…………မပါကြေးနော်

naywoon niOctober 24, 20101min512

တို့နှစ်ယောက်ရဲ့
ချစ်တဲ့အကြောင်းကိုပြောရင်
ခပ်ညံ့ညံ့အချစ်ဝတ္ထုတွေမပါကြေး………။
တို့နှစ်ယောက်ရဲ့
ချစ်ခြင်းအကြောင်းကိုပြောရင်
ကိုရီးယားကားတွေမပါကြေး……………။
တို့နှစ်ယောက်ရဲ့
ချစ်တင်းဖွဲ့ဆိုရာမှာ
ဂလိုဗယ်လိုက်ဇေးရှင်းဆိုတာမပါကြေး..။
တို့နှစ်ယောက်ရဲ့
အချစ်အကြောင်းကိုပြောရင်
ပရိုဖိုင်(profile)မပါကြေး…………..
ယူဇာနိမ်း(username)မပါကြေး………
ပါတ်စ်ဝါတ်(password)မလိုကြေး
အင်ဗိုက်(invited)မပါကြေး…….
ဒလိဒ်(deleted)မလုပ်ကြေး………
ဘလောခ့်(blocked)မလုပ်ကြေး
ဂိုးအော့သည်ရီကောဒ်(go of the record)မလုပ်ကြေး
တို့နှစ်ယောက်ရင်ထဲက
နူးညံ့တဲ့အချစ်တွေကို
နည်းပညာနဲ့မတိုင်းတာကြေး
ရတယ်နော်ညီမလေး……………..။

♥♥နေဝန်းနီ

2 comments

  • kopauk mandalay

    October 25, 2010 at 2:07 am

    ကမ္ဘာဦး အစ အာဒမ်နဲ့ဧဝ တို့လို
    အဝတ်စလေးခါးမှာပါတ်
    အပင်ပေါ်မှာရှိတဲ့အသီး
    ခူးစားရင်းချစ်တဲ့အကြောင်းတွေပြောကြစို့။

    • bigcat

      October 25, 2010 at 3:23 am

      အာဒမ်၊ ဧဝ
      အလွန်လှ
      ုကိုယ်လုံးတီးတွေဗျ၊
      မှတ်သားခဲ့ဖူး
      အကြည့်ထူး
      အခွေထဲမှာမြူး။

Leave a Reply