ပြည်တွင်းအင်တာနက်လိုင်းများ ပြတ်တောက်နေ

ဂ်စ္စူOctober 23, 20101min1085

ပြည်တွင်းမှာ အင်တာနက်လိုင်းများ သုံးစား၍ မရအောင် ပြတ်တောက်နေပါသည်။

လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ကွန်နက်ရှင် ပုံမှန် မဟုတ်တော့တာဗျ။

ပုံမှန်ကွန်နက်ရှင်ဆိုတာ တက်လာလိုက်.ကျသွားလိုက်နဲ ့   ပေကတ်ကတ် လုပ်တတ်တဲ ့ အနေအထားပါလေ။ကျသွားလဲ ခဏပဲ။ခဏနေရင်  လိမ်ဖယ်လိမ်ဖယ်နဲ ့ ပြန်တက်လာပါသေးတယ်။

အခုက တမင်တကာကို ဖြတ်ထားတာပဲ ဖြစ်တယ်။ဝဘ်ဆိုဒ်တွေကြည့်ဖို ့မပြောနဲ ့ ဂျီတော့ခ် တောင် ဝင်လို ့မရဘူးဗျာ။မနေ ့ကထဲက ဖြစ်နေတာ ဒီနေ ့အထိလဲ မကောင်းသေးဘူး။

တစ်နိုင်ငံလုံးလိုလို အင်တာနက်သုံးလို ့ အဆင်မပြေဘူး ဖြစ်နေတယ်။အကြောင်းတစ်ခုခု ရှိပြီဆို သတင်းအမှောင်ချပြီး ကွန်နက်ရှင် ဖြတ်ဖို ့ပဲ သိတယ်လေ။

ဧရာဝတီ ဘလော့ဂ်မှာတော့ ဒီလိုသတင်းပေးတာတွေ ့ရတယ်။

“မနက်ခင်းကတည်းက ရန်ကုန်မှာ အင်တာနက် ကော်နရှင်နှေးနေတယ်။ အခုလုံးဝမရတော့ဘူး။ တနိုင်ငံလုံးပဲ။ မန္တလေး ၊ တောင်ကြီးဘက်ကိုလည်း ဖုန်းဆက်မေးပြီးပြီ။ သူတို့လည်း မရဘူး။ ကျနော်ထင်တာကတော့ နာဂစ်တုန်းကလို အသေအပျောက် အပျက်အစီး မြင်ကွင်းတွေ ၊ အသံတွေကို ပြည်ပ ထွက်သွားမှာစိုးလို့ သူတို့ သေချာဖြတ်လိုက်တဲ့ သဘောပဲ။ ဘယ်နေ့မှ ပြန်ရမယ်ဆိုတာလည်း သေချာမသိရသေးဘူး”ဟု ရန်ကုန် သတင်းထောက်တဦး ဆီမှသိရပါသည်။

ဒီပို ့စ်လေး တစ်ခုတင်ဖို ့တောင် တစ်လ လောက်စောင့်ခဲ့ရတယ်…..

လို ့မထင်ပါနဲ ့။

တစ်မနက် ပဲ စောင့်ခဲ့ရပါသည်။ဘယ်အထိ ပျက်နေဦးမှာလဲ ကွန်နက်ရှင်ရေ။

5 comments

  • unclegyi1974

    October 23, 2010 at 3:13 pm

    ကွန်နက်ရှင်မကောင်းတာများကွယ်
    ဒို့များနိုင်ငံမှာထူးမှမထူးတော့ဘဲနဲ့
    အရမ်းကောင်းမှကောင်းဆိုတော့မှသတင်းကွယ့်

  • ဆူး

    October 24, 2010 at 3:05 am

    ဆူး အထင်ကတော့ .. ဟိုတနေ့က ဒီမှာ ရေးထားတဲ့ ပို့စ်တခုက သီတင်းကျွှတ်လပြည့်နေ့ တနိုင်ငံလုံးဆိုင်ရာ အထွေထွေ သပိတ်မမှောက်မယ် အားလုံးပါဝင်ပါဆိုပြီး လှုံဆော်တဲ့ သတင်းတခု ဖတ်လိုက်ရတယ်.. အဲဒါကြောင့်များလားမသိဘူး.. နောက်ပြီး လပြည့်နေ့ ပိတ်ရက်ဖြစ်တဲ့ အတွက် ဘုရားတွေ အပန်းဖြေ နေရာတွေမှာ လူစည်ကားသလို လုံထိန်းကားတွေ နေရာတော်တော်များများမှာ တွေ့နေရတယ်။ အဲဒါကြောက်လို့ အင်တာနက် နှေးထားတာ ဖြစ်လိမ့်မယ် ယူဆပါသည်။

  • blacklover

    October 24, 2010 at 4:45 am

    ဟုတ်တယ်ခုရက်ပိုင်းလိုင်းတွေတော်တော်ကိုစုတ်တယ်။ကြားတာတော့ ဖိုက်ဘာတွေချပေးပြီးရင် yatanarponဆိုဒ်ကနေတစ်ဆင့်ခံပြီးဝင်ရမယ်လို့ကြားတယ်။အကုန်ဆိုဒ်တွေဘမ်းပြီးတော့သူတို့အကုန်ထိန်းချုပ်မယ်လဲကြားတယ်။

    • ဆူး

      October 24, 2010 at 4:51 am

      ဒါလည်း ကောင်းတာဘဲ.. ဟားဟား..

  • thidakywewa1

    October 24, 2010 at 2:45 pm

    ရပါတယ် ။လုပ်ကြပါစေ သူတိုလက်ထဲမှာပဲ ရှိတယ်လေ

Leave a Reply