ရင်ခွင်ထောင့်ကျဉ်း

naywoon niOctober 24, 20101min450

♥အချစ်ဆိုတာတစ်ခုထဲနဲ ့
ဘဝကိုတည်ဆောက်လို့မရပေမဲ့
အချစ်ဗလာနဲ ့ဘဝဟာလည်း
အချည်းနှီးပဲဖြစ်ပါလိမ့်မယ်။
♥ဘယ်လိုလူပဲဖြစ်ဖြစ်
အချစ်ဆုံးတစ်ယောက်တော့
ရှိခဲ့ကြအသေအချာ……..။
♥အဲ့………
ငါ့အချစ်ဆုံးက
ဘယ်သူဖြစ်မလဲဟ….
လုပ်ကြစမ်းပါဦး
အချစ်ဆုံးရှာမရတဲ့အဖြစ်
အသေအချာတွက်စစ်ကြည့်တော့မှ
အော်…………
ဟိုးအဝေးတစ်နေရာက
တစ်ခါတစ်လေစိတ်ကောက်ပြီး
မချစ်တော့ဘူးပြောတတ်လို့ပြောတတ်တဲ့
သူကတစ်ကယ်ချစ်မချစ်မသေချာတဲ့
ငါ ့ရဲ ့အချစ်ဆုံးညီမလေးတစ်ယောက်
ရင်ခွင်ရဲ့………..
ထောင့်ကျဉ်းတစ်နေရာမှာ
ရှိနေသေးပါလား…………..



♥နေဝန်းနီ