အချစ်တိုင်းက သော့အိမ်နဲ့သော့ အချင်းချင်းရှာဖွေတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်တဲ့။

Yin Nyine NwayOctober 24, 20101min715

အချစ်တိုင်းက သော့အိမ်နဲ့သော့ အချင်းချင်းရှာဖွေတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်တဲ့။

လူတိုင်းမှာ ၁၀၀% သင့်လျှော်လိုက်ဖက်တဲ့ ဖူးစာရှင်တစ်ဦးရှိသလို သော့တိုင်းမှာလည်း သော့ကိုဖွင့်နိုင်တဲ့ မှန်ကန်တဲ့ သော့တစ်ချောင်းရှိတယ်ဆိုတဲ့ အဆိုကို လူတွေ ဘယ်ရာစုကတည်း ယုံကြည်ကြခဲ့သလဲ မသိပါဘူး။

“ဒီလို ရာဇဝင်ကိုရော နားထောင်ဖူးလား? လူတိုင်းရဲ့လက်မှာ မျက်စိနဲ့မမြင်နိုင်တဲ့ အနီရောင်ကြိုးစနဲ့ ချည်ထားကြတယ်။ ကျန်ကြိုးစကိုတော့ တခြားလက်တစ်ဘက်မှာ ချည်ထားတယ်။ အချစ်ဆိုတာ ကိုယ်နဲ့အနီရောင်ကြိုးစချင်း ချည်ထားတဲ့လူကို
ရှာတာဖြစ်တယ်”

ကျွန်မ သူငယ်ချင်းတွေက ဒီလိုအချစ် အယူအဆကို ပိုထောက်ခံကြတယ်။ တကယ်လို့ တစ်ဘက်လူက ကိုယ်နဲ့အမြင်ချင်း မတူတဲ့အခါ၊ အကျင့်စရိုက် ခြားနားတဲ့အခါ၊ မကြာခဏ ငြင်းခုန်ကြတဲ့အခါ တစ်ဘက်လူကို Mr.Wrongလို့သတ်မှတ်ပြီး သော့တံအရှာမှားတယ်လို့ သူတို့ထင်ကြတယ်။

ခုတစ်လော ကေသီနဲ့သူ့ချစ်သူ မကြာခဏ ပြဿနာတက်တယ်။ အားပေးတဲ့ ဘောလုံးသင်းကအစ စားတဲ့အစားအစာအထိ သူတို့နှစ်ယောက်ရဲ့ အကြိုက်က ဆန့်ကျင်ဘက်ဖြစ်နေတယ်။

“သူက ငါ့အတွက် ဘုရားသခင်ပေးတဲ့ သော့မဟုတ်ဘူး။ ငါ သော့တစ်ချောင်း လဲကြည့်သင့်ပြီထင်တယ်”လို့ ကေသီက သူ့စိတ်ကူးကို သူငယ်ချင်းတွေဆီ ရင်ဖွင့်တယ်။ ကျန်သူငယ်ချင်းတွေက သဘောတူပေမယ့် ကျွန်မ ခေါင်းခါခဲ့တယ်။

“ကေသီ… ဒီလို ခဏခဏချစ်သူပြောင်းတိုင်း နင်နဲ့ အသင့်လျှော်ဆုံးချစ်သူ တကယ်တွေ့နိုင်မလား?” သံသယအမေးနဲ့ ကျွန်မမေးမိတယ်။

“တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်မှတော့ လမ်းခွဲတာ အကောင်းဆုံးပဲ၊ ဒီတိုင်းဆက်သွားရင်လည်း ဘာမှထူးမလာဘူး” ကေသီက ခိုင်ခိုင်မာမာ ပြန်ဖြေတယ်။

“ဟုတ်တယ်.. စောစော လမ်းခွဲလေ စောစောပျော်ရလေပဲ” မိဆိုးက ဝင်ထောက်တယ်။

“မှန်တာပေါ့။ ကားထားဖို့နေရာ လပ်ပေးမှ တခြားကားဝင်ရပ်နိုင်မှာပေါ့။ ကိုယ်နဲ့ မသင့်လျှော်တဲ့လူကို နေရာပေးရင် တကယ့်ဖူးစာရှင်က ဘယ်မှာနေရာရှိတော့မလဲ?” မော်လီက ထောက်ခံမဲဝင်ပေးတယ်။

“ဒါဟာ လော့ဂျစ်မှားတစ်ခုပဲ။ ကေသီအတွက် ပိုသင့်လျှော်တဲ့ ဖူးစာရှင်ရှိတယ်၊ မွေးကတည်းက သူ့အတွက်
မှန်ကန်တဲ့သော့တစ်ချောင်း ပါလာတယ်လို့ နင်တို့ထင်ခဲ့တယ်။ အဲဒီအထင်က နင်တို့ရဲ့ဆုံးဖြတ်ချက်ကို ထိခိုက်စေခဲ့တာပဲ။ သော့ဆရာတွေ သော့လုပ်တာကို နင်တို့မြင်ဖူးကြရင် ငါဆိုလိုချင်တဲ့ အဓိပ္ပာယ်ကို နင်တို့နားလည်လိမ့်မယ်။
သော့ဆရာက သော့တံတစ်ခုကို ယူတယ်။ အဲဒီသော့တံက သော့အိမ်ကို ဒီအတိုင်းတိုက်ရိုက် ဖွင့်လို့မရဘူး။ သော့အိမ်ကို
ဖွင့်နိုင်တဲ့သော့ဖြစ်အောင် အဲဒီသော့တံကို စက်တွေနဲ့သေချာပွတ်တိုက် ညှိပေးရတယ်။ ဒီကမာ္ဘမှာ မွေးလာကတည်းက ကိုယ်နဲ့လိုက်ဖက်မယ့်၊ ဖွင့်နိုင်မယ့် သော့ရှိတယ်လို့ ငါတော့မထင်ဘူး။ အဲဒီလိုပဲ ကိုယ့်အတွက်ကြောင့် မွေးဖွားလာရတယ်ဆိုတဲ့ လူလည်းရှိမှာမဟုတ်ဘူး”

“ကိုယ်သိတဲ့ ယောက်ျားတစ်ယောက်က သော့တစ်ချောင်းဆိုပါစို့။ ကိုယ်နဲ့သူဟာ လုံးဝမလိုက်ဖက်ဘူး။ ဒါပေမယ့် သူဟာ ကိုယ့်အတွက် အသင့်တော်ဆုံးလူဖြစ်သွားနိုင်တယ်။ သော့တံကိုစက်တွေနဲ့ ပွတ်တိုက်ညှိပေးသလို အချင်းချင်း ချစ်ကြိုက်တယ် ဆိုတာ မတူညီတာကို ပြင်ဆင်ညှိနှိုင်းပေးတာပဲ။ ကိုယ့်အချစ်နဲ့ သူ့ရဲ့ မချောမွတ်တဲ့ထောင့်တွေကို ပွတ်တိုက်ညှိပေးမယ်။
ကိုယ်ကြိုက်တဲ့ ပုံစံဖြစ်တဲ့အထိ လိုက်ဖက်အောင် ညှိပေးမယ်။ သူလည်းပဲ သူ့အချစ်နဲ့ ကိုယ့်ရဲ့ အဆင်မချောတဲ့ထောင့်တွေကို
သူနဲ့အဆင်ပြေချောမွတ်တဲ့အထိ ပြင်ဆင်ညှိပေးမှာပဲ။ ဒီလိုနဲ့ တဖြည်းဖြည်း ချစ်သူနှစ်ဦးဟာ တူညီမှုတွေများလာတယ်၊ အကြိုက်ချင်းတွေ တူလာတယ်။ ဘောလုံးပွဲတွေ အတူကြည့်လာနိုင်သလို၊ သူကြိုက်တဲ့အစားအစာ ကိုယ်ကြိုက်တဲ့ အစားအစာ တွေကို အတူစားလာနိုင်တယ်။ ကိုယ်နဲ့မတူတဲ့ ယောက်ျားတစ်ယောက်ကို ချစ်မိရင် ဘယ်အရာမဆို ကိုယ့်သဘောအတိုင်း
ဖြစ်နိုင်မှာမဟုတ်ဘူး။ ဒီလိုအချိန်မှ အချင်းချင်း အဆင်ပြေပြေ၊ ချောချောမွတ်မွတ် ပြောဆိုဆက်ဆံတတ်ဖို့ ကိုယ်သင်ယူနိုင်မယ်။ နားလည် ခွင့်လွတ်တတ်လာမယ်။ အလျော့ပေး နောက်ဆုတ်တတ်လာမယ်။ မတူညီတဲ့အရပ်ကနေ လောကကြီးကိုကြည့်ပါ။ ဒါမှ ကိုယ်ပိုရင့်ကျက်လာတယ်လို့ ခံစားမိလိမ့်မယ်”

“ကိုယ်နဲ့သင့်လျှော်တဲ့ ဖူးစာရှင်ရှိတယ်ဆိုတာကိုပဲ ကိုယ်တွေးနေရင် အလုပ်နဲ့သက်သေပြတာကို ကိုယ်ဖယ်ထုတ်မိပြီး “သူက ငါ့ရဲ့တကယ်ဖူးစားရှင် မဟုတ်သေးဘူး၊ နောက်တစ်ယောက် ပြောင်းဦးမယ်။ အရွယ်တွေ နုပျိုတုန်း နောက်တစ်ယောက်ကို
ငါအမြန်ရှာမယ်”ဆိုတာမျိုးတွေ ဖြစ်သွားတတ်တယ်”

“နင်ရွေးသင့်တာက လမ်းခွဲဖို့ မဟုတ်ဘူး။ နှစ်ယောက်စလုံး လိုက်ဖက်တဲ့ချစ်သူဖြစ်အောင် သူ့ကိုပြင်ဆင်ဖို့နဲ့ ကိုယ့်ကိုယ်ပြင်ဆင်ဖို့ပဲ ကေသီ”

လောကကြီးမှာ မွေးလာတာနဲ့ ကိုယ်နဲ့ အသင့်လျှော်ဆုံးလူဆိုတာ မရှိသလို မသင့်လျှော်ဘူးဆိုတာလည်း မရှိဘူး။ အဓိက,က ချစ်ကြိုက်သူနှစ်ဦး အဆင်ပြေချောမွတ်ဖို့ အချင်းချင်း ပြင်ဆင်ညှိနှိုင်းတာပဲဖြစ်ပါတယ်။

5 comments

  • ghost

    October 24, 2010 at 5:09 am

    အင်း ယောကျားတယောက် အဖို့ master Key ဖြစ်ဖို့လိုတာပေါ့နော်
    မိန်မတယောက် ကလဲ ဘာနဲဖွင့်ဖွင့်ရတဲ့ တရုတ် သော့အိမ် မဖြစ်သင့်ဘူး
    solux ဆိုလဲ မလွယ်ဘူး အာမခံတော့ရှိသင့်ပါတယ်။ အဲ..အာမခံတာလဲသော့တံမှာမရှိဘူး သော့အိမ်မှာဘဲရှိတာပါ။သော့အိမ်တွေအာမခံပြကြပါ။

  • snique

    October 24, 2010 at 5:12 am

    ပြင်ဆင်ရင်း ပြင်ဆင်ရင်းနဲ ့ပဲ နောက်ထပ် သော့ခလောက် အသစ်တွေဆီ ရောက်ရောက်သွားတယ် သူ ကလဲ နောက်ထပ် သော့တံ့ အသစ်တွေ လက်ခံတယ်ဆိုရင်ကော ဗျာ း)

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 24, 2010 at 5:26 am

    (သော့တိုင်းမှာလည်း သော့ကိုဖွင့်နိုင်တဲ့ မှန်ကန်တဲ့ သော့တစ်ချောင်းရှိတယ်)
    ရင်ခုန်သံတွေ မြန်လာပြီ
    ထိမ်းမနိုင်သိမ်းမရဖြစ်လာပြီ
    ဘာဆိုဘာမှ မသိတော့ပြီ
    မီးတွေ ဟုန်းဟုန်းတောက်လာပြီ
    အောင်မြတ်လေး လုပ်ကြပါဦး မီးလောင်နေပြီ
    မီးလောင်နေပြီ

  • bigcat

    October 24, 2010 at 5:35 am

    ပြင်ဆင်ညှိနှိုင်းရင်း ညှိနှိုင်းရင်းနဲ့ပဲ လက်မထပ်ပဲ အတူနေတဲ့ စနစ်ပေါ်လာတယ် ထင်တာပါ။ ယောက်ျားလေးများကတော့ ရရင် အုပ်မဲ့ကောင်ကြီပဲ၊ မိန်းခလေးများ ကိုယ်တန်ဖိုးကိုယ်သိ ဘယ်အချိန် စရံပေးပြီး ဘယ်အချိန်မှာ ငွေအပြီးချေသင့်တယ် ဆိုတာလည်းသိဖို့ လိုမယ်ထင်ပါတယ်။

  • kopauk mandalay

    October 24, 2010 at 4:31 pm

    အချစ်တိုင်းက သော့အိမ်နဲ့သော့ အချင်းချင်းရှာဖွေတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်တဲ့။
    ကျနော်မျက်စိထဲမှာတော့ တန်းကနဲကိုသဘောပေါက်သွားတာဘဲ။
    ကောင်းလိုက်တဲ့ ဥပမာဗျာ။
    ဒါပေမယ့် အင်တာနက်မှာ လိင်တူချင်း လက်ထပ်တဲ့သတင်းဖတ်ရတော့ ……………………………………………………….

Leave a Reply