ပအိုဝ်းပါတီက စတိတ်ရှိုးဖြင့် နယ်လှည့် ဖျော်ဖြေ၍ မဲဆွယ်စည်းရုံး

zaw mgOctober 25, 20101min380

ပအိုဝ်းပါတီက စတိတ်ရှိုးဖြင့် နယ်လှည့် ဖျော်ဖြေ၍ မဲဆွယ်စည်းရုံး
အောက်တိုဘာလ ၂၂ ရက်၊ ၂၀၁ဝ ခုနှစ်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (ပီအဲန်အို) ပါတီသည် ဒေသခံလူထုများအား နာမည် ကြီး အဆိုတော်အဖွဲ့များဖြင့် နယ်လှည့်၍ ပါတီမဲဆွယ် သီချင်းများဖြင့် သီဆိုဖျော်ဖြေကြကြောင်းအင်တာနက်သတင်းများအရသိရသည်။

ပင်လောင်းမြို့နယ်တွင် အောက်တိုဘာလ ၁၈ ရက်နေ့၌ ပအိုဝ်းကျေးရွာလူထုအား ပအိုဝ်းပါတီကမဲထည့်ပုံထည့် နည်းများကို သင်ကြားပေးပြီး ညပိုင်းတွင် နာမည်ကြီး ပအိုဝ်းအဆိုတော်များက ရွေးကောက်ပွဲနှင့်ပတ်သက်သည့် မဲဆွယ်စည်းရုံးသည့် သီချင်းများကို သီဆို ဖျော်ဖြေပေးသည်ဟု ဒေသခံများက ပြောသည်။

မဲဆွယ်သည့် စတိတ်ရှိုးပွဲတွင် နာမည်ကြီးအဆိုတော် အဖွဲ့သုံးဖွဲ့မှ ပအိုဝ်းလူမျိုးအကြား လူကြိုက်များသည့် နာ မည်ကြီး တေးရေး တေးဆို ခွန်ခမ်းခြိုင်၊ ခွန်ဇော်၊ ခွန်တူးလေး၊ နန်းမိုးမိုးစံနှင့် နန်းသဲင်လောင်ဝ် စသည့် အဆို တော်များက ဦးဆောင်ပြီး ဖျော်ဖြေကြသည်ဟု အဆိုတော်များနှင့် နီးစပ်သူ တဦးက ပြောသည်။

“အဲဒီမှာ သူတို့ဆိုတဲ့ သီချင်းတွေက ၉ဝ ရွေးကောက်ပွဲတုန်းက ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ ချုပ် ပါတီခေတ်တုန်းက မဲဆွယ်စည်းရုံးတုန်းက “တခေါ့ခံရား”  (ရွှေသရက်သီး) စီးရီး ခွေထဲက နာ မည်ကြီး သီချင်းဟောင်းတချို့နဲ့ သူတို့ ပြန်ရေးထားတဲ့ သီချင်းတွေ ဆိုထားတာလေ။ နာမည်ကြီး အ ဆိုတော် ဆိုတာဆိုတော့ လာအားပေးကြတဲ့ လူတွေ တော်တော်များတယ်ဗျ။”

ပအိုဝ်းပါတီသည် ယခင်က မဲဆွယ်စည်းရုံးရာတွင် ဟောပြောပွဲများကျင်းပရာ လူထုအား မလာမနေရ ဆင့်ခေါ်ရာ ဒေသခံများက အနည်းအကျဉ်းသာ လာရောက်ပြီး စိတ်ဝင်စားမှု မရှိသဖြင့် နာမည်ကြီး အဆိုတော်များကို အကူအညီတောင်းကာ ဖျော်ဖြေကြခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ပီအဲန်အို အဖွဲ့ဝင် တဦးက ပြောသည်။

“ အခုတော့ အတော်လေး စိတ်ဝင်စားကြတယ်လို့ ပြောရမှာပေါ့ဗျာ။ ဟိုတလောကထက် စာရင်လေ။ အခုလောဆယ် ပင်လောင်းဘက်မှာ သွားဆိုကြတယ်။ နောက် တခြား ဟိုပုံးတို့ ဆီဆိုင်တို့ဘက်မှာ လည်း သွားဖို့ရှိတယ်။ ရက်အတိအကျတော့ မသိရသေးဘူး။”

ပီအဲန်အို ပအိုဝ်းပါတီကဲ့သို့ မဲဆွယ်စည်းရုံးရာတွင် တေးသီချင်းများဖြင့် ဖျော်ဖြေသလို အခြား တိုင်းရင်းသားပါ တီများဖြစ်သည့် မွန်၊ ကချင်၊ ရှမ်းစသည့် ပါတီများလည်း ပါတီခေါင်းဆောင် ကိုယ်တိုင် ရွေးကောက်ပွဲနှင့် ပတ် သက်သည့် တေးသီချင်း စပ်ဆိုပြီး စီးတီးများထုတ်၍ ဖြန့်ဝေနေကြကြောင်းသိရသည်။

ကိုးကား။ ။ http://www.nmg-news.com/nmg/news221010.html