Plum flowers, ဇီးပန်း (သို့) သူရဲကောင်းပန်းလေးများ

weiweiOctober 23, 20104min2278

တရုတ်ရာဇဝင်ကားတွေမှာ မေဟွားလို့ခေါ်တယ့် ဇီးပန်းပန်းချီကားတွေကို သတိထားမိကြမလားတော့မသိဘူး။ အဲဒီပန်းတွေက အအေးဆုံးအချိန် နှင်းတွေကျတယ့်အချိန်မှာမှ ထူးထူးခြားခြားပွင့်ပြီး ရာသီဥတုဒါဏ်ကို ကြံ့ကြံ့ခိုင်နိုင်ကြလို့ သူရဲကောင်းပန်းလေးတွေလို့ တင်စားခေါ်ကြတယ်။ 2010 ခုနှစ် ဇန်နဝါရီလက မေဟွားဥယျာဉ်တစ်ခုကိုသွားလည်တုန်းက ရိုက်ထားတယ့်ဓါတ်ပုံတွေပါ။ ၅ ဒီဂရီစင်တီဂရိတ်လောက်ပဲရှိတယ့်အချိန်ပါ။ အဲဒီပန်းပွင့်ပြီဆိုတာနဲ့ တရုတ်လူမျိုးတွေက တကူးတကသွားကြည့်ကြတယ်။ ဓါတ်ပုံအလှရိုက်သူတွေ၊ ပန်းချီဆွဲသူတွေနဲ့ အရမ်းစည်ကားပါတယ်။ ပန်းတွေက အရောင်စုံပါပဲ။ တချို့ပန်းတွေက အနံ့လည်းမွှေးတယ်။ အဲဒီပန်းနဲ့ပတ်သက်တယ့် ကဗျာတွေ ရာဇဝင်တွေလဲ အများကြီးရှိတယ်။ တရုတ်ပြည်နဲ့ ဂျပန် ကိုရီယားစတယ့် ရာသီဥတုအေးတယ့်နေရာတွေမှာ ပွင့်နိုင်ပေမယ့် တခြားအနောက်နိုင်ငံတွေမှာတော့ တော်တော်ရှားတယ်လို့ သိရပါတယ်။ Mandalay Gazette ပရိတ်သတ်များအတွက် ဗဟုသုတရအောင် တင်ပေးလိုက်ပါတယ်။ မော်စီတုန်းကတော့ သူရဲကောင်းရဲဘော်တွေကို အဲဒီပန်းလေးနဲ့ တင်စားပြီး အားပေးစကားပြောလေ့ရှိတယ်လို့ ဖတ်ဖူးတယ်။ နှင်းကြားထဲက ပန်းပုံလေးကတော့ အင်တာနက်ကနေရှာပြီး ပြလိုက်တာပါ။

8 comments

  • ဆူး

    October 24, 2010 at 4:16 am

    ချယ်ရီပန်း က အဲဒါမဟုတ်ဘူးလားဟင်.. ကကြီးနဲ့ ဂငယ် ရောက်တုန်းကတော့ ပန်းရောင် အပွင့်လေးတွေ တပင်လုံး ပြည့်နေတဲ့ အောက်မှာ ဓါတ်ပုံရိုက်ခဲ့သေးတယ်.. အခု သေချာကြည့်တော့ အရောင်မျိုးစုံ နေသလို အပွင့်ပုံစံ နဲနဲချင်းစီ ကွဲ သလိုဘဲ.. ချယ်ရီဆိုတာ အဲဒါလား.. နောက်တမျိုးများ ရှိသေးလား

  • weiwei

    October 24, 2010 at 4:20 am

    အခုပန်းက ချယ်ရီမဟုတ်ပါဘူး။ မေဟွားလို့ခေါ်တယ်။ ချယ်ရီကိုတော့ ရင်းဟွားလို့ခေါ်တယ်။ ချယ်ရီက ဆောင်းအကုန်နွေအကူးအချိန်မှာပွင့်တာ။ အပင်ကြီးပြီး တစ်ပင်လုံး အပြည့်ပွင့်တယ်။ ချယ်ရီပန်းပုံတွေလဲရှိတယ်။ ပြန်ရှာပြီး တင်ပေးလိုက်မယ်။

  • weiwei

    December 26, 2010 at 3:49 pm

    ဇီးပန်းလေးတွေ ပွင့်တော့မယ့်အချိန်ရောက်နေပြီ … နောက်လဆို ပွင့်တော့မယ်ထင်တယ် … အဲဒီပန်းတွေက နှင်းတွေကျတဲ့ ဆောင်းရာသီမှာမှ ထူးထူးဆန်းဆန်းပွင့်ကြတယ် …

  • ဆူး

    December 26, 2010 at 4:12 pm

    ဒီမှာ စိုက်ရင်တော့ အောင်မြင်မှာ မဟုတ်ဘူး ဒီလောက်ပူနေတာ။

  • char too lan

    December 27, 2010 at 9:51 am

    ရုပ်ရှင်တွေထဲမှာတွေ ့နေတုန်းက အတုလို့ထင်နေတာ အဲလိုအစစ်တွေရောင်စုံရှိနေတာပေါ့လေ ~~ တော်တော်လှတာပဲဗျာ !!

  • etone

    December 28, 2010 at 4:36 am

    ဟီးဟီး ဇီးပန်းဆိုလို့ ဒီမှာ ရှိတဲ့ ဇီးပင်ကလိုပွင့်တာ မှတ်လို့ ။ 😛

  • kai

    December 28, 2010 at 10:50 am

    ဂျပန်လိုတော့ Ume ပန်းပေါ့..။ ဇီးပန်းလို့ပဲ..အဓိပါယ်ထွက်ရမှာပဲ..။
    ချယ်ရီက .. Sakura ခေါ်တာ..။ ပုံစံဆင်ပေမဲ့မတူဘူး.။
    ဆကုရာက .. ဂျပန်ဧပြီလ-မေလောက်မှာပွင့်တာ..

    ဂျပန်တွေရဲ့ .. ဆာရှိမိခေါ်တဲ့ ငါးအစိမ်းပွဲတွေမှာ .. အူမဲပန်းခက်ကလေးတွေ တင်ပေးလိုက်လေ့ရှိတာ တွေ့ဖူးတယ်.။
    အူမဲပန်းရော..ဆာကူရာရောက … ဂျပန်ရဲ့ ယဉ်ကျေးမှုထဲနက်နက်ဂှိုင်းဂှိုင်းကိုပါတယ်..။
    မြန်မာတွေလည်း သဇင်နဲ့ .. ပိတောက်ကို .. ကွန့်ကြ..ညွှန့်ကြဖို့ကောင်းတယ်ထင်မိပါတယ်..။

Leave a Reply