အသက် ၁၈ နှစ် နှင့် အထက်မှ ဖတ်ပါရန်

sniqueOctober 23, 20101min49312

ဆေးသမား မရွံရ၊ လူနာဖြစ် မရှက်ရဘူးတဲ့။ စအိုနဲ့ရော လိင်နဲ့ပါ ပတ်သက်တာမို့ ရွံစရာ-ရှက်စရာဆိုတာလေးတခု ရေးပါရစေ။

ကြားဘူးတယ် မဟုတ်လား၊ မဏိပူ (ကသည်း) ပုဏ္ဏားတွေဟာ အင်မတန် အသန့်ကြိုက်တယ်ဆိုတာ။ ထမင်းချက်ရင် စည်းဝိုင်းဝိုင်း ချက်တယ်။ ဝိုင်းထဲကို ဘယ်သူမှ မဝင်ရဘူး။ ရေမိုးချိုးပြီး၊ ပါးစပ်နဲ့ နှာခေါင်းကို အဝတ်စီးတယ်။ အင်္ကျံတော့ မဝတ်ဘူး။ တချို့ထူးတာက ဘယ်ဘက်လက်ကို စည်းဝိုင်းအပြင် ထုတ်ထားရသတဲ့။ ဘယ်လက်က (ရိုင်းတယ် ပြောတော့ဗျာ)၊ ဝမ်းသွားပြီးတိုင်း ဖင်ဆေး-သန့်ရှင်းရေး လုပ်တဲ့လက်မို့ ရွံတယ်ပေါ့။ မေးချင်တာက ဝမ်းသွားတဲ့ (ဖင်)ကတော့ စည်းဝိုင်းထဲမှာ မဟုတ်ပါလားလို့။

စအိုကနေဝင်တဲ့ ကူးစက်ရောဂါဆိုတာ ဆေးစာထဲမှာ မရေးကြသေးပါ။ Feco-oral route စအို-ပါးစပ် လမ်းကြောင်းကနေ ကူးစက်တဲ့ ရောဂါတွေဆိုတာတော့ ရှိတယ်။ ဝမ်းလျော၊ ဝမ်းပျက်၊ ဝမ်းကိုက်၊ ကာလဝမ်း၊ အူရောင်ငန်းဖျား၊ အသဲရောင် အေ၊ ပိုလီယို၊ ဆာလ်မိုနယ်လိုဆစ်၊ ရိုတာ-ဗိုင်းရပ်စ်၊ စတာတွေပါတယ်။ စအိုကနေ”ထွက်”ပြီး၊ ပါးစပ်ထဲကို တနည်းနည်းနဲ့ ဝင်လို့ ဖြစ်ရတာတွေပေါ့။ အခုခေတ်မှာကြ စအိုကနေ”ဝင်”တာတွေ ဖြစ်လာနေပါပြီ။ စအိုကို တလွဲသုံးလာကြလို့ပါ။

ခန္ဓာဗေဒဆိုတာ ဆရာဝန်၊ သူနာပြုတွေ စစချင်းသင်ယူရတဲ့ဘာသာရပ်တခုပါ။ ၁၉၁၈ ကတည်းက ရေးခဲ့ပေမဲ့ ကနေ့အထိ ခန္ဓာဗေဒကို အပြည့်စုံဆုံး ရေးထားတဲ့စာအုပ်က Gray’s Anatomy ဖြစ်ပါတယ်။ သူ့နောက် ခန္ဓာဗေဒ ပညာရှင်တွေ ရေးသမျှ စာတွေ-ကျမ်းတွေမှာလဲ ဖင်(စအို)ရဲ့တာဝန်ဝတ္တရားကို An excretory organ or an eliminative channel အညစ်အကြေး စွန့်ထုတ်ပေးရသောအင်္ဂါလို့ သတ်မှတ်ပါတယ်။ ဝမ်းသွား-လေလည်တာပေါ့။ ခုတော့ တာဝန်ပိုတွေပါ ထမ်းဆောင်နေရပါတယ်။

ကျား-ကျား လိင်တူ ဆက်ဆံတယ်ဆိုတာ AIDS ရဲ့သမိုင်းနောက်ခံပါ။ နောက် ဘီပိုးကလဲ တစခန်းထလာတော့ ပြောဘို့-ရေးဘို့ လိုလာပါတော့တယ်။ (ဂေး)အကြောင်း မဟုတ်ပါ။ ကျား-ကျား ဖြစ်ဖြစ်၊ ကျား-မဖြစ်ဖြစ် စအိုလမ်း အသုံးပြုပြီး ဆက်ဆံတာ၊ တဲ့တဲ့ပြောပါရစေ၊ (အေနယ်လ်-ဆက်စ်)ပေါ့။ Dangers of anal sex စအိုကနေ လိင်ဆက်ဆံတာရဲ့ အန္တရာယ်တွေကို ရေးခွင့်ပြုပါခင်ဗျား။

စအိုရဲ့မွေးရာပါအလုပ်ကို ပဌမ နားလည်သင့်ပါတယ်။ သူ့အထက်က Rectum အစာဟောင်းအိမ်ထဲမှာ မစင်(ဝမ်း)တွေ ပြည့်လာတာနဲ့ ဝမ်းသွားချင်စိတ် ဖြစ်လာပြီး၊ စအိုနံရံတွေက ကျယ်လာပါတယ်။ အစာဟောင်းအိမ်က အပေါ်ကနေ အောက်ဆီ ဦးတည်တဲ့လှုပ်ရှားမှု Peristaltic waves အရ မစင်(ဝမ်း)တွေဟာ စအိုထဲဝင်လာချိန် အထိန်းကြွက်သား အဝိုင်းတွေက လျော့ဖွင့်လိုက်လို့ ဝမ်းသွားခြင်း ဖြစ်လာတာပါ။ “စအိုထဲကို အပြင်ကနေ ထိုးသွင်းတာကို လက်ခံရမဲ့ အစီအမံဆိုတာ လုံးဝမရှိပါ။”

နှစ်ပေါင်း ၄၀၀ဝ လောက်က ထွန်းကားခဲ့တဲ့ (အိန္ဒု)ယဉ်ကျေးမှုခေတ်ကတည်းက ရှိခဲ့ဘူးတဲ့ အထောက်အထားတွေ၊ နောက်ပြီး ၂ ရာစုက ရှိခဲ့တဲ့ (အာဂျန်တာ) လှိုင်ဂူက ရုပ်တုတွေ၊ တခါ ဟိန္ဒူဘုရားတဆူဖြစ်တဲ့ သျှီဗား ရဲ့တံခါးမှူး မြင့်မြတ်သော နွားလား နန္ဒီကနေ သူ့သခင်(ဘုရား) နဲ့ ဒုတိယ မယား (ပါရ်ဗသီ)တို့ရဲ့ ချစ်ကြွမ်းဝင်ကြပုံ (နည်းအစုံစုံ) တွေကို ကြားသိပြီးသကာလ နောင်လာနောက်သား လူအများအကျိုးငှာ ဖေါက်သည်ပြန်ချခဲ့လို့ သက္ကတဘာသာနဲ့ ရေးမှတ်ခဲ့တဲ့ (ကာမသျှတ္တရ)ကျမ်း ဆိုတာတွေ ကြည့်ရင် လိင်ဆက်ဆံမှုပညာဆိုတာဟာ သမားရိုးကျထက် ဆန်းပြားပါလားလို့ ပြောနိုင်ပါတယ်။ ဆန်းတာတွေ ရှေးကတည်းကရှိလို့ ဆန်းတာ ဘာဆန်းတာမှတ်လို့၊ လုပ်သာလုပ်၊ စမ်းချင်စမ်းလို့ အားမပေးလိုပါ။ ဆက်ဖတ်ပါခင်ဗျား။

Anal sex ဟာ အများထင်သလို အန္တရာယ်မရှိ မဟုတ်ပါ။ စအိုထဲမှာ ဖုံးထားတဲ့ အပေါ်ဖုံးအလွှာဟာ သာမန် အရေပြားလို မဟုတ်ဘူး လူ့အရေပြားဆိုတာက Kerotinized လုပ်တားတာ။ (ကရတင်)ဆိုတဲ့ ပိုခိုင်မာတဲ့ (တစ်ရှူး)နဲ့ ဖုံးနေတာ၊ စအိုထဲမှာ အဲဒါ မရှိဘူး။ နောက်ပြီး စအိုမှာ (စဖင်တာ)ဆိုတဲ့ ကြွက်သားဝိုင်းရှိတယ်။ နှစ်ထပ်တောင် ရှိတာ၊ အပြင်ကောင်က စိတ်ကနေ ထိန်းနိုင်ပြီး၊ အထဲဝိုင်းကတော့ ထိန်းမရဘူး။ သူတို့က ဝမ်းသွား-လေလည် အဝင် အထွက်ကို ထိန်းပေးတာ။ တကယ်လို့ တစုံတခုက စအိုကို လာထိတာနဲ့ လူ့ကိုယ်ခန္ဓာရဲ့ သဘောဝအရ (စဖင်တာ)က ပိုပြီး တင်းတောင့် ပိတ်ဆို့တဲ့ တုံ့ပြန်မှု လုပ်ပါမယ်။ Reflex ခေါ်တယ်။

ဒါ့ကြောင့် မာတာနဲ့ ထိုးမိရင် စုတ်ပြဲသွားနိုင်တယ်။ တကယ်လို့ အလိုမတူသူ ဖြစ်နေရင် ပိုဆိုးမှာပါ။ အရေပြားလွှာ ၃ ထပ်ရှိတဲ့ မိန်းမကိုယ်နဲ့ မတူတာက ၁ ထပ်တဲရှိတဲ့ စအိုဟာ ဆန့်နိုင်ကြုံ့နိုင်စွမ်း အတော်နည်းပါတယ်။ သဘာဝအရလည်း မဆက်ဆံမီ မိန်းမကိုယ်က ထွက်လာရတဲ့ အရည်ဟာ အဆင်ပြေအလွန်းလို့ Honorably discharge လို့တောင် ခေါ်သေးတယ်။

လိင်ဆက်ဆံတဲ့အခါ တခါတလေ လိင်တံရဲ့ အရေပြားကလည်း ပွန်းပဲ့သွားတတ်တယ်။ အဲဒီနည်းနဲ့လိင်ဆံဘို့ Lubrication ချောဆီ သုံးရတယ်။ KY Jelly (KY Sexual Lubricant) က ပေါ်ပြူလာ အဖြစ်ဆုံးပါ။ သူက တခါသုံး မလာပါ။ တခါသုံး မဟုတ်တာ မှန်သမျှ စိတ်မချရတာ သိမှာပါ။ Jelly သုံးပေမဲ့ နဲနေရင်၊ ဒါမှမဟုတ် အလျင်အမြန် ထိုးသွင်းရင် သေခြာပေါက် စအို စုတ်ပြဲ ပါလိမ့်မယ်။ စုတ်ပြဲတာက သွေးထွက်ချင်မှ ထွက်ပါမယ်။ သေးသေးလေး ဖြစ်အုံးတော့ အင်မတိ အင်မတန် သေးငယ်လွန်းလှတဲ့ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်တွေအတွက်ကတော့ (ဆူပါ-ဟိုင်းဝေး) ဖြစ်နေမယ်။

အဲဒီကနေ ပိုးဝင်လို့ ကူးစက်နိုင်တဲ့ ရောဂါတွေကတော့ အသဲရောင်ဘီ၊ လိင်ကတဆင့် ကူးစက်ရောဂါတွေ (ရှန်ကာ၊ ကြွက်နို့၊ ဖတ်းဂတ်စ်၊ ဂနိုးရီးယား) နဲ့ HIV တို့ ဖြစ်ကြပါတယ်။ စအိုဘေးက အရေပြားမှာ ပိုးရှိရင် ယားနာဆိုတာလဲ ကူးနိုင်ပြန်ပါသေးတယ်။ နောက်တချက် ယောက်ျားဆီးပြွန်ကပဲ Urine ဆီးရော Semen သုတ်အရင်ထွက်တဲ့ အရည်ချွဲရော၊ Sperm သုတ်ရည်ရော ထွက်ရတယ်။ ဒါ့ကြောင့် ဆီးလမ်းရောဂါပိုးကလဲ စအိုထဲ ဝင်နိုင်ပြန်ရော။ စအိုကင်ဆာ ကိုတော့ ဖြစ်နိုင်ခြေစာရင်းလောက်သာ ထည့်ပါမယ်။

Annal canal အရှည်က 2.5 to 4 cm သာ ရှိတာမို့ စအိုအထဲကို ဘယ်လောက်ပဲ ဝမ်း မရှိအောင် လုပ်ထားပါစေ ဘာထည့်ထည့် ပေကျံလာမှာပါ။ စအိုနဲ့ ထိပြီးသားအရာကို အမျိုးသမီးရဲ့ ဆီးလမ်းအဝနဲ့ မထိပါမှ ဆီးလမ်းပိုး ဝင်တာ မဖြစ်မှာပါ။ မိန်းမကိုယ်အဝကို တဆက်တည်း ပြန်သုံးရင် ပိုးဝင်နိုင်တယ်။ ပါးစပ်ဆိုတာတော့ ပြောမနေနဲ့ပေါ့။ ဆိုတော့ မတိုင်ခင်ရော၊ ကြားထဲမှာရော၊ ကိစ္စပြီးချိန်မှာရော ဘယ်လောက် ကရိကထများလိုက်သလဲ။ သာယာမှုနဲ့ မျှပါသလား။ တပ်မက်မှုကြောင့်ဖြစ်လာတဲ့ လိင်ဆက်ဆံမှုက ရလိုတာဟာ သာယာမှု၊ ကျေနပ်မှု နဲ့ ပြည့်ဝမှု မဟုတ်ပါလော။

လိင်ဆက်ဆံတာဟာ နှစ်ဦးနှစ်ဖက်ကိစ္စပါ။ အသက်လည်းပြည့်ပါမှ နှစ်ဦးသဘောတူဆိုပါမှ Rape မဖြစ်မှာ။ နှစ်ဦး သဘောတူ ဆိုရာမှာ (နည်း)ပိုင်း၊ (အနေအထား)ပိုင်း၊ အချိန်ပိုင်းတွေမှာပါ နှစ်ဦးသဘောတူမှ ပြည့်စုံပါလိမ့်မယ်။ တဦးသဘောမတူတာကို တဦးက နည်းလည်မှုပေးဘို့ လိုမှာပါ။ မဟုတ်ရင် တချို့တိုင်းပြည်တွေမှာ ဥပဒေက ခွင့်မပြုပါ။ တကယ်လို့ ယောက်ျားနဲ့ မိန်းမ စအိုလိင်ဆက်ဆံနည်း သုံးမယ်ဆိုရင် ယောက်ျားဖြစ်သူဟာ Physiological and Psychological nature of the practice ဇီဝကမ္မဗေဒ အရရော စိတ်ပညာအရပါ နားလည်ဘို့ လိုမှာပါ။

စိတ်ပိုင်းဆိုင်ရာလဲ ထည့်ဆွေးနွေးရအောင်။ သဘာဝအားဖြင့် ကျား-မ လိင်ဆက်ဆံတယ်ဆိုတာ ဆက်ဆံချင်စိတ် ဖြစ်ပေါ်လာတာနဲ့ အမျိုးသမီးဟာ ယောက်ျားရဲ့ ကြီးစိုးလွှမ်းမိုးမှုကို Submission or Surrender စိတ်လိုလက်ရ နာခံလိုက်တာ ဖြစ်ပါတယ်။ မိန်းမရဲ့စအိုကို ဆက်ဆံချင်သူ ယောက်ျားမျိုးကတော့ ဒီလို လွှမ်းမိုးချင်စိတ် Domination ထက် ကဲပါတယ်။ စိတ်ပညာအလိုအရ အဲလို ယောက်ျားသားတွေဟာ Male domination complex ကျားလွှမ်းမိုးစိတ်ကဲမှု၊ Sexual deficiency complex လိင်ပိုင်းဆိုင်ရာ အားနည်းမှု၊ Low self-esteem မိမိကိုယ်ကိုယ် အထင်ရောက်မှု၊ Demeaning attitude towards women မိန်းမသားနဲ့ပတ်သက်ရင် အမြင်ကွဲလွဲမှု တခုခု ရှိနေတတ်ပြီး၊ မေတ္တာ-ချစ်တာ အားနည်းသူ ဖြစ်နေတတ်ပါသတဲ့။

နည်းအဆန်း စမ်းသူများ (ကွန်ဒွန်)သုတတော့ ရှိမယ်ထင်ပါတယ်။ ရှိအုံးတော့ (အေနယ်)နည်း သုံးရင် ပိုခိုင်မာတဲ့ (စပယ်ရှယ်-ကွန်ဒွန်) သုံးသင့်တယ်လို့ ဆိုပါတယ်။ အမေရိကမှာ အရေးပေါ်ဌာနတခုကိုလာတဲ့ စအိုထဲ ပစ္စည်းတခုခု (Foreign body) ဝင်လို့ လာသူတွေထဲမယ် ၇၈%ဟာ စအိုလိင်ကိစ္စကြောင့် ဖြစ်ရပါသတဲ့။

သိတဲ့အတိုင်း လိင်ဆက်ဆံက (အင်နာဂျီ) အတော် ကုန်တာပါ။ စအိုထဲ ထိုးသွင်း-ဆွဲထုတ်တာက ပိုပြီး (အင်နာဂျီ) သုံးပါတယ်။ နှစ်ယောက်လုံးက ကျန်းမာရေး ဒေါင်ဒေါင်မည်ရပါမယ်။

နောက်ဆက်တွဲက စအိုလိင်ဆက်ဆံတာ များလာတာနဲ့ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် စအိုထိန်းကြွက်သားတွေ အားနည်းလာမယ်။ ဝမ်းထိန်းရတာ၊ လေထိန်းရတာ အားနည်းလာမယ်။ ဝမ်းသွားမမှန်ဖြစ်လာမယ်။ Kegel exercises လေ့ကျင့်ခန်း အလုပ်ခိုင်းယူရပါလိမ့်မယ်။ လူကြားသူကြား သွားတိုင်း (ဒိုင်ပါ)တမျိုးကို အမြဲအပိုဝတ်ထားရပါတော့တယ်။

သိပ္ပံအရ ပြောပြော၊ သဘာဝအရ ဆိုဆို၊ ဆင်ခြင်တုံတရားအရ တွေးတွေး၊ စအိုဟာ စွန့်ထုတ်စရာသာဖြစ်ပြီး မိန်းမကိုယ် (မွေးလမ်းကြောင်း)လို ထိုးသွင်းရမဲ့ဒွါရ မဟုတ်တာ သေခြာပါတယ်။ သဘာဝတရားနဲ့ ဆန့်ကျင်တာ နောက်တခုကတော့ အထက်ကနေ အောက်ကို ဆင်းသက်တဲ့ လားရာကို ပြောင်းပြန် လုပ်မိတာပါ။ ဒီခေတ်ကြီးမှာ သဘာဝဆိုတာကို Environment သဘာဝပတ်ဝန်းကျင်၊ ဂေဟစနစ် နဲ့ Organic မပြုမပြင် အစားအသောက်ကိုသာ ကျယ်ကျယ် လောင်လောင် ပြောနေကြပြီး၊ သဘာဝမကျတဲ့ လူတွေရဲ့ အကျင့်စရိုက်တွေကိုကြတော့ ပိုဆိုးဆိုး လာနေတာဟာ အဆီအငေါ် မတည့်ဘူး ထင်ပါတယ်။

စအိုလိင်ဆက်ဆံနည်း ဥရောပကစတယ် ဆိုပါတယ်။ ဂရိ၊ ရိုမန်၊ ဘေဘီလုံ၊ ပါရှားခေတ်ကတည်းကပါတဲ့။ အာဖရိက မှာတော့ ဒါကို Taboo လို့ ယူဆပါတယ်။ မလုပ်သင့်ဘူးလို့ မှတ်ယူတာမျိုးပေါ့။ ဒါပေမဲ့ ကနေ့ခေတ်မှာ အာဖရိက နွယ်ဖွါး အမေရိကန်များမှာ ခေတ်စားလှပါတယ်။ သိတဲ့အတိုင်း အမေရိကားမှာ သူတို့တတွေရဲ့ အဆင့်အတန်းဟာ ဘာလဲလို့။ ကြားချင် ကြားဘူးမယ် သီချင်းထဲ ထည့်စပ်ကြတာ။ သူတို့တတွေပါဘဲ။ “Lick it till your tongue turn doo doo brown” “Da Butt” “Baby Got Back” နောက် မှတ်သားဘို့ ကောင်းတာတခုက အကျဉ်းစခန်းတွေမှာ အသုံးချစရာ စအိုသာရှိလို့ ထောင်ကလာတဲ့ ဇာတ်လမ်းလို့လဲ ဆိုနိုင်ပါသေးတယ်။

ကမာ္ဘကျော် ရေမွှေးကို ဂျာမနီ Cologne ကနေ ထုတ်တာ မဟုတ်ပါလား။ Jovan Musk ဆိုတာ ၁၉၇၃ ကစ ထုတ်တယ်။ သမင် တမျိုးကရတဲ့ ယောက်ျားသားတွေရဲ့ အနံ့ရှိတယ်ဆိုပြီး၊ လိင်ဆွဲဆောင်မှုအတွက် ရေမွှေးလုပ် ထုတ်တာဖြစ်ပါတယ်။ ရောင်းကောင်းလို့ ကျားသုံး-မသုံး နှစ်မျိုးလုံး ထုတ်ပါတယ်။ ဆိုချင်တာက လိင်ဆက်ဆံရေးမှာ အနံ့ရဲ့ အရေးပါတာကိုပါ။ အမျိုးသမီးများရဲ ယောနိကနေ Pheromones ဆိုတာ အလိုလို ထုတ်ပါတယ်။ ဆန့်ကျင်ဖက်လိင်ကို ဆွဲဆောင်နိုင်တဲ့ အနံ့ပါ။ စအိုမှာ အဲဒီအစွမ်းက ဗလာနတ္ထိ မရှိပါ။ မစင်နံ့သာ ရှိပါတယ်။

လူကြီးတွေက ဆုံးမတယ် အိမ်ပြင်ကအမှိုက် အိမ်ထဲမသွင်းနဲ့တဲ့။ ဆရာဝန်က အကြံပေးချင်တယ် အညစ်အကြေးကို အသစ်ကလေး မထင်နဲ့လို့။

Dr. တင့်ဆွေ

မေးလ် ထဲ ရောက်လာ တဲ့ ဗဟု သုတ တစ်ခု ကို ပြန်မျှဝေတာ ပါ မြန်မာ ့ မျက်လုံး နဲ ့ နဲ နဲ တော့ ရိုင်းသလို ဖြစ်သွား နိုင်တယ် း)

12 comments

  • su

    October 23, 2010 at 4:43 pm

    ကောင်းပါတယ်။ မြန်မာလိုဖတ်ရတော့ ပိုနားလည်ပါတယ်။ မျှဝေပေးတဲ့အတွက် ကျေးဇူးပါ။ မြန်မာတွေ နိုင်ငံတကာတိုးဝင်လာတာနဲ ့အမျှဗဟုသုတလည်း ပိုတိုးတက်လာသင့်ပါတယ်။

  • bigcat

    October 23, 2010 at 4:51 pm

    ကဲကဲ လိင်တူချစ်သူများထံမှ မှတ်ချက်လေးများ သိပါစေ။ မဟုတ်ရင်တော့ စအိုချစ်သူများလို့ အထင်မှားစရာတွေ ဖြစ်ကုန်ပါလိမ့်မယ်။

  • winkyawaung

    October 23, 2010 at 5:31 pm

    လူငယ်၊ လူလတ်၊ လူကြီးများ စောစောစီးစီး သိထားသင့်ပါတယ်။ ကျန်းမာရေးအတွက်ဖြစ်လို့ မရိုင်းပါဘူးဗျာ…။

  • kai

    October 23, 2010 at 11:00 pm

    Alexander III of Macedon (20/21 July 356 – 10/11 June 323 BC)ကလွန်ခဲ့တဲ့နှစ် ၂၃၀ဝကျော်ကကစစ်ဘုရင်ပေါ့..။
    သူလည်းလိင်တူဆက်ဆံသူလို့ မှတ်ဖူးပါတယ်..။ အဲဒီခေတ်ကရောမစစ်သည်တွေတော်တော်များများ.. စစ်ချည်းထွက်နေရာတာမို ့လိင်တူဆက်ဆံကြတာပါပဲ..။ စိတ်တော့ အိညောင်ညောင် မဖြစ်နေကြပါဘူး..။
    အင်မတန်ကြမ်းးတမ်းတဲ့..စစ်သားကြီးတွေကိုး..။
    မိန်းမကို ကလေးမွေးပေးဖို့ သတ်တဝါတခုအနေလောက်သဘောထားတယ်လည်း မှတ်ဖူးပါတယ်..။မဟာ့မဟာယောက်ျားဝါဒသမားတွေပေါ့..။

    ဆိုတော့ ..
    လူကအီဗေါ်လူးရှင်း ..ဆင့်ကဲပြောင်းရတာမို ့… စအိုကနည်းနည်းတော့…အမာခံဖြစ်လာပြီဆိုရမလားပဲ..။
    နောက်ပိုင်းဆယ်စု-ရာစုနှစ်တွေတော့.. လိင်တူခြင်းတရားဝင်လက်ထပ်နိုင်တော့မှာမို ့.. ဒီအတွက် တခုခုလုပ်ကြတော့မယ်ထင်ပါတယ်..။ အနည်းဆုံးတော့ ဆေးသိပ်ပံအကူအညီရနိုင်တော့မှာပါ..။ဘာညာကွိကွ..ဆေးတွေ..ပစ်စည်းတွေလည်းထွက်လာမှာပေါ့..။

    နိုင်ငံရေးအနေနဲ့စဉ်းစားရင်တော့ လူမှုကိစ်စတွေရှုပ်ထွေးလာလေလေ.. ..အလုပ်အကိုင်အခွင့်အလန်းတွေပိုလေလေမို ့.. ကောင်းပါတယ်..။ မီဒီယာရှု ့ထောင့်ကလည်းကောင်းပါတယ်..။ စာတွေသတင်းတွေအသစ်ရမှာပေါ့.။ မိန်းမ+ယောက်ျားကနေ …မိန်းမ+မိန်းမ၊ ယော်ကျား+ယောကျိား အတွဲပါပိုလာတော့..အောင်မလေး..ရှုပ်လိုက်မဲ့လူမှုဆက်ဆံရေးတွေ..။
    ဝတ်ထုရေးရင်တောင်… ဘယ်သူကဘာလည်း သေသေချာချာတွေးဖတ်ရတော့မယ်..။

    လူဘဝဆိုတာ…ဒီလိုမှပေါ့နော..။

    ဝင်ဖြည့်ပေးလိုက်တာပါ..။

  • MandalayThar

    October 24, 2010 at 5:02 am

    ဖတ်ရတာ တကယ်ဗဟုသုတရတယ်။ ကျေးဇူးပါဘဲ။ ဒါမျိုးတွေဆိုတာ မေးလို့ မကောင်းတဲ့ဟာတွေ ကိုများမေးလိုက်လို့ရင် မင်းက ဖင်ခံတာ ကို စိတ်ဝင်စားလားလို့ အပြောခံရမဲ့ အပြင် အခြောက်လို့ပါ စကြအုံးမှာ။ အခုလို အပြည့်အစုံ ဗဟုသုတရတော့ ကောင်းတာပေါ့။

    နောက်တခု ဆရာဝန်တယောက်ပြောဘူးတယ်။ နည်းနည်း ကြမ်းသွားရင် ခွင့်လွှတ်နော်..။ အဲဒီကိစကို ကိုယ့်မိန်းမတောင် သွားမစမ်းလေနဲ့တဲ့ အဲဒီကိစက သောက်လေသောက်လေ ငတ်မပြေနိုင်ဘူးတဲ့။ စမ်းပြီးရင် ကိုယ့်မိန်းမကလဲ ဒါကို ဘဲစွဲသွားမယ်တဲ့။ အဲလိုတော့ ပြောဘူးတယ်။ ကိုယ်လည်း သိဘူး။ စမ်းစရာလည်းရှိဘူး သားမှာ..

  • asiamasters

    October 24, 2010 at 5:02 am

    အလွန်ကောင်းပါတယ်။ ကျွန်တော်တို့ Asia Masters မှလည်းအထူးကြိုဆိုပါတယ်။

  • koyinmaung

    October 24, 2010 at 5:13 am

    .ကမာ္ဘပျက်ဘို့နီးလါလို့ထင်တယ် မလုပ်ဘူးတာမရှိရအောင်အကုန်လုပ်နေကြတာနေမှာပါ နှာခေါင်းပေါက်နဲ့နားရွက်ပေါက်ကျန်သေးတယ်

  • snique

    October 24, 2010 at 5:20 am

    ဟုတ်တယ်ဗျ ကို မန္တလေး သာ းရ တော်တော်စွဲတဲ ကိစ္စ း) ကျွန်တော် ကတော့ object မဟုတ်တော့ subject အနေနဲ ့တွက်တော့ ဗျာ အားပို သုံးရတယ်။ ယောကျင်္ား ပီသ မှုကို ဖြစ်ပေါ်တယ်။ တမျိုးပဲ ဗျာ ယောကျင်္ားနဲ ့မိန်းမ ယောကျင်္ားလေးက အသာစီး က အရာရာ ကို ချုပ်ကိုင်ထားနိုင်တယ်ဆို တဲ့ ပီတိ လဲ ရတယ်။ အဲဒါတွေကြောင့် ဖြစ်မှာပါ။ ဒါပေမဲ့ ဒါဖတ်ပြီးတော့ နဲနဲ ကျွတ်သွားတယ် း)

  • naywoonni

    October 24, 2010 at 3:40 pm

    kaiပြောတဲ့ဝတ္ထုတွေတော့မတွေ့သေးဘူး
    အခွေတွေတော့ထွက်လာပြီဗျ

  • Ko out of...

    March 7, 2012 at 8:39 am

    ဟုတ်တယ်လူတွေဟာ ခံစားမှုနောက်ကို လိုက်ရင်းနဲ့ အားမရတော့ ဒါမျိုးတွေလုပ်တာ သဘာဝကို ဆန့်ကျင်နေပါတယ် လို့မြင်မိပါတယ်..

  • နတ်ဆိုးလေး

    March 7, 2012 at 9:51 am

    နတ်ဆိုးလေးကတော့ ဘာမှတိဝူး..ဘယ်ဟာကောင်းလဲ မကောင်းလဲ မတိ………တိတာတော့ ဗိုက်နာတဲ့ အချိန် အိမ်သာထဲမှာ ရှိတဲ့သူကို မေတ္တာ တော်တော်ပို့ရတာဘဲသိတယ် ရေဆွဲသံလေးကြားရင်ကိုပျော်လို့နော့်…….အီးထွက်ကျခြင်း မှ ကင်းလွတ်နိုင်ကြပါစေ စအို ခုံမင်သူတွေရေ

  • ရှမ်းပြည်သား (တောင်ပိုင်း)

    March 7, 2012 at 2:09 pm

    ပညာအားကြီးရတယ် ဒါပေမယ့်အဲဒီ့အကြောင်းကတော့တွေးတောင်မတွေးဝံ့ဘူး
    ရွံချာကြီး စဉ်းစားကြည့်ပါဦးအရပ်ကတို့ရယ် …………
    သရီးပင်ပလပ်ခေါင်းက သရီးပင်ပလပ်ပေါက်မှာပဲကောင်းပါတယ် တူးပင်ပလပ်ပေါက်လဲလာထို့ရော
    ပလပ်တံတစ်ချောင်းချိုးရင်ချိုး မချိုးပဲအတင်းထိုးရင်တော့ ရှော့ဖြစ်ပြီးမီးပွင့်မှာအသေအချာပဲ။ပလပ်အုံလဲကွဲ
    တတ်သေးတယ် ။
    ရှမ်းပြည်သားတို့ဒါမျိုးဝေးဝေးကရှောင်တယ်။

Leave a Reply