အချစ်ကလှပါတယ်

naywoon niNovember 18, 20101min620

♥.အချစ်ကိုငါက
အပြစ်ဆိုစရာမလိုပဲ
လှနေတာပါလို့ဆိုရင်
နှုတ်ခမ်းမဲ့မသွားကြပါနဲ ့…
♥နှလုံးသားတံခါးပေါက်
အလစ်မှာတစ်အားခေါက်တော့
တားထားတဲ့စည်းတွေပေါက်
အတင်းဝင်ရောက်နေရာယူသွားတော့
sing out လုပ်ဖို့မေ့သွားတာ
အပြစ်မပြောကြပါနဲ့…….။
♥အချစ်ကိုက
ငါ့ရင်ထဲမှာဗလာဖြစ်နေတာဆိုတော့
(လေဖိအားနဲနေသလိုဖြစ်နေတာ)
ငါ့ရင်ဗလာထဲမှာ
အချစ်ဟာ……..
လွယ်ကူစွာနားခိုခွင့်ပြုခဲ့မိတာပါ….။
♥ဒါကြောင့်……….
အချစ်ဟာအပြစ်ဆိုစရာမလိုပဲ
လှနေခဲ့တာပါ …..။

♦♣♠♥နေဝန်းနီ