ချယ်ရီပန်း , sakura

weiweiOctober 24, 20102min21711

ချယ်ရီပန်း၊ ဂျပန်လို စာကူရာလို့ခေါ်တယ့် ပန်းကလေးတွေပါ။ ဂျပန်ပြည်မှာ အများဆုံးပွင့်တယ့်ပန်းပါ။ ကိုရီးယား တရုတ်နိုင်ငံတွေမှာလဲ ဂျပန်က မျိုးကိုယူပြီး စိုက်ကြတယ်။ အခုပုံထဲကပန်းတွေကတော့ တရုတ်ပြည်က ပန်းခြံတစ်ခုထဲကို သွားရိုက်ထားတာပါ။ အဲဒီတုန်းကတော့ ပန်းရောင်နဲ့ အဖြူရောင် နှစ်မျိုးတွေ့ခဲ့ရတယ်။ ဆောင်းရာသီအကုန် ဆောင်းနှောင်းရာသီဖြစ်တယ့် မတ်လ လောက်မှ ပွင့်လေ့ရှိပါတယ်။ ပန်းကလေးတွေက အရောင်နုပြီး ပြုတ်သိပ်နေတော့ ဓါတ်ပုံထဲမှာ သိပြီး မပေါ်လွင်ဖြစ်နေတယ်။ အပြင်မှာတော့ ပင်လုံးကျွတ်ပွင့်နေတယ့် ချယ်ရီပန်းတွေကိုကြည့်ရတာ ကြည့်လို့ မဝနိုင်ပါဘူး။

11 comments

  • kai

    October 24, 2010 at 7:18 am

    ဆာကုရာတွေပွင့်တဲ့ရာသီဟာ..ဂျပန်မှာ မတ်လကုန်- မေလဆန်းလောက်အထိဖြစ်ပါတယ်..။
    အဲဒီအချိန်ဆို..ဂျပန်တွေဟာ… ဟနမိ (ပန်းကြည့်) Hanami (花見)သွားတတ်ကြတာပေါ့..။
    ပန်းပင်တွေအောက်ထိုင်.. ဘီယာလေးသောက်..။ ထမင်းဘူးလေးတွေဖွင့်စားပြီး တနေ့လုံးနေကြတာပါ။ ညနေပိုင်းဆို ..ပန်းပွင့်ဖတ်တွေကြွေပြီး..အရမ်းလှတာပေါ့..။
    ဂျပန်တွေလည်း.. အဲဒီနွေညမှာ..ပန်းပင်အောက်ဖြစ်ချင်တိုင်းဖြစ်ကြတာပေါ့..။
    အဲဒီရာသီဆို..တီဗီကနေ..မိုးလေဝသပြသလိုကို.. တနိုင်ငံလုံးပန်းပွင့်တဲ့နေရာတွေ မြေပုံနဲ့ပြပါတယ်..။ အဲဒါကြည့်မိပြီး တခါတလေ .. ပန်းပိတောက်လည်းရာသီနဲ ့ညှိပွင့်တာမို ့..မြန်မာတွေလည်း ဟနမိလုပ်လို့ရတာပဲ..တွေးမိတတ်ဖူးပါတယ်..။
    ဟိုဖက်ကပို့စ်မှာတင်ထားတဲ့.. ..အူမဲခေါ်တဲ့ ဇီးပန်းပွင့်ချိန်မှာလည်း ဟနမိ လုပ်တာပါပဲ..။
    အခုတော့ တရုတ်ပြည်ထဲကအပင်တွေပါ မြင်ရပါပြီ။ ဓါတ်ပုံတွေအတွက် ကျေးဇူးတင်ပါတယ်..။
    မြန်မာပြည်ဆို.. ရာသီအေးပြီးခြောက်သွေ့တဲ့..တောင်ကြီး-ပြင်ဦးလွင်လိုဖက်မှာ ..စိုက်သင့်တာပေါ့နော..။ ပန်းပွင့်တဲ့ရာသီ ..အဲဒီနယ်ကသူတွေ .. အလုပ်အကိုင်တွေ အိုကေမှာပေါ့..။

  • weiwei

    October 24, 2010 at 7:27 am

    ဗမာပြည်မှာဆိုရင်တော့ သိပ်မအိုကေလောက်ဖူးလို့တွေးမိတယ် .. ဂျပန်ကတော့ ဘယ်လိုစိုက်သလဲမသိဘူး … တရုတ်ပြည်မှာက အဲဒီပန်းတွေကို သီးသန့်ပန်းခြံနဲ့ထားတယ် .. ဇီးပန်းဥယျဉ်ဆိုရင် တစ်နှစ်မှာ တစ်လလောက်ပဲ လူတွေ ပန်းကြည့်သွားကြတာ … တခြားအချိန်တွေမှာ အရှုံးခံပြီး ပန်းခြံကို ထိန်းသိမ်းထားရလိမ့်မယ် .. ဒါပေမယ့် ဝင်ကြေးကျတော့ ဗမာငွေ ၅၀၀ဝ ကျပ်လောက်ပေးရတယ် … ဗမာတွေက လူဦးရေလဲနဲတယ် … ၅၀၀ဝ လောက်ဆိုရင် ဝင်ကြည့်ကြပါ့မလား ..

  • leo

    October 24, 2010 at 7:38 am

    ရေရှည်စီမံကိန်းအနေနဲ့ တောင်ကြီးလိုတောင်ပေါ်မြို့တစ်ခုလုံး စိုက်ပေါ့ …. ပန်းပွင့်တဲ့ရာသီဆို ခရီးသွားနယ်မြေအဖြစ်နဲ့လုပ်ပေါ့ …. 😛

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 24, 2010 at 9:11 am

    (ပန်းပင်တွေအောက်ထိုင်.. ဘီယာလေးသောက်..။ ထမင်းဘူးလေးတွေဖွင့်စားပြီး တနေ့လုံးနေကြတာပါ)
    Bယာ …Bယာ..
    Bယာ ဘယ်မှာလဲ …Bယာ ဘယ်မှာလဲ
    Bးးးးးးးးယာ
    သီတာဘယ်မှာလဲ……..Bယာ ဘယ်မှာလဲ
    သီတာနောက်မှလာ Bယာ အရင်ဒီကိုလာ

  • ဆူး

    October 24, 2010 at 10:28 am

    အဘပု အတွက် Bယာများရင် ပွင့်တောင် သီတာ ဖြစ်နိုင်တယ်

  • thidakywewa1

    October 24, 2010 at 4:40 pm

    လှလိုက်တာနော် ။ သဘာဝအလှအပတွေ ကို ဘယ်လိုလုပ်ကြံမှုကမှ မမှီနိုင်ဘူး။ အဘပုရေ သီတာဆိုတဲနာမည်ကိုခဏခဏမသုံးနဲနော် ။ တမီးကနာမည်ကြားတာနဲ ့ရင်ခုန်တတ်လို ………..ဟဲ ဟဲ ဟဲ..

  • weiwei

    September 23, 2011 at 1:52 pm

    ရွာသားအသစ်တွေကြည့်ရအောင် ကွန်မန့်ပေးရင်း ပြန်တင်လိုက်ပါတယ် ….
    ရွာသားတွေက ပန်းကြိုက်ကြတယ် … ဓါတ်ပုံလဲကြိုက်ကြတာ သိလို့ … 😛

  • thit min

    September 23, 2011 at 2:34 pm

    ချယ်ရီဆိုတော့လှုပ်ခနဲကြည့်မိပါရဲ့။
    ကျနော်တော်တော်ကြာအောင်နေခဲ့တဲ့နေရာလေးမှာချယ်ရီပင်ထောင်နဲ့ချီပြီးစိုက်ထားတယ်။
    ချောင်းငယ်လေးရဲ့ချောင်းရေထဲကိုချယ်ရီပွင့်ဖတ်တွေကြွေကျလို့”ရေ”ကိုမမြင်ရတော့ပဲ
    ပန်းပွင့်နဲ့ပွင့်ဖတ်လေးတွေစီးနေတဲ့အဲဒီစမ်းချောင်းလေးကိုပန်းချစ်သူရွာသားများမြင်စေချင်ပါရဲ့။
    အပေါ်မှာလက်ယှက်ထိုးမိုးထားတဲ့ချယ်ရီပန်းပင်တွေကြားမှာကျောက်စရစ်ခဲပူပူနဲ့မီးဖုတ်ထားတဲ့ကန်ဇွန်းဥတွေလဲရောင်းတာဝယ်စားလို့ရတယ်ဗျ။
    ချယ်ရီပန်းတွေအများကြီးပါတဲ့ဒုံပတ်တွေမျက်နှာစာအုပ်မှာရှိပေမဲ့လူ
    ပုံတွေပါလို့၊ နောက် မတ်လကုန်ချယ်ရီပွင့်တော့မှရိုက်ပြီးတင်ပေးမယ်။
    (အင်း …….မန်းလေးဂေဇက်ဖိုတိုဂရပ်ဖာကိုပေါက်ကိုခေါ်လိုက်ရင်ကောင်းမလားဘဲနော်)

  • manawphyulay

    September 23, 2011 at 2:43 pm

    အင်း ပန်းလေးတွေကြည့်လိုက်ရင် ချက်ချင်းကို အေးမြသွားသလိုပဲနော်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာမှာ ရှိရင်တော့ ပိုပြီး ကောင်းမယ်နော်။ တောင်ကြီးလိုနေရာမျိုးတွေမှာ စိုက်လို့ရရင်တော့ မြန်မာမှာလည်း ချယ်ရီတွေကို အနီးကပ်မြင်ဖူးရတာပေါ့နော်။ မမဝေရေ… ကျေးဇူးပါနော်…

  • etone

    September 23, 2011 at 3:36 pm

    သူများနိုင်ငံတွေမှာ ပန်းကြည့်တာကို အပန်းဖြေခြင်း တစ်ခုအနေနဲ့ လုပ်ကိုင်ကြပေမယ့်.. ဒီမှာတော့ ပန်းကြည့်တာ အထူးတလည် သိပ်မဟုတ်ကြဘူး … ဖြတ်သွားလို့ မြင်မိလျှင် လှတယ်ပေါ့ … အဲ့ဒီလောက်ပဲ .. ။ ခံစားချက်များလေးလေးနက်နက်မရှိကြလို့လား မသိဘူး … ။
    ပန်းလှတာမြင်လျှင် နောက်ခံထားပြီး ဓါတ်ပုံရိုက်ဖို့လောက်သာ အားသန်ကြတာ 🙄

  • iris21

    September 23, 2011 at 4:21 pm

    ဒီချယ်ရီပန်းနဲ. သိပ်မတူပေမဲ. အညာဘက်မှာမြေပြန်.ချယ်ရီလို.ခေါ်တဲ.ပန်းတစ်မျိုးရှိပါတယ်။ချွတ်စွတ်မတူပေမဲ. အတော်လေးတူပါတယ်။ပန်းအရောင်ရော ပင်လုံးကျွတ်ပွင်တဲ.ပုံစံရောအပင်ပုစံရော အညာပြန်မှဓါတ်ပုံရိုက်ယူခဲ.ပါမယ်။

Leave a Reply