ဧဝရတ်တောင်သွား တောလား , Mt. Everest

weiweiOctober 23, 20102min14319

ဧဝရတ်တောင်ကိုတော့ ရောက်ဖူးတယ့်သူ တော်တော်ရှားပါလိမ့်မယ် … ကျွန်မနဲ့ ကျွန်မသူငယ်ချင်း နှစ်ယောက်ကတော့ ခရီးသွားဝါသနာအရမ်းပါလွန်းလို့ စွန့်စွန့်စားစားနဲ့ မရောက်ရောက်အောင် သွားဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တယ့် ၂ နှစ် လောက်ကပါ။ Lhasa မြို့ကနေ ကားနဲ့ ၂ ရက်ခရီးသွားရပါတယ်။ လမ်းက မြို့တစ်မြို့မှာ တစ်ညအိပ်ရတယ်။ လုံခြုံရေးတင်းကြပ်တယ့်နယ်မြေဖြစ်လို့ သီးသန့်ဗီဇာလုပ်ပြီးသွားရပါတယ်။ အခု ဓါတ်ပုံထဲကနေရာကတော့ တရုတ်ပြည်ဘက်အပိုင်းကနေ ဧဝရက်တောင်ကို အနီးကပ်ဆုံးချဉ်းကပ်နိုင်တယ့်နေရာဖြစ်ပါတယ်။ အဲဒီတောင်ရဲ့ တခြားတစ်ဘက်ခြမ်းကတော့ နီပေါလ်နိုင်ငံဖြစ်ပါတယ်။ တရုတ်လိုတော့ ဧဝရက်တောင်ကို (Qomulangma) လို့ခေါ်တယ်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၈၈၀ဝ ကျော်အထိမြင့်တယ်။ ကျွန်မတို့ရောက်ခဲ့တယ့်နေရာကတော့ မီတာ ၅၀၀ဝ ကျော်တယ့်နေရာဖြစ်ပါတယ် ။ တောင်တက်သမားဆိုရင်တော့ နောက်ထပ်ဗီဇာတစ်ခုထပ်လုပ်ရပြီး တောင်တက်ခကိုလဲ ပိုက်ဆံတော်တော်ထပ်ပေးရမှာဖြစ်ပါတယ်။ နေထွက်ချိန်နဲ့နေဝင်ချိန်အလှကို သွားရောက်ကြည့်တယ့်သူတွေရှိပါတယ်။ ကျွန်မတို့ကတော့ ညနေ နေဝင်ချိန်အမှီသွားပေမယ့် လမ်းမှာ ကားပျက်သွားလို့ မိုးချုပ်မှ ရောက်သွားပါတယ်။ မနက်ကျတော့လဲ ကံဆိုးချင်တော့ နေက ကောင်းကောင်းမထွက်ပါဘူး။ နောက်တစ်နေ့စောင့်နေဖို့ကလဲ အချိန်မရတော့တာကြောင့် ပြန်လာခဲ့ရပါတယ်။ ဟိမဝန္တာတောင်တန်းကြီးတွေကို တွေ့ခဲ့ရတယ်။ အပူဆုံးနွေရာသီအချိန်မှာတောင်မှ နှင်းတွခဲနေတယ့် ဆွတ်ဆွတ်ဖြူနေတယ့် တေင်ကြီးကို အနီးကပ်ဆုံးမြင်တွေ့ခဲ့ရတယ့် ခံစားချက်ကတော့ ပြောမတတ်တော့ဘူး။  လမ်းခရီးတောက်လျှောက်က သဘာဝအလှတွေနဲ့ တိဗက်တို့ရဲ့ ထင်ရှားတယ့် ဘုရားကျောင်းနဲ့ စေတီပုံတွေကို ထပ်ပြီး တင်ပေးပါအုန်းမယ် ….

19 comments

  • kai

    October 23, 2010 at 7:51 am

    တော်တော်လှတယ်နော..
    ယူအက်စ်မှာ..အဲလိုနေရာရှိမှာမဟုတ်ဘူး..။ ရောကီးတောင်ကအမြင့်ဆုံးနေရာရောက်ဖူးပေမဲ့.. အဲဒီလောက်မှမမြင့်တာနော..။

    အဲလောက်အမြင့်ဆို..အသက်ရူတာအဆင်ပြေရဲ့လား..။
    အောက်စီဂျင်ကူရသေးလား သိချင်တာပါ..။
    အသိတယောက် လုပ်ထားတာလေးပြောချင်လို့ပါ..။ ရောက်တဲ့နေရာတိုင်းရဲ့ ကျောက်တုံးလေးတွေကောက်ပြီး နေ့စွဲရေးထားတယ်..။
    ခရီးသွားဝါသနာပါသူတွေလုပ်သင့်ပါတယ်..။

  • weiwei

    October 23, 2010 at 8:16 am

    ချက်ခြင်းကြီး အဲဒီကိုရုတ်တရက်ရောက်သွားမယ်ဆိုရင်တော့ အသက်ရှူရတာ အဆင်ပြေမယ်မထင်ဘူး … ကျွန်မတို့ကတော့ အဲဒီဒါဏ်ကို ကာကွယ်တယ့်အနေနဲ့ တိဗက်ကို ပေကျင်းကနေ အမြန်ရထားနဲ့ ၄၈ နာရီ စီးပြီးသွားပါတယ်။ လေယာဉ်နဲ့သွားရင် ရုတ်တရက် အမြင့်ကိုရောက်သွားသလိုဖြစ်မှာဆိုးတာရော ပတ်ဝန်းကျင် သဘာဝအလှတွေကို ရထားပေါ်ကနေ ကြည့်ချင်တာရောပေါ့ … လိုအပ်တယ့်ဆေးဝါးတွေလဲ ယူသွားတယ် … ဒါတောင်မှ Lhasa ရောက်တယ့်အချိန်မှာ ခေါင်းမူးတယ် … ဂလူးကို့စ်အရည်ကို များများသောက်ရပါတယ် … ၂ ရက်လောက်နေတော့ အသားကျသွားတယ် … အဲဒီက ကျောက်တုံးလေးတွေတော့ အမှတ်တရ ယူလာခဲ့သေးတယ် …

  • tunaung

    October 23, 2010 at 9:46 am

    သဘေားကျတယ်ဗျာဆက်တင်ပါအုံး…အားပေးနေပါတယ်…

  • maungmoenyo

    October 23, 2010 at 11:51 pm

    မြန်မာလူမျိုးထဲက Mt Everest ကိုရောက်ဖူးသူတွေရှိမှာဘဲ။ ဒါပေမဲ့ဒီလိုရှားရှားပါးပါးဓါတ်ပုံ (ကိုယ်တိုင်ရိုက်ထားတဲ့)မြင်ရတော့ဝမ်းသာဂုဏ်ယူမိပါတယ်။ မိမိကိုယ်ပို blog ဖြစ်ဖြစ်တင်ပြီးခရီးသွားခြင်းဆောင်းပါးအကြောင်းတွေဖေါ်ပြနိုင်ရင်ပိုကောင်းပါမယ်။

  • weiwei

    October 24, 2010 at 4:15 am

    ကျွန်မစိတ်ကူးကလဲ ဗမာလူမျိုးတွေ သွားချင်ရင်သွားလို့ရပါတယ်ဆိုတာကိုလဲ အသိပေးရင်းနဲ့ မသွားဖြစ်ရင်လဲ အနဲဆုံး ဓါတ်ပုံလေးတော့ မြင်ဖူးအောင် ဗဟုသုတရအောင် မိတ်ဆက်လိုက်တယ့်သဘောပါပဲ။ ဆောင်းပါးတစ်ခုလိုရေးဖို့ကတော့ အချိန်ယူရအုန်းမှာပါ။

  • weiwei

    November 15, 2011 at 2:44 pm

    ဦးဘလက်ရဲ့ နေပြည်တော်သွားတောလားမှာ related posts အနေနဲ့တွေ့လိုက်လို့ ပြန်မန်းပြီး ကြည့်ရအောင် တင်ပေးလိုက်ပါတယ် ….

  • inz@ghi

    November 15, 2011 at 2:47 pm

    Wow …လှထှာ ….
    ရှုခင်း ရိုက်တဲ့လူ ကင်မလာ ၃ခုလုံး အပြတ်မိုက်ထှာ
    အဲ့လာမျိုး ….ရိုက်ဖူးတေးဝူး ….
    8-15mm တပ်ပီး ဝိုက်ဒ်ထလိုက်ရရင်ဒေါ့ …….

    • weiwei

      November 15, 2011 at 2:55 pm

      လွန်ခဲ့တဲ့တစ်နှစ်လောက်က ဒီရွာထဲမှာ ကျွန်မတစ်ယောက်ထဲ ခရီးသွားပစ်လိုက်တာ တရုတ်တစ်နိုင်ငံလုံး အကုန်နီးပါးပဲ … ရှုခင်းတွေ အရမ်းလှပါတယ် … အခုမှ မောလို့ နားနေတာ … 😛
      အဲဒီတုန်းက ရိုးရိုး sony ကင်မရာအသေးလေးနဲ့ရိုက်ခဲ့တာ … အခုတောင် ပျက်သွားရှာပြီ …

  • ဆူး

    November 15, 2011 at 2:56 pm

    ပြန်ကြည့်တော့လည်း လှ နေတာပဲ ဘယ်လို ကြည့်ကြည့် လှတယ်။

  • nozomi

    November 15, 2011 at 4:03 pm

    လွင်မိုး ခရီးသွားတာလောက်တော့ အန်တီဝေက ပျင်းတောင် ပျင်းသေးတယ်
    ခရီးတွေ ပြန်ထွက် ပြန်တင်ပေးပါဦး
    မြန်မာတွေ မရောက်ဘူးသေးတဲ့ နေရာတွေ အီရတ်၊ဆီးရီးယား၊ အာဖဂန်လို ထူးထူးဆန်းဆန်း နေရာမျိုးလေးတွေပေါ့

    • weiwei

      November 15, 2011 at 8:27 pm

      ခရီးတွေကတော့ တရုတ်ပြည်နဲ့ပဲ အကျိုးပေးတယ် … နောက်တစ်ခေါက် သွားဖို့အစီအစဉ်ရှိသေးတယ် … ကျန်တဲ့နိုင်ငံတွေ သွားလည်ဖို့ အခွင့်အရေးမရှိသေးဘူး …

  • နီလေး

    November 15, 2011 at 4:12 pm

    အရမ်းလှတာပဲ ရောက်ဖို့မလွယ်ပေမယ့် မြင်ဖူးသွားအောင် တင်ပေးတဲ့အတွက်ကျေးဇူးနော်

  • blackchaw

    November 15, 2011 at 5:56 pm

    အားပါးပါး။ လေးစားပါတယ် အန်တီဝေရေ။
    ရှုခင်းတွေကလည်း အရမ်းကြီးကို လန်းနေတာပါဗျာ။
    ပို့စ်က မနှစ်က အောက်တိုဘာမှာတင်တာပေမယ့်
    အခုထိ တန်ဘိုးရှိနေပါသေးတယ်။
    နောက်ထပ်တင်တဲ့ ပုံတွေကြည့်ချင်လို့ ပို့စ်နာမည်လေး
    ပြောပြပေးပါဦး။

    • weiwei

      November 15, 2011 at 8:31 pm

      ပို့စ်တွေက များလွန်းတယ် … Tibet ခရီးစဉ် (၁) ကနေ (၇) အထိ တင်ထားသေးတယ် …
      ရှုခင်းအနေနဲ့ လျှပ်တစ်ပြက်ရိုက်ချက်များ (၁) ကနေ (၉) အထိ ရှိသေးတယ် ..
      တခြားနေရာတွေလဲ အများကြီးဆိုတော့ လင့်ပြန်ရှာဖို့ အချိန်ပေးရမလိုဖြစ်နေပြီ ..

  • windtalker

    November 15, 2011 at 7:07 pm

    အညန်း တောပုံမပါဘူးနော် ၊ တောင်ပုံတွေဘဲ မြင်ရတယ်ဗျို ့
    တောနဲ ့တောင်စွယ် မဟုတ်ဘူး ။ တောင်နဲ ့တောင်စွယ် ဘဲဗျို ့

  • koaung

    November 15, 2011 at 7:13 pm

    အရမ်းလှတဲ့နေရာပါ ကြုံရင်တော့သွားချင်ပါရဲ့ တော်တော်အချိန်ပေးရမဲ့သဘောရှိတယ်

  • pooch

    November 15, 2011 at 8:44 pm

    မဝေရယ် …….အားကျလိုက်တာ အဲ့ဒီလို နေရာထိသွားနိုင်တာကို …
    အရမ်းလှတာပဲနော်…. တသက်မမေ့စရာ မြင်ကွင်းပါပဲ…. ဒါမျိုးမှ လူဖြစ်ရကျိုးနပ်တာ ….
    မသေခင်တော့ ရောက်ဖူးချင်ပါတယ်….

    သွားချင်တဲ့နေရာတွေ အရမ်းများနေပြီ…

  • blackchaw

    November 16, 2011 at 11:29 am

    တွေ့ပြီ အန်တီဝေရေ။
    တိဘက်ခရီးစဉ်တွေရော။ လျှပ်တပြက်ရိုက်ချက်တွေရော။
    ဟားဟား။ အခုမှ မန်းဂဇက်ရဲ့ ခရီးသွား ဓါတ်ပုံဆရာက
    အန်တီဝေဖြစ်နေတာကိုး။ ပုံလေးတွေကလည်း လှတယ်ဗျာ။
    တိမ်မြုတ်ပျောက်ကွယ်မသွားသင့်သော ဓါတ်ပုံများပေါ့ဗျာ။
    ပြန်ပေါ်လာပါလိမ့်မည်။ စောင့်နေပါ။

  • cryingsoul

    November 28, 2011 at 4:51 pm

    ကျွန်တော်က တော.ဝင်တာမကြာသေးလို.ခုမှပဲဝင်ကြည်.သွားပါတယ် အန်တီဝေဝေ ခုလိုပုံတွေတင်ပေးတာအတွက်ကျေးဇူး ပါ

Leave a Reply