သရော်ဟာသလေးများ

ဆုိးဆုိးOctober 23, 20101min610

(၁)

လူတယောက်ဟာ လယ်ခင်းကို ကြည်ပြီး ပြုံးနေသတဲ့။

လယ်ပိုင်ရှင်သူနားရောက်လာသောအခါ သူက လယ်ပိုင်ရှင်ကို ပြောလိုက်သည်။

“ဦးရဲ့ စပါးခင်းကကောင်းလိုက်တာနော်” လို့လယ်ပိုင်ရှင်ကိုပြောလိုက်သတဲ့

အဲဒီမှာ လယ်ပိုင်ရှင်က မျက်မှောင်ကုတ်ပြီး ပြန်မေးသတဲ့

“မင်းကဘယ်ကလဲကွ”

အဲဒီမှာပဲ အဲဒီလူက

“ကျွန်တော်က အခုမှ မြန်မာနိူင်ငံ စိုက်ပျိုးရေးဘွဲ့ယူပြီး လိုက်လေ့လာနေတာပါ” လို့ပြန်ပြောသတဲ့

လယ်ပိုင်ရှင်က

“မှားနေပြီ ဒါစပါးခင်းမဟုတ်ဘူးကွ ဂျူံခင်း…ဂျူံခင်းပါ”

စိုက်ပျိုးရေးဘွဲ့ယူထားတဲ့လူမှအသံထွက်လာသည်

“ဗျာ……..ဂျူံခင်းလား”

(၂)

“မြန်မာနိူင်ငံကလမ်းတွေက အရမ်းဆိုးတဲ့ပဲ ဟိုနားကချိုင့် ဟိုနားဘုနဲ့”

လို့ ခရီးသွား တိုးရစ် တယောက်က မြန်မာနိူင်ငံသားပြောလေသည်။

မြန်မာနိူင်ငံသားကလည်း

“လမ်းဆိုးတာမဟုတ်ဘူးဗျာ အထက်ကလူတွေကအမျှော်အမြင်ကြီးတာပါ တကယ်လု့ိလမ်းတွေများ ကောင်းခဲ့လိုရှိရင်

ယဉ်တိုက်မှုတွေဖြစ်မှာဆိုးလို့ပါဗျာ”

လို့ ပြန်ဖြေလိုက်သည်။

(၃)

လူတယောက်သည် စလုံတခုကို ရေထည့်ပြီး ယူလာသည်။

အဲဒါကိုမြင်သောလူတယောက်လာပြီး

“ဟေ့လူ ဟေ့လူ ဘာလုပ်တာလဲ ခင်ဗျာနဲ့တော့ ပြသနာပဲဗျာ”

ဟိုလူမှာ ကြောင်တောင်တောင်ဖြစ်သွားသည်။

“ဘာလို့တုန်း” ဟုပြန်မေးလိုက်သည်။

“အဲလိုမလုပ်နဲ့ဗျ တော်ကြာ ခင်ဗျာ စလုံထဲကရေမြင်ပြီး တံတားဆောက်နေပါအုန်းမယ်ဗျာ

နောက်တခါ အဲလိုမလုပ်နဲ့ အဝတ်လေးအုပ်ပြီးမှ ယူပါဗျာ”

(၄)

“မင်းဆီခိုးတယ်ဆို”

အထက်လူကြီးက ဆီ ကိုဒေါင်စောင့်ကို မေးသည်။

“မခိုးပါဘူးဗျာ” ဟုပြန်ဖြေလိုက်သည်။

“မင်းအလုပ်ထွက်တော့” အထက်လူကြီးကပြန်ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ ဟု”ပြောပြီး မျက်နှာညိုးငယ်စွားဖြင့်ထွက်သွားသည်။

“ဘာလို့ထုတ်လိုက်ရတာလဲ သူက ဆီခိုးတဲ့နေရာမှာ တော်တော်ခိုးရဲ့တယ် ပေပါလိုက်ခိုးတာ”

အထက်လူကြီးရဲ့ လူယုံတော်ကမေးလိုက်သည်။

“သူခိုးတယ်လို့ ပြောရင်သူကို အလုပ်ဆက်ခန့်မလို့ပဲ သူကမခိုးဘူးလို့လိမ်တော့ထုတ်လိုက်ရတယ်လေ

အမှန်တကယ်ဆို ခိုးပါတယ် ဆရာအတွက်လည်းလုပ်ထားပါတယ်လို့ပြောရမှာ”

တစိမ့်စိမ့်တွေးပြီး ရယ်မောနိူင်ကြပါစေ