားပါသလဲ.. အပျက်အစီးနဲ့ အထိအခိုက် သတင်းလေး သိချင်တယ် ပြောကြပါအုန်း.. သူလည်း နာဂစ်လို အားပြင်းမုန်တိုင်း ဖြစ်ပေမဲ့ သတင်းတွေမှာ ကြေညာထားပြီး ကာကွယ်မှုတွေ ရှိတယ်ဆိုတော့.. ရခိုင် မုန်တိုင်းသင့် ဒေသ နောက်ဆုံး သတင်းလေး ဖတ်ချင်တယ်.. သိတဲ့ လူရှိရင် တင်ပေးကြပါ။

Leave a Reply