့မြန်မာပြည်မှာ ကားစီးမလား

asiamastersOctober 23, 20101min1266

မော်တော်ကားနဲ့ ပတ်သက်ရင် မြန်မာလူမျိုးတွေရဲ့ ခံစားနေရတာ အဆိုးဆုံးပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ မော်တော်ကားဈေးအကြီးဆုံး စံချိန်တင်ထားရတာဖြစ်ပါတယ်။ မော်တော်ကားရဲ့ အဓိက Purpose ကခရီးသွားခြင်းဖြစ်ပါတယ်။ မြန်မာလူမျိုးတွေဟာ ခရီးသွားခြင်းအလွန်နည်းပါးပါသေးတယ်။ ဒိအပြင် မော်တော်ကားကိုလဲ အဆင့်အတန်းပြပစ္စည်းတစ်ခုအနေနဲ့သာ သုံးစွဲနေသေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ မော်တော်ကား အတော် စောစောထုတ်လုပ်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ အခု မော်တော်ယာဉ် ထုတ်လုပ်နေတဲ့ အမှတ် (၂) စက်မှုဝန်ကြီး ဌာနမှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ထုတ်လုပ်ခဲ့တဲ့ကားတွေဟာ ဂျပန်နိုင်ငံ စစ်လျှော်ကြေးရရှိခဲ့တဲ့ Mazda Company မှ B-360, B-600 (Pickup/saloon) နဲ့ Mazda Jeep များကိုထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ B-360 နဲ့ B-600 တွေကို Public Transportation အများပြည်သူခရီးသွားလာရေးအတွက် ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Mazda Jeep တွေကို ကတော့စက်မှုနိုင်ငံထူထောင်ချိန်မှာ စက်ရုံအလုပ်ရုံ စီမံကိန်းတွေမှာ အသုံးပြုနိုင်ရန်ရည်ရွယ်ပြီးထုတ်လုပ်ခဲ့ပါတယ်။ လမ်းမရှိသေးတဲ့နေရာတွေမှာ သုံးဖို့၊ ဖုန်ထူတဲ့နေရာတွေမှာ သုံးနိုင်ဖို့အတွက် Air cleaner ကို အထူးပြောင်းလဲထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ဆိုရှယ်လစ်စနစ်ကြီး ပန်းတိုင်ရောက်နိုင်ဖို့အတွက် စဉ်းစားလုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ဆိုရှယ်လစ်စနစ်ကြီးဟာ ပန်းတိုင်မရောက်ပဲ သွေးထွက်သံယိုကိစ္စတွေနဲ့ ပဲ အဆုံးသတ်ခဲ့တာ အားလုံးအသိပါပဲ။ ဒါပေမဲ့ ဆိုရှယ်လစ်စနစ်မှာ အများပြည်သူအတွက် စဉ်းစားခဲ့တယ်ဆို တာ အားလုံးမြင်နိုင်မှာဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ တပ်မတော်မှ အာဏာသိမ်းခဲ့ပါတယ်။ Economy ပုံစံကို Market Oriented Economy ဆိုပြီး၊ ဆိုရှယ်လစ် Economy လဲမကျ၊ အရင်းရှင်စနစ်လို့ခေါ်တဲ့ (Capitalism) လဲမကျတဲ့ စနစ်မျိုးကိုကျင့်သုံးခဲ့ပါတယ်။ Private တွေက နိုင်ငံရပ်ခြားကို ကုန်ပစ္စည်းတွေတင်ပို့ခွင့်ပြုလိုက်တဲ့အတွက် သူတို့မှာလည်း Earning (တရားဝင်နိုင်ငံခြားဝင်ငွေ)ရလာတာဖြစ်ပါတယ်။ ဒီတော့မော်တော်ကားတင်သွင်းခွင့် ကို သင်္ဘောသားတွေသာမက၊ Earning ရှိသူအားလုံးသွင်းခွင့်တယ်ဆိုပြီးလုပ်လာပြန်ပါတယ်။ Ministry of Trade ကို Ministry of Commerce လို့အမည်ပြောင်းခဲ့ပါတယ်။ ပြည်တွင်းကိုမော်တော်ယာဉ်တင်သွင်းခွင့်ကို ဒီ Ministry ကကိုင်ပါတယ်။ အများဆုံးတင်သွင်းတာက ဂျပန်နိုင်ငံက တပတ်ရစ်ကားများဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းက Demand ကအလွန်များနေတဲ့အတွက် သက်ဆိုင်ရာ တွေရော၊ ကားသွင်းသူတွေပါ ဆွမ်းကြီးလောင်းတဲ့ခေတ်ဖြစ်လာပါတယ်။ ဒီအချိန်က ဘယ် Model တွေကို သွင်းရမယ်ဆိုပြီး ကန့်သတ်ထားတာမရှိသေးပါဘူး။ နောက်ပိုင်းမှာ တော့ စတင်ထုတ်လုပ်တဲ့နှစ်က နောက် ၁ဝ နှစ်အတွင်းသက်တမ်းရှိတဲ့ ကားတွေကိုသာသွင်းခိုင်းပါတယ်။ နောက်ပိုင်းမှာ ပါမစ်ကို အများပြည်သူတွေကို မထုတ်ပေးတော့ပဲ၊ အစိုးရ အထက်ပိုင်းတွေနဲ့ ပတ်သက်တဲ့ မိသားစုတွေကို ထုတ်ပေးတော့တဲ့ အနေအထားမျိုးဖြစ်လာတဲ့ အတွက် ပါမစ်တစ်စောင်ဟာ သိန်း ၅၀ဝ ကနေ တစ်ထောင်လောက်အထိဈေးပေါက်လာပါတယ်။ ဒီခေတ်ပျက်ကြီးထဲမှာ ချမ်းသာသွားသူတွေမနဲပါဘူး။ ဒါကြောင့်လဲ ကားတွေ ဈေးအလွန်မြင့်မားလာခဲ့တာဖြစ်ပါတယ်။ အခုနောက်ပိုင်းပြောင်းလဲလာတာတွေတော့မရေးတော့ပါဘူး။ ဒါပေမဲ့ပြောလိုတဲ့အချက်က ဒီနေ့ မော်တော်ယာဉ်နဲ့ ပတ်သက်တဲ့ ပေါ်လစီတွေဟာ အမှားမှား အယွင်းယွင်းသာဖြစ်ပါတယ်။ အများပြည်သူတွေရဲ့ ခရီးသွားလာရေးအတွက် ရည်ရွယ်ထုတ်လုပ်တာမျိုးမဟုတ်ပဲ။ ခေတ်ပျက်သူဌေးတွေအတွက်လိုဖြစ်နေပါတယ်။ အများပြည်သူခရီးသွားရေးအတွက် လုပ်တဲ့နေရာမှာ မလေးရှားနိုင်ငံက အတော်ခရီးရောက်ပါတယ်။ ဒါကိုလေ့လာသင့်ပါတယ်။ ပြည်သူတွေတန်ဘိုးနဲကားတွေကို ဘယ်လိုဝယ်လို့ရအောင်လုပ်ကြမလဲဆိုတာစဉ်းစားကြပါဦး။

6 comments

  • unclegyi1974

    October 23, 2010 at 3:19 pm

    အာရှရေ ကားပါမစ်ဈေးကြီးတာပြောနေတာလား
    ပါမစ်ဈေးကြီးတာဘာဖြစ်လို့လဲ
    ကောင်းတာမှအားကြီးကောင်း သိတယ်နော်

  • winkyawaung

    October 23, 2010 at 4:52 pm

    အန္ဒိယမှာတောင် လူတိုင်း ကားစီးနိုင်အောင် မြန်မာငွေ တစ်သိန်းတန် တဲ့ ယူဘီနဲ့ ညီမျှတဲ့ ကား ကို တာတာ ကုပ္မဏီက ထုတ်တော့မယ်လို့ ကြားပါတယ်..။

  • intro

    October 24, 2010 at 9:45 am

    ဒီဘက်ခေတ်မှာ ဆိုက်ကားတောင် မြန်မာငွေ သိန်းနဲ့ ချီတန်တယ်… လူတိုင်းဝယ်မစီးနိုင်ဘူး …. 😛 ha ha…

  • naywoonni

    October 24, 2010 at 12:51 pm

    introပြောတာဟုတ်တယ်….စက်ဘီးတောင်တစ်သိန်းကျော်မှ
    နို့မို့ဆိုတရုပ်ဘီးပဲရမှာ………..
    ခက်တယ်ဗျာ
    မြန်မာပြည်ကလဲ…..ကိုရီးယားကားနဲ့တရုတ်ပစ္စည်းပဲဗုံးဘောလအောပေါတာ

  • paukpauk

    October 24, 2010 at 2:38 pm

    ကျွန်တော်တို့ လက်ထက်မှာ အကောင်းဆုံးလုပ်ပေးယူ သွားကြပါတယ် ခင်ဗျာ။…။

  • moethidasoe

    October 25, 2010 at 6:30 am

    ပေါက်ပေါက် ပြောတဲ့ (ရေးထားတဲ့) .. အကောင်းဆုံး (လုပ်ပေး) ယူ သွားကြပါတယ် ဆိုတာ ကွင်းထဲက စာသားလေး ဖြုတ်လိုက်ရင် သိပ်လှမှာပဲ ..
    ပါမစ်ဆိုတာက သူတို့အတွက် ..
    ပါမစ် ရတယ် ဆိုတဲ့လူကလဲ သူတို့ ..
    ပါမစ် ရောင်းစားတာလဲ သူတို့ ..
    ဈေးကြီးကြီး ပေးဝယ်တာက ငွေကို ငွေလို့ မထင်အောင် ရှိနေတဲ့လူတွေ ..
    ဒီတော့ သိပ် မစဉ်းစားပါနဲ့ .. တစ်ထောင်ပေး ဟိုနားဒီနားကို ရောက်နိုင်တာကိုပဲ နိဗ်ဗန် (အောက် ဗ ရိုက်ကြည့်တာ မရလို့) လို့ မှတ် .. စိတ်ချမ်းသားတယ် ..

Leave a Reply