အင်တာနက်သုံးမယ်ဆိုရင် ဘာတွေ သုံးကြလဲ……

manawphyulayOctober 24, 20101min865

Wikipedia – အခမဲ့ အွန်လိုင်း စွယ်စုံကျမ်း

အခမဲ့ အွန်လိုင်း စွယ်စုံကျမ်း (Wikipedia) ကို အင်တာနက်သုံးသူတိုင်း လက်မလွှတ်သင့်ပါ။ တခါတရံ မသိသေးသည့် အကြောင်းအရာသစ် တစ်ခုကို စတင်လေ့လာရတော့မည့် အခါတွင် ဘယ်ကစလေ့လာရမှန်း မသိ၊ ဘယ်လို

ဝက်ဘ်ဆိုက်တွေမှာ သွားကြည့်ရမည်ကို မသိသေးလျင် ဝီကီပီဒီယ မှာ အရင်သွားကြည့်ပြီးမှ ဆက်လုပ်လို့ အဆင်ပြေသည်များ ကြုံဖူးပါသည်။

Reading by RSS – RSS ဖြင့် စာဖတ်ပါ

မနောတို့ သွားချင်သည့်၊ စိတ်ဝင်စားသည့် ဝက်ဘ်ဆိုက်ပေါင်း 30 ရှိပြီး အင်တာနက်သုံးခွင့်ရသည့် အချိန်နှင့်ငွေကြေးအင်အားက တစ်နေ့လျင်

တစ်နာရီစာသာ အခွင့်အရေးရသည်ဆိုပါစို့။ ထိုအခြေအနေအတွက် ထိုဝက်ဘ်ဆိုက်ပေါင်း 30 သို့ တစ်ခုချင်းစီ သွားဖတ်နေမည့်အစား ၎င်းဆိုက်များမှ

ပေးထားသည့် RSS Feed များကို နှစ်သက်ရာ RSS Reader (Google Reader, Great News Portable RSS Reader, etc) ဖြင့်

ဖတ်ရှုခြင်းက အချိန်နှင့်ငွေကြေးကို အထိရောက်ဆုံးကို အသုံးချရာရောက်သည့် အပြင် စိတ်ရောလူရော လွယ်ကူ သက်သာစေသည်။

Learning at Training Schools – သင်တန်းများ တက်ခြင်း

သင်တန်းတက်နိုင်လျင်၊ သင်တန်း တက်ခွင့်ကြုံလျင် သင်တန်းတက်ပါ။ တခါတရံတွင် ကိုယ်တိုင်အကြာကြီး လေ့လာမှ သိရမည့် အရာများကို

သင်တန်းများတွင် မိနစ်ပိုင်းလောက်မျှနှင့် သိရှိနားလည်သွားနိုင်သည်။ KMD မှာ Basic Networking တစ်ခု တက်ဖူးပါတယ်… အဲဒါကလည်း

အမှန်အတိုင်းပြောရရင်တော့ Cabling ကို သိချင်လို့ပါ။ RJ-45 ခေါင်းနဲ့ Cat-5 ကြိုးတွေ ချိတ်ဆက်တာကို စာဖတ်ကြည့်ရုံနဲ့ မရ လက်တွေ့လည်း

သိမှ ဖြစ်တော့မှာမို့ သွားတက်ဖြစ်တာ။ သင်တန်းတိုင်း မကောင်းနိုင်ပေမဲ့ တက်ဖြစ်တဲ့ သင်တန်းမှန်သမျှမှာ ရသမျှ အရင်းအမြစ်တွေ ကို

ထိရောက်အောင် သုံးနိုင်ဖို့ အရေးကြီးပါတယ်။ အဲဒါမှ သင်တန်း တက်ရကျိုး အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းရကျိုးတွေ နပ်မှာပါ။ သင်တန်းမှ သင်ရိုးများ၊

လေ့ကျင့်ခန်းများ၊ နည်းပြ ဆရာ/ဆရာမများ၊ အတူတက်နေသူများဟာ အကောင်းဆုံး အရင်းအမြစ်တွေပါပဲ။

5 comments

  • kopauk mandalay

    October 24, 2010 at 4:29 pm

    ကျနော်ကတော့ အားရင်စားရေးဖို့ပြင်ရတာနဲ့ ဘယ်ထဲမှာဝင်မကြည့်ဖြစ်တာကိုတော့ ဝန်ခံပါသဗျား။

  • weiwei

    October 24, 2010 at 5:40 pm

    ကိုပေါက်တစ်ယောက် တစ်ခုပြီးတစ်ခု ဝန်ခံနေတယ် .. ဘယ်သူမှလဲ ရိုက်မစစ်ပဲနဲ့ ..

  • naw2lay

    October 25, 2010 at 3:52 am

    ဝေဝေပြောတာကို ထောက်ခံပါတယ်

  • search123

    October 25, 2010 at 7:38 am

    ှုinternet ဟာ တစ်ကယ့် အဖိုးတန်ရတနာ ဆိုတာ ကို လူတော်တော်များများ မသိကြပါဘူး။
    Internet ဆိုရင် chatting လုပ်လို့ရတဲ့ဟာ လို့ပဲ ထင်နေကြတယ်။

  • unclegyi1974

    October 25, 2010 at 3:46 pm

    ကိုပေါက်ကတခုပြီးတခုဝန်ခံတာအကျင့်ပါနေလို့ပါ
    အိမ်မှာမိန်းမကို အမြဲဝန်ခံနေရတယ်လေ
    ဟုတ်တယ်ဟုတ်

Leave a Reply