ဆူး အမျိုးထဲက ကူးလေး ဆိုတဲ့ အကို ၀မ်းကွဲ တယောက် အကြောင်းပါ။ မိသားစုထဲမှာလည်း အငယ်ဆုံးဖြစ် မွေးချင်းထဲမှာ သားဆိုလို့ တယောက်ထဲ အငယ်ဆုံးကလည်း ဖြစ်နေတော့ မိဘတွေနဲ့ အမ တွေက ချစ်ပြီး အလိုလိုက်ထားကြ.. အိမ်စီးပွားရေးလေးက ကောင်းနေတော့.. ဖြစ်ချင်တာ လိုသမျှ လုပ်ပေးရတာ ဘာမှ အခက်အခဲ မရှိဘူး။ ဒီရေ အတက်အကျ ရှိသလို ကံအတက် အကျ ဆိုတာ ရှိလေတော့.. မိသားစု စီးပွားရေး ယိမ်းယိုင်လာတော့ ပိုက်ဆံ ရှားပါးနေပြန်တော့ မစားရရင်နေ.. သားလေး သုံးဖို့.. မိခင် ဖခင် စေတနာ အလွန်ဝေဖြာ ခဲ့တယ်။ ငယ်စဉ်ကတည်းက ဂိမ်းကစားတာ ၀ါသနာ အထုံ တော်တော် ပါလေသူမို့.. တနေကုန် တနေခမ်း ဂိမ်းဆိုင်ထဲမှာ အချိန်ဖြုန်းပြီး ပေးတဲ့ ပိုက်ဆံ အကုန်သုံးပြီး မှ ပြန်တယ်။ ပိုက်ဆံ မရှိလို့ မပေးနိုင်ရင် အမေ လုပ်သူက ချည်းငှားပြီး ပေးလိုက်တယ်။ မသိစေချင်ဘူး ရှားပါးနေတာ.. မသိစေချင်သလို မသိကို မသိတတ်တော့တာ.. အလိုလိုက်တော့ အမိုက်တွေ ဖြစ် အဲသလို ဖြစ်လာခဲ့တယ်။ စီးပွားရေးက မကောင်း ဖခင်ကြီး ဆုံးသွားတော့ လုပ်ငန်းလေးတွေ မရေမရာနဲ့ လက်မှု အတတ်ပညာ မုန့်လုပ်ပြီး အမေလုပ်သူက သားသမီးတွေ ရှာကျွှေးတယ်။ သမီးတွေကလည်း ကူညီဖေးမကြပါတယ်။ မတူညီဘဲ သားသမီးတွေ တမျိုးဆီ စိုးကြပေမဲ့.. မိခင်ကတော့ အပြုံးမပျက်.. ဘိုးဘွားတွေ ဆီ အလည်သွားရင် ရွေဆွဲကြိုးလေးများ ၀တ်ဖို့ ပေးလိုက်ရင် အိမ်ပေါက်ဝက ထွက်တာနဲ့ မိခင်ဆီက သားက ချွှတ်ယူပြီး အပေါင်ဆိုင်ပြေးတာဘဲ.. ကြီးပွားဖို့ ရင်းနှီးမြုပ်နှံတာမဟုတ်ဘူး.. ဂိမ်းကစားဖို့.. ပိုက်ဆံ ရှာတာ.. ဂိမ်းကစား သူနေတဲ့ မြို့မှာတော့ ပြိုင်ဘက်မရှိ ဘော်ဒါအားလုံးက ဂိမ်းဘုရင်လို့ ခေါ်ရလောက်အောင် တော်တယ်လို့ ကြွားဝါပြောဆိုလေ့ရှိတယ်။ မုန့် လုပ်ရောင်းတဲ့ မိခင်.. ပိုက်ဆံ မပေးရင် ဈေးဗန်းသွားရောင်းပြစ်တယ်.. သားလုပ်တဲ့ သူ ဘာပြောပြော ကြည့်နေရှာတယ်.. သား သွားရောင်းတဲ့ လူဆီမှာ နောက်မှ သွားပြန်ဝယ်တယ်.. အဲဒီလို အခေါက်ခေါက်အခါခါ အကြိမ်ပေါင်းမနဲ ဖြစ်ခဲ့တယ်။ ပိုက်ဆံ ဘယ်က ရလဲ မမေးနဲ့ သူများဆီက အတိုးနဲ့ ချေးပြိး သွားပြန်ဝယ်တာ.. ပတ်ဝန်းကျင်ကတော့ သားသမီး လုပ်သမျှ ငြိမ်ခံနေလို့ ထို မိခင်ကို သနားကြတယ်။ သားက တမျိုး ဆိုး.. သမီးတွေက တမျိုး ဆိုး.. အမျိုးမျိုးကြားမှာ.. နေရင်းနဲ့.. ရောဂါတခု ဖြစ်ပြီး သေသွားလေရဲ့.. သေသွားလို့ ရက်လည်ဆွမ်းကပ်ပြိး ဘုန်းကြီး ပြန်ကြွ အသွားမှာတော့.. အိမ်ထဲကို ဒေါင်းတိမောင်းတိနဲ့ မိန်းမကြီး ၄ယောက် လာကြတယ် စာရွက် ကိုယ်စီကိုင်လို့.. သေသူ အတွက် ရက်လည် မုန့်ဟင်းခါး အလှူတောင် မပြီးသေးဘူး.. သူတို့ မျက်နှာ ခပ်တင်းတင်းနဲ့ အိမ်ဦးခန်းမှာ တက်ထိုင်ပြီး လာသမျှ ဧည့်သည် အကုန်ပြန်လွတ်တယ်.. သူတို့ ပြူသမျှ နုရမှာဘဲလေ.. သူတို့ အကြွေးတွေ သားသမီးတွေ နိပ်စက်လို့ ချေးငှားထားတာ တကျပ်တပြားမှ ကိုယ်ရေးကိုယ်တာ အသုံးစရိတ် မဟုတ်ဘဲ.. သားက လိုလို့.. အမေ နာမည်နဲ့ သွားချေးတယ်.. သမီးက လိုနေလို့.. အမေနာမည်နဲ့ ချေးလိုက်တယ်.. ဘာတခွန်းမှ မပြောဘူး.. အကြွေးသမား ချေးမှာပေါ့.. သားသမီး အကြွေး အရင်ကလည်း ဆပ်နေကြ.. အလုပ်လည်း လုပ်နေတော့.. ပြန်ရမှာဘဲ ဆိုပြီး ချေးထားတာ များနေတာပေါ့.. အမျိုးထဲမှ လူကြီးများက မခံချင်ဘူး စကားများပြီး သူတို့ စာရင်းထုတ်ပြတော့.. ဘယ်သူမှ မယုံနိုင်လောက်အောင်ကို ဖြစ်ကြတယ်.. လွန်ခဲ့သော ၈နှစ်လောက်က သေသူ မသေခင်က ချေးယူငွေ ၄ယောက်ပေါင်း သိန်း ၃၀ လောက် ဖြစ်နေတယ်။ ထိုခေတ်ထို အခါ အဲဒီလောက် ပိုက်ဆံ ဆိုရင် တော်တော် အသုံးခံ ပါသေးတယ်။ သူက ပိုက်ဆံ သိန်း ၃၀ကို တလုံးထဲ ယူသွားတာ မဟုတ်ဘူး.. အမေ နာမည်နဲ့ ယူသွားပြီး စာရင်းပေါင်းပေးထား ဆိုပြိး ယူထားတာ သားသမိး တွေ အကုန် ထိုနည်း အတိုင်း ယူသွားတာပါ။ အကြွေးရှင်တွေကလည်း ပိုက်ဆံများတော့ သူတို့ ပိုက်ဆံ မရမှာ စိုးရိမ်လို့ လူကြီးတွေ ရှိတုန်း အတင်းစာရင်းပြတာ.. ဘယ်နေ့က ဘယ်ရက် ဘယ်သူက ဘယ်လောက် ယူတာ ဆိုတော့.. သားသမီး အားလုံး ဘာမှ မပြောနိုင်ဘူး.. အကုန်လုံး ပါးစပ်ပိတ်နေကြတယ်။ မိဘ အကြွေး သားသမီးနဲ့ ဆိုင်တယ်လို့ ပြောကြပေမဲ့ ဘယ်သားသမီး တယောက်တလေမှ အကြွေးဆပ်ပေးဖို့ စိတ်မပါဘူး။ ရက်လည်ကို လာတဲ့ အမျိုးတွေကတော့ လူကြီးတွေ ပီပီ.. ထို သိန်း ၃၀ ကို အတိုးထပ်မယူဘဲနဲ့.. အခု စာရင်းအတိုင်း.. နောင် တချိန် အမွေ ဆိုင် အိမ်ရောင်းပြီးရင် ပြန်ဆပ်ပေးမယ်လို့ ပြောပြီး ဖြောင်းဖြ ပြန်လွတ်လိုက်တယ်။ အိမ်ကတော့ ဘယ်အချိန် ရောင်းမယ်မှန်းမသိဘူး လက်ညိုးထိုးစရာ အိမ်ဘဲ ရှိတယ် ဆိုတော့.. ရှိတာနဲ့ လက်ညိုးထိုးပြီး ကျေအေးထားရတယ်။ ဒီလိုနဲ့.. အချိန်ကြာသွားတဲ့ အချိန်မှာ အိမ်ကို ရောင်းတယ် သိန်း ၂၅၀ ရတယ်.. သားသမီး ၄ယောက် ရှိပေမဲ့.. မိခင်အကြွေး ၃၀ ရှိသေးတော့.. မိခင် အတွက် တပုံထား တယောက် ၅၀ နှုန်း ယူပြီး မိခင် အကြွေးဆပ်ပြီး ပိုတဲ့ ၂၀ ကို ၄ပုံ ပုံပြီး ၁ပုံစီ ယူကြ ဆိုပြီးတော့ အကြွေး ဖြောင်းဖြတဲ့ လူကြီးတွေက စီမံပေးလိုက်တယ်.. သို့သော်.. တယောက် ၅၀လည်း ယူမယ်.. မိခင် ၅၀ကိုလည်း ၄စိတ်ခွဲယူမယ် အကြွေး မဆပ်ပေးဘူး ဖြစ်ကုန်ကော.. ကြားရတာ အားလုံး စိတ်မကောင်းဖြစ်ကြတယ်။ ကာယကံရှင် သားသမီးတွေကတော့ လုံးဝ စိတ်နဲနဲမှ မတုန်လှုပ်ဘူး.. ဒီလိုနဲ့ မိခင်အကြွေး ၃၀ ကို ၁၀လောက် ဆပ်ပြိး မပေးတော့ဘူး.. အကြွေးရှင်တွေကတော့ ကြိမ်ဆဲနေကြတယ်။ မိခင်ခမျှာ သိရင် ဘယ်လောက် ၀မ်းနည်း ကြေကွဲနေမလဲ.. သားသမီးတွေ အလို အမြဲ ဖြည့်ဆည်းပေးသလို ရချင်ရင် ဖြစ်အောင် လုပ်ပေးနေကြ.. သူအတွက် မဟုတ်ဘဲ သူနာမည်နဲ့ ချေးယူသွားတဲ့ ပိုက်ဆံ မဆပ်ပေးဘူး ဆိုတော့.. အကြွေး နဲ့ ဆိုင်တဲ့ သူ သံသရာ အကြွေး ဆပ်ရတော့မှာပေါ့.. တိုက်တိုက်ဆိုင်ဆိုင် အလှူတခုအသွားမှာတော့ အလှူလာတဲ့ လူတယောက်ကို ၀င်ပူးပြောပြီး ငိုချင်းချ သားလေးကို အမေက ချစ်လွန်းလို့.. သားလုပ်တဲ့ လူ ဘယ်သွားသွား အနောက်က လိုက်နေတယ်လို့ ပြောသွားလေရဲ့.. မြင်တွေ့တဲ့ လူတိုင်း စိတ်မကောင်း ဖြစ်နေကြတယ်။ ဒီလိုနဲ့ မိခင် အကြွေး ၀ိုင်းပြီး ကျေအောင် မဆပ်ဘဲ နေတော့.. သားသမီးတွေလည်း ကပ်ဆိုက် သလိုဘဲ.. တယောက်စီရတဲ့ သိန်း၅၀ ကြက်ပျောက် ငှက်ပျောက်.. ဆိုသလိုဘဲ.. တသက်လုံး သုံးမကုန်အောင် များပြားတဲ့ ပိုက်ဆံတွေ အလား သုံးဖြုန်းကြတာ.. အချိန် ၆လ ၇လ ကြာသွားတဲ့ အချိန်မှာတော့ အားလုံး တက်တက်ပြောင်ကုန်ကြပြီ.. ငွေဆိုတာ လူစိတ်ကို ပြောင်းလဲ စေတာ တကယ်မှန်ပါသလား ဆိုတာ သက်သေပြစရာ မလိုလောက်အောင်ဘဲ.. ပိုက်ဆံ ရှိလာတော့ အပေါင်းအသင်း အသစ်တွေရ ငွေ ကုန်အောင် သုံးနည်းတွေ တက်လာကြတယ်. မိန်းမ ကိစ္စ ရှုပ်.. အမျိုးတွေ ၀ိုင်းကျဉ်တဲ့ အထိအောင်ဘဲ.. ထို အမျိုးသမီး လို သမျှ လိုက်ဖြည့်ပေးရင်းနဲ့.. ရှိတာ ကုန်တာဘဲ.. ငွေကုန်တော့ ကန်ထုတ်တာ ခံရပြီ.. တခြား သမီးတွေကလည်း လင်တကွဲ စီ ဖြစ်နေရာကနေ.. ကွဲနေတဲ့ ယောကျားတွေနဲ့ ပြန်ပေါင်း.. ယောကျား လိုသမျှ လိုက်ဖြည့်ပေးရင်းနဲ့ ကုန်တာဘဲ.. နောက်ဆုံးတော့ အိမ်ရောင်းလိုက်လို့ အမြတ်မရဘဲ.. အိမ်ပျောက်သွားပြီ.. နေစရာမဲ့ သွားလို့ ရရ စားစား အခန်း သေးသေးမှာ ငှားနေရတဲ့ ဘ၀ ဖြစ်ကြရတာဘဲ.. မိန်းမ ရှိပြီးသား လူကလည်း သားမယား ပြစ်ပြီး အငယ် နောက်လိုက်လို့ ၀ိုင်းမုန်းနေကြ.. ပိုက်ဆံ က သုံးလို့ ကုန်.. အကြွေး သံသရာမှာ ချာချာလည်နေကြတာ.. မိဘ ကို အကြွေးထူအောင် လုပ်ပြီး အကြွေး မဆပ်လို့ ကပ်ဆိုက် နေတယ် ထင်ပါတယ်။
အမျိုးတွေ အားလုံးက သူတို့ အိမ်လာမှာတောင် ကြောက်လန့်ကြတယ်.. ပိုက်ဆံ ချေးမှာ စိုးလို့.. အကြွေးမကြောက်တော့လည်း လှည့်ချေးပြီး.. ပြန်မဆပ်.. ချေးတာ ကြာသွားတော့လည်း မသိချင်ယောင် ဆောင်နေလိုက်တယ်။ သံသရာကြွေး မကြောက် ပုံများ.. တော်တော် ရင်လေးစရာ.. မနေ့က သီတင်းကျွှတ်လပြည့်နေ့.. ကူးလေး ရောက်လာတယ် အမျိုးတွေမို့ သိတတ်စွာ လာကန်တော့တယ်။ သူကလေးလည်း ပါလာတယ် အသက်အားဖြင့် ၉နှစ်ဖြစ်နေပြီ။ မိသားစုလိုက် လာပြီး ကန်တော့ရင်း စကားပြောရင်းနဲ့.. တော်တော် အံသြစရာ ကောင်းလောက်အောင် ပြောင်းလဲသွားတယ်။ အရင်က မပြတ်နိုင်တဲ့ ဂိမ်းဆရာကြီး ဂိမ်းတွေ ပြတ်လို့.. မိန်းမနဲ့ ကလေးကို ကောင်းစွာ ရှာကျွှေးနေတယ်။ အရင်ကတော့ မိန်းမက ရှာပေးတဲ့ ပိုက်ဆံနဲ့ ဂိမ်းသွားဆော့တာ.. အခု သူက ဦးဆောင် ရှာနေတယ်။ ၀ါတွင်းကာလာ ဥပုတ်နေ့တိုင်း မှော်ဘီ မင်္ဂလာတိုက်က ဆရာတော် ဥူးသုမင်္ဂလ ကျောင်းမှာ ဥပုတ်စောင့်တယ်တဲ့.. တရားပွဲတွေတိုင်းမှာ အရှေ့တန်းက ကူညီပြီး လိုအပ်တာ လိုက်လုပ်ပေးတယ်။ အမေ အမွေ ဆက်ခံပြီး မုန့်လုပ်ရောင်းနေတယ် မုန့်လုပ်ရင်လည်း စားအုန်းဆီ မသုံးဘဲ ပဲဆီ အစစ်သုံးနေတယ်.. တသက်လုံး ဆိုးနေတဲ့ လူဆိုး.. ဒီဘုန်းကြီးနဲ့တွေ့မှ လိမ်မာ သွားတာ တော်တော် အံသြ သွားခဲ့ရတယ်။ ကန်တော့ ပစ္စည်းကတော့ တရားစာအုပ်နဲ့ မုန့်ပေါ့.. လုံဝ အသိတရား မရှိတဲ့ လူ အသိတရားတွေ ရပြီး အပြောင်းလဲ ကြီး ပြောင်းလဲ သွားတယ်.. ကူးလေး ပြောတဲ့ စကားမယုံနိုင်အောင် ဖြစ်နေပေမဲ့ သားလုပ်တဲ့ လူ ၉နှစ်ကလေး တည်တည်ငြိမ်ငြိမ်နဲ့ တရားတွေထိုင်ပြီး ဘုန်းကြီး ၀တ်ချင်စိတ်ပေါက်နေတဲ့ အကြောင်း တရားစကား ကလေးပါးစပ်က ပြောနိုင်တာကို နားထောင်ရတာ သူတို့ မိသားစု ဘုန်းကြီး တရားတွေ အများကြီး နာပြီး ပြောင်းလဲမှုတွေ ဖြစ်သွားပြီ ဆိုတာ သိလိုက်ရတယ်။ တကယ့်ကို မယုံနိုင်လောက်အောင် ပါဘဲ.. အသိမှာ သတိ တချက်ရလိုက်တာကတော့ တရားဆိုတာ လူတွေ အသိစိတ်ကို ထိုးထွင်း လိမ်မာအောင် ပြုလုပ်နိုင်စွမ်း ရှိတယ်ဆိုတာဘဲ။ အသိပညာ အတွေးအခေါ်နဲ့ တဦးအပေါ် တဦး ကြင်နာစိတ်နဲ့ ဂရုဏာ ထားနိုင်အောင် လုပ်ဆောင်စေတာလည်း တရားအဆုံးအမတွေဘဲ ဆိုတာ မျက်မြင်အနေနဲ့ ယုံကြည်လိုက်ပြီ။
နောင်နှစ်ပေါင်းများစွာ အတွက် အမြဲတမ်း လိမ်မာပြီး တကိုယ်ကောင်းဆန်တဲ့ စိတ်မရှိ စာနာစိတ်နဲ့ နေထိုင်နိုင်သူ ဖြစ်ပါစေလို့တော့ စိတ်ထဲမှာ ဆုတောင်းမိတယ်။ သူမိခင်လည်း ကောင်းရာ ဘုံဝမှာ အေးချမ်းနိုင်ပါစေ။

About ဆူး

has written 398 post in this Website..