တွေးမိတွေးရာ

ဆူးOctober 24, 20101min1408

အလံတော်လဲတဲ့ အင်္ဂါ နဲ့ ဗုဒ္ဓဟူး..
အင်္ဂါ = ခြင်္သေ့
ဗုဒ္ဓဟူး= ဆင်
ခြင်္သေ့ = ကြံခိုင်ရေး
ဆင်= ကျောက်ဆည်

ဆင်ဖြူတော် ၅၀၀ဝတန်..
မြန်မာပိုက်ဆံကို အမြတ်တနိုး တန်ဖိုးထားပြိး နဖူးက ချွေး မြေခအောင် ကြိုးစားရုန်းကန်သူ မှန်ရင် ၅၀၀ဝ တန် တရွက် မုန့်ဖိုးပေးရင် သိပ်ပျော်မှာဘဲ.. သူဠေးလည်း ၅၀၀ဝ တန် အထပ်လိုက် ပေးရင် အလကားရရင်တောင် ယူအုန်းမှာ..
၅၀၀ဝ တန်လေးများ အသယ်က လွယ်ကူ တန်ဖိူးရှိတာကို.. တထုပ်သယ်လို့ ၁သိန်း ၅သိန်းဖြစ်ဖို့ ၅ထုတ်သယ်စရာ မလိုဘူး ၁ထုတ်သယ်ရင် ၅သိန်းဖြစ်တယ်.. ငွေပေးငွေယူ များများ လုပ်ရင် အလွန်လွယ်ကူ အဆင်ပြေသည်။ ကလေးများ မုန့်ဖိုးပေးရင် ၁၀၀ဝတန်နဲ့ ၅၀၀ဝတန် ဘယ်ဟာ ယူမလဲ.. မူကြို မတက်သေးတဲ့ ကလေးတောင် ၅၀၀ဝတန် ပိုတန်မှန်းသိရင် ၅၀၀ဝတန်ဘဲ ရွေးချယ်မှာ..
စာရွက်တွေထဲမှာ ဆင်ဖြူတော် ငါးထောင်တန် အမြတ်တနိုး အဖိုးအနက်က အထိုက်အတန်ဆုံး..ဖြစ်ပါလေတော့သည်။
တိုက်ဆိုင်မှုလေလော.. ဓါတ်ရိုက်ဓါတ်ဆင်များလေလော..
ဒါနဲ့ စကားမစပ်.. မန္တလေးဂေဇတ် ရတနာပုံနေပြည်တော် သတင်းစာမှ စာမူဖိုးများ ချီးမြင့်ရင် ၅၀၀ဝတန် စစ်စစ် ဆင်ဖြူတော် အစစ်များချီးမြှင့်တော်မူပါ။ နှစ်ထောင်းအားရ သဘောကျ ကျေနပ်စွာ လက်ခံ သိပ်ဆည်း အသုံးပြုပါမည်။

တရေးနိုးအတွေးလေး ချရေးလိုက်သည်။

8 comments

  • bigcat

    October 24, 2010 at 4:37 am

    မိုက်လိုက်လေ ခလေးမရယ်။ ငါးထောင်အလွယ်လိုချင်ရင် ကြက်ဖွတ်ရုံးသွား မဲရောင်းလိူက်ပေါ့ကွယ်။ ငါးသောင်းလိုချင်ရင်တော့ ယောက်ျားခလေး တယောက်ကို မုန့်ကျွေးမယ်လို့ ညာပြီး စစ်သားစုဆောင်းရေးတပ်ကိုခေါ်သွား၊ အဲဒီမှာ စစ်သားအသစ် တယောက်ကို တသိန်းဈေးပေါက်တယ်။ ပြီးရင် တာဝန်ခံ အကြပ်ကြီးနဲ့ တယောက်တဝက်ခွဲယူပေါ့။

  • ဆူး

    October 24, 2010 at 4:45 am

    ဟယ်.. ကိုကြီးကြောင် ငါးကြော်ပူပူလေး.. အခုတင် ဒယ်အိုးထဲက ချတာ.. လာ.. လာ.. လိုက်စားပါလား.. ပူလို့ မကိုင်နိုင်လို့.. ဟော့ဟိုမှာ ထားခဲ့တယ်.. လာ.. လာ.. လိုက်ပို့ပေးမယ်.. (၅သောင်းဆိုလည်း မနဲဘူး.. ၅၀၀ဝတန် ၁ဝရွက်)

    • bigcat

      October 24, 2010 at 5:00 am

      ကြောင်ကြီးက တပ်သားဘယ်တော့မှ မလုပ်။ လုပ်မဲ့လုပ် တပ်ချုပ်ကြီးလုပ်မှာ။

      တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး ကြောင်ကြီး ကိုအလေး..ပြု.. ၊ နေမြဲ.. သက်သာ။

      ရဲဘော်တို့… ငါတို့တပ်မတော်ဟာ ပေးအပ်ထားခဲ့တဲ့ ကတိအတိုင်း လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကို အများပြည်သူ ၉၂%ကျော် တခဲနက် ထောက်ခံပြဌာန်းပေးလိုက်တဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေနဲ့အညီ နောင်တက်လာမဲ့ ကြက်ဖွတ်အစိုးရကို အာဏာလွှဲပေးမှာဖြစ်တယ်။ မမျှော်လင့်နိုင်တဲ့ အခက်အခဲတွေကြောင့် ပြည်သူလူထု ၉၀%နှုန်းကျော်နဲ့ မဲပေးတင်မြှောက်လိုက်မဲ့ ကြက်ဖွတ်အစိုးရသစ်ကို အာဏာလွှဲပြောင်းတဲ့အခါ ကြန့်ကြာနေမှာစိုးလို့ အခုကထဲက အလံအသစ်ပြောင်းတာ လုပ်လိုက်တာဖြစ်တယ်။ သက်ဆိုင်ရာ ပြည်နယ် တိုင်း ဒေသကြီးများ မှာအုပ်ချုပ်ရမဲ့ ခေါင်းဆောင်များကိုလည်း ပြည်သူလူထု အလိုကို ချက်ချင်းဖြည့်နိုင်အောင် အခုကထဲက ရွေးထားပြီးဖြစ်လို့…….

      ၂၀၁ဝ ရွေးကောက်ပွဲအကြို တိုင်းတပ်မ တပ်ရင်းတပ်ဖွဲ့များ အသီးသီးသို့ ကြောင်ဇေယျခန်းမတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး ကြောင်ကြီးမှ ပြောကြားသော မိန့်ခွန်းကောက်နှုတ်ချက်။ (၂၄.၁၀.၂၀၁၀)

      ဟီဟီ ဘယ်လောက် ကြက်သရေ ရှိလိုက်သလဲ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 24, 2010 at 5:07 am

    (လုပ်မဲ့လုပ် တပ်ချုပ်ကြီးလုပ်မှာ) တဲ့လား
    or………or…………or………

  • ဆူး

    October 24, 2010 at 5:32 am

    ငါကြော်ခေါ်ကျွှေးတာ.. နောက်ဆုံးတော့ ကြောင်ချုပ်ကြီး ဖြစ်သွားပါကောလား.. ကြောင် အုပ်ချုပ်တဲ့ ကြောင်တပ်မတော်က ဘယ်ကို ကာကွယ်မှာလဲဟင်.. ကြွက်မလာအောင်လား.. ကြွက်မသောင်းကျန်းနိုင်အောင်လား.. အတွေးပေါင်းများစွာနဲ့ စဉ်းစားစရာ ဖြစ်လာပြီ။

  • kopauk mandalay

    October 24, 2010 at 4:17 pm

    5000တန်က တန်ဘိုးကြီးလို့ ကြိုက်ချင်စရာကောင်းပေမယ့်လည်း ငါးထောင်ရအောင်မရှာနိုင်လို့ မကိုင်ရသူတွေများပါတယ်ကွယ်။
    ကိုပေါက်ကို ငါးထောင်တန်လာပေးလို့ကတော့ လဲ ဟင့်အင့်ပါကွယ်။
    ကိုပေါက်လက်ဖက်ရည်တစ်ခွက်သောက်ပြီး ငါးထောင်တန်ပေးရင် အမ်းစရာမရှိတဲ့ ဆိုင်ရှင်က မောင်းထုတ်မှာစိုးလို့ပါကွယ်လို့
    ပြောချင်ပါတယ် ဆူးမမရယ် ဆူးတွေနဲ့တော့ မ မလိုက်ပါနဲ့နော်လို့။

  • ဆူး

    October 25, 2010 at 11:28 am

    လေးပေါက် ၅၀၀ဝတန် မလိုချင်ရင် ရသမျှ စုထားပြီး ဆူးကို မုန့်ဖိုးပေးလေ.. ဝယ်စားလို့ ရတဲ့ ဆိုင်မှာ ဝယ်စားပေးမယ်..

  • unclegyi1974

    October 25, 2010 at 4:37 pm

    မြေးလေးဆူး ကငါးထောင်တဲ့လား
    ဦးဇာ ကတော့ တထောင်ထဲနဲ့ကိုလုံလောက်ပါတယ်တဲ့

Leave a Reply