၂၀၁ဝ ဧပြီ်လ ဗေဒင် (ဆြာစန်း)

BayoteApril 2, 20101min660

ဤတစ်လတွက်တာ သင့်-ဘဝကံကြမ္မာအဖြေရှာ

(၂၀၁ဝခုနှစ်၊ ဧပြီလ)

ဆြာစန်း (M.A, R.L, Diploma in Traditional Medicine)

တနင်္ဂနွေသားသမီးများ
ကံကြမ္မာအလှည့်အပြောင်းကာလဖြစ်သဖြင့် ကောင်းကျိုးသုခခံစားခွင့်ရရှိမည်။  ငွေကြေးများစွာဝင်ပြီး စီးပွားဥစ္စာ တိုးတက်မည်။ မမျှော်လင့်ဘဲ ထီဆုကြီးပေါက်တတ်သည်။  မြေအမွေအနှစ်၊ အိုးအိမ်တိုက်ခြံမြေဝင်မည်။ ပျိုရွယ်သူများ အချစ်ရေးစန်းပွင့်နေမည်။  ကိုယ်ဝန်ဆောင်သူများ ကိုယ်ဝန်ပျက်ကျတတ်သည်၊ သတိထားပါ။ ထီထိုးပါက ၁၊ ၅၊ ၆ ဂဏန်းများပါရှိသော ထီလက်မှတ်များကို ရွေးထိုးပါ။

ယတြာ ။ မွေးနေ့တွင် ဘုရား၌ သပြေပန်းကပ်လှူပါ။

တနင်္လာသားသမီးများ
ရွှေလက်ဝတ်ရတနာများ ဝင်တတ်သည်။  ဗုဒ္ဓရုပ်ပွားတော်များ လက်ဆောင်ရတတ်သည်။ ရရှိပါက ကုသိုလ်ထူးပြီး ကောင်းကျိုးခံစားရမည်။ ပျိုရွယ်သူများ အချစ်ရေး မကောင်းသေးပါ။  အိမ်ထောင်မပြုသင့်သေးပါ။ မြေအမွေနှင့် ပတ်သတ်၍ အမှုရင်ဆိုင်ရတတ်သည်။  ဝန်ထမ်းဖြစ်ပါက ရာထူးတိုးမြှင့် ပြောင်းရွှေ့ခြင်းခံရမည်။  နိုင်ငံခြားသင်တန်း သွားရတတ်သည်။  နေအိမ်များ ရရှိမည်။  ထီထိုးပါက ၃၊ ၆၊ ရ ဂဏန်းများပါရှိသော ထီလက်မှတ်များကို ရွေးထိုးပါ။

ယတြာ ။ မွေးနေ့တွင် ဘုရား၌ နှစ်သက်ရာသစ်သီးဆွမ်း ကပ်လှူပါ။

အင်္ဂါသားသမီးများ
စီးပွားဥစ္စာ တိုးတက်မည်။ နိုင်ငံခြားသင်္ဘော လိုက်မည့်သူများ မကြာမီ ထွက်ရပါလိမ့်မည်။  မမျှော်လင့်ဘဲ ထီပေါက်တတ်သည်။  ဝန်ထမ်းဖြစ်ပါက ရာထူးတိုးမြှင့်ပြောင်းရွေ့ခြင်း ခံရတတ်သည်။  အိုးအိမ်တိုက်ခန်းရမည်။  ပျိုရွယ်သူများ အချစ်ရေး အဆင်ပြေပါလိမ့်မည်။  ဆရာသမား မိတ်ဆွေများ၏ အကူအညီရရှိမည်။  လူပျိုကြီး၊ အပျိုကြီးများ စေ့စပ်ကြောင်းလမ်းခံရတတ်သည်။  ထီထိုးပါက ၁၊ ၂၊ ၅ ဂဏန်းများပါဝင်သော ထီလက်မှတ်များကို ရွေးထိုးပါ။

ယတြာ ။
မွေးနေ့တွင် ဘုရား၌ နှင်းဆီပန်းရောင် (၃)ပွင့် ကပ်လှူပါ။
ဗုဒ္ဓဟူးသားသမီးများ
အလုပ်အကိုင် စီးပွားရှာဖွေသူများ အဆင်ပြေပါလိမ့်မည်။  ဘိုးဘွားများအတွက် စိတ်သောက ရောက်ရတတ်သည်။ ပျိုရွယ်သူများ မိမိထက်အသက်၊ ဂုဏ်အဆင့်မြင့်သူများနှင့် တွေ့ရတတ်သည်။  အိမ်ထောင်ရှင်များ သားကောင်း သမီးရတနာ မွေးဖွားမည်။  အိမ်ထောင်ရှိသူများ ပြဿနာကြုံရတတ်သည်။  မြေအမွေအနှစ် ရရှိမည်။  အပေါင်းအသင်း များနှင့် ပတ်သက်၍ နာမည်ပျက်တတ်သည်။  ချစ်သူစုံတွဲများ လက်မထပ်သင့်သေးပါ။  ထီထိုးပါက ၁၊ ၄၊ ရ ဂဏန်းများပါရှိသော ထီလက်မှတ်များကို ရွေးထိုးပါ။

ယတြာ။ မွေးနေ့တွင် ဘုရား၌ ကံ့ကော်ညွှန့် ကပ်လှူပါ။

ကြာသပတေးသားသမီးများ
ကံဇာတာမြင့်မားနေသည့်ကာလဖြစ်၍ ကုသိုလ်များစွာပြုပါ။ မမျှော်လင့်ပဲ အမွေအနှစ်များ ရရှိတတ်သည်။ ထီဆုကြီး ပေါက်တတ်သည်။ မော်တော်ယာဉ် ရွှေလက်ဝတ်ရတနာများဝင်မည်။  နိုင်ငံခြားသင်္ဘောလိုက်မည့်သူများ အဆင်ပြေပါလိမ့်မည်။ ပျိုရွယ်သူများ အချစ်ရေးနှင့် ပတ်သက်၍ သဘောထားကွဲလွဲတတ်သည်။  ချစ်သူစုံတွဲများ လက်ထပ်ရန် မသင့်သေးပါ။ ထီထိုးပါက ၂၊ ၃၊ ၆ ဂဏန်းများပါသော ထီလက်မှတ်များကို ရွေးထိုးပါ။

ယတြာ။ မွေးနေ့တွင် ဘုရား၌ သစ္စာပန်း ကပ်လှူပါ။

သောကြာသားသမီးများ
ဝန်ထမ်းဖြစ်ပါက ရာထူးတိုးမြှင့်ပြောင်းရွှေ့ရတတ်သည်။  အဆင့်မြင့်ဝန်ထမ်းများ နိုင်ငံခြားသွားရတတ်သည်။  မော်တော်ယာဉ်အိုးအိမ်ဝင်မည်။  အပေါင်းအသင်းမိတ်ဆွေများ၏ အကူအညီရရှိမည်။  အဘိုးအဘွားများထဲမှ အမွေအနှစ် ရရှိတတ်သည်။  ငွေကြေးပျောက်ဆုံးတတ်သည်။  သတိထားပါ။ လုပ်ငန်းကျွမ်းကျင်ပညာရှင်များ လုပ်ငန်းနှင့်ပတ်သက်၍ ပြည်ပခရီးသွားရတတ်သည်။  ပျိုရွယ်သူများ အချစ်ရေးသင့်ပါသည်။  ထီထိုးပါက ၁၊ ၄၊ ၅ ဂဏန်းများပါသော ထီလက်မှတ်များကို ရွေးထိုးပါ။

ယတြာ။ မွေးနေ့တွင် ဘုရား၌ ဒန်ပေါက်ဆွမ်း ကပ်လှူပါ။

စနေသားသမီးများ

ဘိုုးဘွားများထဲမှ အမွေအနှစ်ရရှိတတ်သည်။  အိမ်မက်ကောင်းများ မြင်မက်မည်။ မမျှော်လင့်ဘဲ ထီဆုကြီး ပေါက်တတ်သည်။ မော်တော်ယာဉ် ခြံမြေဝင်မည်။ ပျိုရွယ်သူများ အချစ်ရေး စန်းပွင့်နေမည်။  ဘဝအဖော်မွန် တွေ့ရှိ ရွေးချယ်ရတတ်သည်။  ချစ်သူစုံတွဲများ ပျော်ရွင်စွာ လက်ထပ်ပြီး ပျားရည်ဆမ်းခရီး ထွက်ရတတ်သည်။  ဝန်ထမ်း ဖြစ်ပါက ရာထူးတိုးမြှင့် ပြောင်းရွှေ့ရတတ်သည်။  အဆင့်မြင့်ဝန်ထမ်းဖြစ်ပါက နိုင်ငံခြားခရီး သွားရတတ်သည်။ ထီထိုးပါက ၆၊ ၄၊ ၅  ဂဏန်းများပါသော ထီလက်မှတ်များကို ရွေးထိုးပါ။

ယတြာ။ မွေးနေ့တွင် ဘုရား၌ သပြေပန်း ကပ်လှူပါ။