ခွေးရူးရှိသည် သတိပြု Mad

mad dog

နအဖအောက်ဆွဲ
လွတ်လပ်မှုကို လိုလားသူ မန်းလေးဂေဇက် စာဖတ်သူများနဲ့ ရေးဖော်ရေးဖက်များကို အလေးအနက် တခုလောက်ပန်ကြားလိုပါတယ်။ အခုတလောမှာ သူ့ကိုယ်သူ XXမာစတာများလို့ ကင်ပွန်းတပ်ပြီး အေးရှားပလာဇာမှာ ဖွင့်တဲ့ ဟိုတယ်သင်တန်းတခုကို မန်းလေးဂေဇက်အပေါ်မှာ ကြော်ငြာစာတွေရေးခဲ့သူ တဦးဟာ အဖမ်းခံနေရတဲ့ ကျုပ်တို့ အမျိုးသား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ပုဂ္ဂိုလ်ရေးဆန်ဆန် တိုက်ခိုက်မှုတွေကို ရွေးကောက်ပွဲ အကြောင်းပြပြီး ပြုလုပ်နေပါတယ်။ ဥပမာ ဒေါ်စုရဲ့ အမျိုးသားဖြစ်သူ မိုက်ကယ်အဲရစ် သေဆုံးတာကြာပြီဖြစ်ပေမဲ့ ဒေါ်စုကို Mrs. Michael ဆိုပြီးရည်ရွယ်ချက်ရှိရှိနဲ့ နအဖ လက်ပါးစေ ဆောင်းပါးရှင်တချို့လို အောက်လမ်းနည်းဆန်ဆန် ရေးသားနေတာကို သတိပြုမိပါတယ်။ တိုင်းပြည်ဘဏ္ဍာကို ခိုးဆိုးလုယက်၊ ကိုယ်ကျင့်သိက္ခာမဲ့ စစ်ဗိုလ်များဖင်ကို ဆားဖြူးလျှာနဲ့မယက်ဘဲ၊ ဆယ်စုနှစ် နှစ်ခုကျော်လုံးလုံး လင်သေ၊ သားကွဲ၊ ပြည့်စုံကုံလုံတဲ့ ဘဝကို စွန့်ပယ်ပြီး တိုင်းပြည်အတွက် ဦးဆောင်မှုပေးနေသူကို အဖက်ဖက်က ချုပ်နှောင်ပိတ်ဆို့ပြီး ပြန်လည်ပြောဆိုခွင့်မပေးဘဲ တဖက်သက် စွပ်စွဲပြောဆိုမှုတွေကို ဆန့်ကျင်ကြရပါမယ်။ ကျနော်တို့ ခံယူထားတဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတာကို ဒီလိုကောင်မျိုးတွေက အခွင့်ကောင်းယူပြီး ဘာသာရေး လူမျိုးရေး စတဲ့ သွေးခွဲမှုတွေနဲ့ ရေးသားတိုက်ခိုက်တာတွေကို အဖက်မလုပ် မဖတ်ရှု၊ ကွန်းမန့် မှတ်ချက်မပေး၊ အကယ်၍ ဖတ်မိခဲ့ရင်လည်း အနုတ်လက္ခဏာ အဆင့်ပေးဖို့ တိုက်တွန်းလိုပါတယ်။ ဒီပန်ကြားချက်ကိုလည်း အမြဲသတိပြုနေမိအောင် မကြာခဏ ဖတ်ပေးကြဖို့ တိုက်တွန်းအပ်ပါတယ်။ ဒေါ်စုလို ဘဝကို တိုင်းပြည်အတွက်မစွန့်နိုင်ပေမဲ့ ကိုယ်တတ်နိုင်တဲ့ဖက်ကနေ နအဖ နောက်ဆွဲတွေကို ယဉ်ကျေးတဲ့ ကျုပ်တို့ရဲ့ ကမာ္ဘကြီးကနေ ဝိုင်းကြဉ်ကြပါစို့လို့ နှိုးဆော်လိုက်ပါတယ်။

7 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 23, 2010 at 4:17 pm

    ဟုတ်တယ်ဗျ ( ဒီလူတွေနဲ့မပူးပေါင်းပဲ၊ လူသားတွေကို မလေ့ကျင့်ပေးပဲ၊ အခု တွင်တွင်ပြောနေတဲ့ဒီမိုကရေစီကို ပြောင်းလို့မရနိုင်ဘူး။ ပြောင်းရင်လဲ ကလိမ်ကကျစ်တွေနဲ့ နင်းကြမ်းပြည့်နေတဲ့ ငရဲဘုံပဲဖြစ်မှာပဲ ) အဲ့သည်ပို ့စ်ထဲက ဒီစာကြောင်းကို ကျွန်တော် မေးမလို ့ဘဲ ဒါပေမယ့် ဘယ်သူဘာပြောမလဲဆိုတာ ကြည့်နေတာ ကိုယ်ဘဲ အယူတိမ်းတာလားပေါ့။

  • winkyawaung

    October 23, 2010 at 4:26 pm

    သခင်ကြီးလို့ ဆိုတဲ့ ကလောင်ကို သိပါရစေ။ ကျွန်တော်တို့က ယခုမှ ရောက်လာတော့ မသိဘူးဖြစ်နေပါတယ်။ “အ” တယ်ပြောလဲ ခံပါ့မယ်နော်..။ရှောင်ရ ရှားရအောင် ဗျို့။

    • bigcat

      October 23, 2010 at 4:46 pm

      ဒါကတော့ သူတင်တဲ့ ခေါင်းစဉ်ပဲ Mrs. Michael နဲ့ပတ်သက်သမျှ တဲ့။ အောက်တိုဘာ ၂၃ နေ့စွဲနဲပါ။ ဒီပို့စ်ရဲ့ အောက် ကိုးမြောက်မှာရှိတယ်။ နေရာအတိအကျကတော့ အဲဒီပို့စ် စာမျက်နှာပေါ်ကနေ နိုင်ငံရေးကက်တီဂိုရီကို ရွှေ့မရွှေ့ မသေချာလို့ ပြောင်းချင်ပြောင်းနိုင်ပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 23, 2010 at 4:35 pm

    ဟုတ်တယ် ဟိုနေ ့ကလည်း နွားခေါင်းနှစ်လုံးမှာ ကိုယ့်လူကို ပို ့စ်တင်နည်းတွေမေးနေတာ ပြောမလို ့ဘဲ
    ကိုယ့်လူ တင်တဲ့ပို ့စ်တွေက ကန်ထွက်လာတာတွေဆို တော့
    ကိုယ့်လူကတော်တော်ချောတော့ ဘယ်သူလဲဆိုတာ သိခြင်လို ့များလားလို ့

  • winkyawaung

    October 23, 2010 at 5:41 pm

    ဆရာ အောင်ပု သတိပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကတော့ ရိုးရိုးမေးတာထင်လို့ မေးလ်ပြန်လိုက်မိပါတယ်။ကျွန်တော်က ရုပ်မချောပေမဲ့ စိတ်ကလှပါတယ် ဆရာပုရယ်..။

  • moethidasoe

    October 25, 2010 at 5:41 am

    လူလိမ္မာသား ယဉ်ပါး .. လူမိုက်သား ရမ်းကားတဲ့ .. သူကလဲ လူမိုက်သားမို့လို့ အရေးအသား ရမ်းကားတာ ဖြစ်မှာပါ .. သူ့အပြစ်တွေကို ကိုယ့်အပြစ် မဖြစ်အောင် ကြည့်ရှောင်နော် .. တော်တော်ကြာ .. နောက်ကြောင်းလိုက်တတ်တဲ့ လူတွေ မွေးပြီး လိုက်ကြရင် ကျွန်ုပ်တို့ ဒုက္ခ အကြီးအကျယ် ရောက်နေဦးမှာ ..

  • မင်း ခန့် ကျော်

    June 19, 2014 at 2:00 pm

    ဟုတ်လိုက်လေခြင်း :mrgreen:

Leave a Reply