Internet

search123October 25, 20101min1005

နယ်က သူငယ်ချင်းက ဖုန်းဆက်ပြီး လှမ်းပြောပါတယ်။
သူ Internet သင်တန်းတက်နေပြီတဲ့။
ဘာတွေ  သိလာပြီ လဲဆိုတော့ chatting လုပ်တတ်ပြီတဲ့။
ဘာလို့ Internet သင်တန်း တက်တာလဲလို့ မေးတော့
သူများတွေ chatting chatting နဲ့ ေြ့ပာနေလို့ သူလည်း chatting လုပ်တတ်ချင်လို့တဲ့ …ကောင်းရော။
ကားစီးရင်းနဲ့ တွေ့ရတဲ့ ၁ဝ တန်းအောင်ပြီးကာစ ကောင်လေးတွေ၊ကောင်မလေး တွေကလည်း ကားပေါ်မှာ
သူတို့ Internet ကောင်းကောင်းသုံးတတ်နေပြီ ဆိုလို့ နားထောင်ကြည့် လိုက်တော့ လည်း chatting အကြောင်းပဲ။
Internet ဆိုတာ ဘယ်လောက်ထိ အသုံးဝင်လဲ ဆိုတာကို သင်တန်းတွေ ကပဲ မသင်ပေးလိုက်တာလား၊
ဒါမှမဟုတ် သင်ပေးလိုက်ပါရက်နဲ့ သူတို့တွေ စိတ်ဝင်စားတာက chatting ပဲလား..
ဟိုအရင် ကတော့ Computer နဲ့ အလုပ်လုပ် နေတဲ့သူ ဆိုရင်
Programmer ဆိုတာတွေ ဘာတွေလည်း နားမလည်ကြတော့ Computer နဲ့ စာစီ၊စာရိုက် လုပ်နေတဲ့ သူတွေလို့ ပဲ ထင်ကြတာ။
အခုထိ လည်း နားမလည်ကြပါဘူး။
Computer ဆိုတာ လက်နှိပ်စက် လိုပါပဲ ဆိုတဲ့ သူတောင် ရှိသေး။
Internet ထဲမှာ  လုပ်လို့ ရတာတွေ အများကြီးရှိတယ်ဆိုတာ
သိတဲ့သူ က ရာခိုင်နှုန်း အားဖြင့် နည်းနေသေးတယ်။
နေရာတိုင်းမှာ Computer သုံးနေပေမဲ့ လည်း နားလည်လို့ သုံးတဲ့သူ နည်းပါတယ်။
ဘာမှန်း ညာမှန်း မသိပဲ ICT ပြပွဲ မှာ Computer ဝယ်ပြီး အိမ်မှာ သီချင်းတွေ၊DVD၊Game တွေ ကြည့်လို့ ရရင်ပဲတော်တော် က်ို ဟုတ်လှပြီ ထင်နေကြတာ။
လူငယ်တွေ အားလုံး သေချာလေ့လာနိုင်ကြရင် ဘယ်လောက်ကောင်းလိုက်မလဲနော်။
တွေးမိတွေးရာ ရေးကြည့်တာပါ…
အားလုံး IT ခေတ်ကြီးကို အမှီလိုက်နိုင်ပြီး၊
Internet ကို တစ်ကယ် အကျိုးရှိရှိ သုံးတတ်တဲ့ သူတွေ ဖြစ်ကြပါစေ။

5 comments

  • ဆူး

    October 25, 2010 at 10:26 am

    မသိသူ ကျော်သွား သိသူ ဖော်စား ဆိုတာ အင်တာနက်ကို ပြောတာ

  • intro

    October 25, 2010 at 12:18 pm

    တစ်ချို့ဆိုရင် တစ်ခြား ဘာ Application မှ မသုံးပဲနဲ့ Gtalk တစ်ခုလေးနဲ့တင် ပြုံးပြုံး ပြုံးပြုံး လုပ်ပြီး ကျေနပ်နေသူတွေလဲ ရှိတယ်… (ကိုယ်တွေ့နော်) ကျွန်တော်သွားနေကျ internet ဆိုင်ဆိုရင် Gtalk Windows တွေအများကြီးဖွင့်ထားပြီး ကွမ်းလေး တမြုံ့မြုံ့နဲ့ ပြုံးပြုံးကြီး ချက်နေကြတဲ့ ဘုန်းဘုန်းတွေတောင် ရှိသေးတယ်… Chat List ကို ခိုးကြည့်တော့လဲ Menu Bar မှာ မိန်းကလေးနာမည်တွေချည်းပဲ၊ ကိုယ်တွေ ကြူတာလောက်တော့ သနားတယ် ထင်ပ၊
    (မှတ်ချက် ။ ။ မဟုတ်တမ်းတရားပြောခြင်းမဟုတ်ပါ၊ မျက်မြင်ကိုယ်တွေ့ ဖြစ်ပါသည်။)

  • ViCkY

    October 25, 2010 at 2:02 pm

    ဟုတ်ပါတယ်… ကျွှန်တော်ကဆိုင်မှာသုံးတာများတော့ လူတော်တော်များများ တွေ့ပါတယ်.. web page သုံးတဲ့လူက တော်တော်ကိုရှားပါတယ်.. အများစုက gtalk နဲ့တင်အချိန်ကုန်နေကြပါတယ်.. မိန်ကလေး(အားလုံးကို မဆိုလိုပါ) တွေဆိုလည်း အကောင်း ၃ ၄ ခုနဲ့ကြူနေတာကိုတွေ့ပါတယ်….. internet ကိုလူတိုင်းလူတိုင်းအကျိုးရှိရှိအသုံးချစေချင်ပါတယ်ဗျာ…..

  • fatty

    October 25, 2010 at 2:03 pm

    ဖေါ်စားကြည့်တော့ …… တော်တော်လေးနက်တာတွေ့ရပါတယ်။

  • zawana

    October 26, 2010 at 3:47 am

    အင်တာနက် သုံးသူတွေအနေနဲ့ တကယ်အကျိုးရှိဖို့ဆိုရင် စာဖတ်မပျင်းဖို့နဲ့ လေ့လာလိုစိတ် များများရှိရပါလိမ့်မယ်။ နို့မို့ ဆိုရင်တော့ ဖျော်ဖြေရေးဆိုက်တွေ၊ ဆိုရှယ်ဆိုက်တွေနဲ့ ချတ်တင်ကနေ တက်နိုင်တော့မှာ မဟုတ်ပါဘူး။ သေချာတာကတော့ ဘယ်နေရာမှာမဆို ကိုယ်လိုချင်တာလောက်ပဲ ကိုယ်ရမှာပါ။

Leave a Reply