မိုးညှင်းမြို့မှ ကျောင်းအုပ်ဆရာကြီး ဓားထိုးခံရ

နီေလးOctober 25, 20101min989
်fwd mail တစ်မှကူးယူဖော်ပြခြင်းဖြစ်ပါသည်။

ကချင်ပြည်နယ် မိုးညှင်းမြို့တွင် မူးယစ်ဆေးဝါး သုံးစွဲသူ လူငယ် တယောက်မှ အမှတ်(၂) အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးကို ဓားနဲ့ ထိုးလိုက်တာကြောင့်

မိုးညှင်းဆေးရုံ အတွင်းလူနာအဖြစ် ဆေးကုသခံယူနေရသည်။ ကျောင်းအုပ်ဆရာကြီး ဦးသန်းထွန်းမှာ သူ့ရဲ့ ကျောင်းရှေ့မှာပင် မူးယစ်ဆေးဝါး သုံးစွဲတဲ့ လူငယ်တယောက်ကနေ
ဓားနဲ့ထိုးခြင်းကို အောက်တိုဘာ ၁၈ ရက် တနင်္လာနေ့ မွန်းလွဲပိုင်းမှာ
ခံလိုက်ရသည်။ ထိုးသွားတဲ့လူငယ်က ကျောင်းသားများဆီမှ လိုက်လံ ငွေညှစ်နေသူ
ဖြစ်သည်။

ဓားနဲ့ ထိုးသွားတာကို ကိုယ်တိုင်မျက်မြင်တွေခဲ့သူ မိုးညှင်းမြို့ခံတယောက်က “ဓားနဲ့ထိုးသူကတော့ ဂျင်းဖောတူးလို့ ခေါ်တဲ့ မတူးဖြစ်ပါတယ်။ ကျောင်းဝတ်စုံနဲ့ လာလာပြီးမှ
ပိုက်ဆံရှိတဲ့ ကလေးတွေကို ခြိမ်းခြောက်ပြီး ငွေတောင်းပါတယ်။ သူက
မူးယစ်ဆေးဝါး သုံးစွဲဖို့ ငွေညှစ်တာပါ။ အဲဒီ အခင်းဖြစ်တဲ့နေ့ က
ဂျင်းဖောတူးတို့အဖွဲ့ဟာ စားမေးပွဲဖြေပြီး ထွက်လာတဲ့ ကလေးတွေဆီကနေ ငွေညှစ်
တောင်းခံပါတယ်။ ကျောင်းဝင်းထဲက ဂိတ်ပေါက်မှာ ဆေးလိပ်သောက်ပြီး ထိုင်နေတဲ့
အဲဒီကောင်လေးကို ကျောင်းအုပ်ဆရာကြီးက ကျောင်းလုံခြုံရေးအတွက် စစ်ဆေးဖို့
ခေါ်ယူတယ်၊ အဲဒီမှာ အဲဒီ ကောင်လေးဆီမှာ ပါလာတဲ့ ဓားနဲ့ ဆရာကြီးရဲ့ ရင်ဝကို
ထိုးပါတယ်။ ဆရာကြီးက လှည့်လိုက်တော့ နောက်ကျောကို ထိုးမိသွားခြင်း
ဖြစ်ပါတယ်။ အခု ဆရာကြီး မိုးညှင်းဆေးရုံမှာ အတွင်းလူနာအဖြစ်
ဆေးကုသနေရပါတယ်” ဟု RFA သတင်းဌာနကို ပြောပြခဲ့သည်။

မိုုးညှင်းရဲစခန်းကလည်း ဓားထိုးမှုဖြစ်တာ ဟုတ်မှန်ကြောင်းပြောပြီး တရားခံကိုတော့ ရှာနေတုန်းဖြစ်ကြောင်း ပြောသည်။

“မမိသေးဘူးခင်ဗျ၊ လိုက်တုန်းရှိသေးတယ်။ ထိုးတဲ့သူက ကျောင်းသားမဟုတ်ဘူး အရပ်သား အဲဒီနေ့က အဲဒီကောင်လေးတွေ မနက်က အရက်သောက်ထားတယ် ပြောပါတယ်၊ အရက်သောက်ထားပြီး ကျောင်းဝင်းဂိတ်ထဲကို
ရောက်လာတယ် ပြောပါတယ်။ ရောက်လာတဲ့အချိန်မှာ ဆရာကြီးကလည်း
မြို့နယ်ပညာရေးမှူးရုံးကနေ ပြန်လာပြီး ကျောင်းထဲအရောက်မှာ ဒီကောင်လေးကို
တွေ့လိုက်တယ်၊ အရပ်သားမို့လို့ မေးလိုက်တယ် မင်းဘယ်ကလဲ ဘာလာလုပ်တာလဲ
မေးလိုက်တော့ အဲဒီကောင်လေးက ခင်ဗျား ဘာဖြစ်ချင်လဲ ဆိုပြီး ဓားနဲ့
ထိုးသွားတာပါ” ရှင်းလင်းခဲ့သည်။

ထိုဒေသတွင် အသက် ၁၅ နှစ်မှ အသက် ၂ဝ ကျော် လူငယ်များမှာ မူးယစ်ဆေး သုံးစွဲနေကြပြီး ဘိန်းဖြူကို အကြောထဲ ထိုးသွင်းတဲ့လူငယ်တွေက အများစုဖြစ်နေသည်။ ကျောင်းအနီး ပတ်ဝန်းကျင်များမှာ
မူးယစ်ဆေးဝါးကို ပေါ်ပေါ်တင်တင် ရောင်းဝယ်နေပြီး၊ ကျောင်းတာဝန်ရှိသူတွေက
သက်ဆိုင်ရာကို တိုင်ကြားခဲ့ပေမယ့် ထိထိရောက်ရောက် အရေးယူတာမျိုး
မတွေ့ရဘူးဟု မြို့ခံများက ပြောသည်။

မိုးညှင်းမြို့တွင် သုံးစွဲနေတဲ့ မူးယစ်ဆေးဝါးတွေကတော့ တရုတ်-မြန်မာနယ်စပ်ဖက်က လာတာရှိသလို၊ ဖားကန့် ကျောက်စိမ်းတွင်း ဒေသဖက်ကလည်း ဝင်လာခြင်း ဖြစ်သည်။

9 comments

  • အာဖျံ ကွီး

    October 25, 2010 at 9:12 am

    အေးဗျာ … လူငယ်တွေလဲ အကုန်ပျက်စီးနေပါပီ … အစကနဲ. ပြုပြင်ကြစတမ်းဆိုလဲ … မပြောချင်တော့ပါဘူးဗျာ … ငိုချင်တာပဲသိတရ် :'(

  • ghost

    October 25, 2010 at 11:36 am

    ရင်လေးစရာ ပါလား ဒါလားနယ်စပ်ဒေသဖွင့်ဖြိုးရေး လုပ်ကြပါအုံး အရပ်ကတို့ရေး

  • ဆူး

    October 25, 2010 at 11:42 am

    ကြားရတဲ့ သတင်းကလည်း စိတ်ပျက်စရာ ကောင်းလိုက်တာ.. ဆေးသွင်းနေကြတဲ့ လူတွေ ဖမ်းမဲ့ သူမရှိဘူးလား မသိဘူး

  • fatty

    October 25, 2010 at 2:11 pm

    ဖမ်းမဲ့သူတွေကိုယ်တိုင် ဆေးသွင်းနေတုန်းမို့ပါ။

  • thidakywewa1

    October 25, 2010 at 5:12 pm

    နယ်စပ်သတင်းကတမျိုး ………စိတ်မအေးစရာပါလားနော်။

  • Gomenasai

    October 25, 2010 at 6:23 pm

    (((ထိုဒေသတွင် အသက် ၁၅ နှစ်မှ အသက် ၂ဝ ကျော် လူငယ်များမှာ မူးယစ်ဆေး သုံးစွဲနေကြပြီး ဘိန်းဖြူကို အကြောထဲ ထိုးသွင်းတဲ့လူငယ်တွေက အများစုဖြစ်နေသည်။ ကျောင်းအနီး ပတ်ဝန်းကျင်များမှာ
    မူးယစ်ဆေးဝါးကို ပေါ်ပေါ်တင်တင် ရောင်းဝယ်နေပြီး၊ ကျောင်းတာဝန်ရှိသူတွေက
    သက်ဆိုင်ရာကို တိုင်ကြားခဲ့ပေမယ့် ထိထိရောက်ရောက် အရေးယူတာမျိုး
    မတွေ့ရဘူးဟု မြို့ခံများက ပြောသည်။)))

    အဲဒါ အမှန်တွေပါ။ ကိုတိုင်သွားကြည့်ရင်ဒီထက်ဆိုးတာတွေ့ပါလိပ်မယ်။

  • kai

    October 25, 2010 at 6:58 pm

    လူငယ်တွေ..အထူးသဖြင့်ကျောင်းသားတွေကို…နိုင်ငံရေးအရခေါင်းဆောင်တယောက်ဖြစ်လာဖို့.. အစိုးရအုပ်ချုပ်ရေးပိုင်းမှာ နေရာတနေရာရနိုင်ဖို့…အနာဂတ်တွေ..မျှော်လင့်ချက်တွေ..မပေးထားရင်..ပိုဖြစ်တတ်ပါတယ်..။
    ဖြစ်တတ်ပါတယ်..ဆိုတာထက်… ဖြစ်တယ်လို့ပြောရမယ်..။

    မျိုးဆက်တွေတခုပြီးတခု..ပိုဆိုးလာဖို့ပဲရှိတယ်..။
    စစ်သားတွေပဲ..တိုင်းပြည်ခေါင်းဆောင်ဖြစ်ရမယ်ဆိုတဲ့… မဆလခေတ်နဲ့..အခုခေတ်တို့ရဲ့..အမွေဆိုးတခုပေါ့..။
    ဒီကိစ္စသေသေချာချာ ဆွေးနွေးပေးမဲ့သူရှိရင်..စကားပြောကြည့်လိုပါကြောင်း..။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 25, 2010 at 10:20 pm

    (စစ်သားတွေပဲ..တိုင်းပြည်ခေါင်းဆောင်ဖြစ်ရမယ်ဆိုတဲ့…)
    အဲ့ဒါ လှည့်ကွက်တစ်ခုပါ တိုင်းရင်းသားခွဲထွက်ရေးတွေကို အကြောင်းပြပြီး စစ်တပ်နဲ ့ပြည်သူကို ကိုအိုးမဲသုတ်ထားတာ
    ၈၈ အရေးခင်းမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ ့ကလည်း စစ်တပ်ကို လစ်လျှုရှု ့ လိုက်တာကိုက အမှားလို ့ပြောရင်ရမလား
    စစ်တပ်ဆိုတာ တိုင်းပြည်တစ်ပြည်တွက် မရှိရင် မဖြစ်တဲ့ အဖွဲ ့အစည်းဘဲ တကယ်လုပ်သင့်တဲ့ ကိစ္စကတော့ အမြင်မှားနေကြတဲ့ အခြေခံတပ်မတော်သားတွေနဲ ့
    ပြည်သူတွေ ပြန်ပြီးပေါင်းစည်းရေးဘဲ အမိန် ့ပေးတာက အထက်ကကောင်တွေ တကယ်ပစ်ရတာက အခြေခံတပ်မတော်သားတွေ သေတာက ပြည်သူတွေ
    နောက်ဆုံး အကောင်ကြီးတွေ ဘာမှ မဖြစ်ဘူး ဖြစ်ကြတာကလည်း စာခွက်လုပြီး ဖိုက်ကြတာ ဒီလာမယ့်အစိုးရသစ်မှာ (ရွေးကောက်ပွဲမပျက်ခဲ့ရင်) မျော်လင့်စရာ တစ်ခုဘဲရှိတယ် တရုပ်ပုံစံပေါ့ အာဏာရှင်ဆိုပေမယ့် သူ ့လူမျိုးနိူင်ငံတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေတယ် ခက်တာက ကျွန်တော်တို ့ရဲ ့အာဏာရှင်တွေက ရှိရှိသမျှ အားလုံးကို ရောင်းစားပြီး မြန်မာပြည်ပျက်ရင် ချောင်တဲ့တိုင်းပြည်မှာသွားနေမယ် ဒါတောင် အမေရိကန်တွေရဲ ့ငွေကြေးပိတ်ဆို ့မှု ့တွေက ဒီကောင်တွေကို ကောင်းကောင်း အရှက်ခွဲထားလို ့ ဒီကောင်တွေ ဘယ်တုန်းက အရှက်ရှိလို ့လဲ ဟိုတေဇဆိုတဲ့ကောင်ဘဲကြည့်ပေါ့ ဒီလောက်တောင်ကျိကျိတက်ခြမ်းသာနေတာတောင်
    တောသူတောင်သားတွေရဲ ့ လယ်ယာတွေကို အဓမ္မသိမ်းပြီး လုယူနေတာ ကျွန်တော်တော်တော်အံ့ဩတယ်
    ကိုယ်ဒီလောက်တောင်ချမ်းသာနေတာ ဒီ တောသူတောင်သားတွေရဲ ့ လယ်မြေကိုင်းကျွန်းတွေကို သူဘာလုပ်ဘို ့လည်း
    ဒီထမင်းမျိုးကို သူမို ့စားရဲတယ် ပြောစရာတွေက အများကြီးပါ အိမ်နီးခြင်းနိုင်ငံတွေအားလုံးဟာ သူ တို ့နိုင်ငံတိုးတက်ဘို ့ဘဲ ကြိုးစားကြတယ်
    ဘာဘဲဖြစ်ဖြစ်ပါ ကျွန်တော့်အမြင်ကတော့ အိုးမဲသုတ်ခံထားရတဲ့ တပ်မတော်နဲ ့ ပြည်သူတွေ ပြန်လည်ပေါင်းစီးရေးကို အားသွန်ခွန်စိုက် လုပ်သင့်တယ်လို ့တော့ ထင်တာပေါ့ဗျာ နာမည်ပျက်တော့ တပ်မတော် ကောင်းစားတော့သူတို ့ ခံရမှာကလည်း တပ်မတော်နဲ ့ပြည်သူတွေ ပြန်ပါဘဲ
    အများဂျီး များဂျီး များဂျီးးးးးးးးးးးးးးးးး

  • aung htoo

    October 26, 2010 at 10:20 am

    မိုက်ကယ်ဂျော်နီအောင်ပုရဲ့ comment ကတော့ လန်ထွက်နေတာပဲ.
    ထောက်ခံတယ်
    တပ်မတော်နဲ ့ပြည်သူတွေ ဘယ်လို ပေါင်းရမယ်ဆိုတာကို နည်းလမ်းလေးပေး ကြပါဦး။။။။

Leave a Reply