ဘယ်သူမှ မဖိတ်ကြားဘဲ အတင်း အပ်..
လာ ဟိုက် ပြန်တော့ မအား လို့ ပြန်ပြောရင် ကြီးကျယ်တယ်.. ဘာညာနဲ့
မအားဘူးဟေ.. မပြောဘူးလို့ ပြောလိုက်တော့.. အားမနာ လျှာမကျိုး..
နာမည်လိုက်မေး.. မပြောဘူး ဆိုတော့ ပြောပါ ပြောပါ တဂျီဂျီ..
ဘယ်က ချက်လဲ မေးတော့ အမြင်ကတ်လို့.. ကွန်ပြူတာ ရှေ့ကလို့ ဖြေလိုက်လည်း မကျေနပ်..
ဒီလောက် ခပ်တင်းတင်း ပြောတာလည်း အလိုက်မသိဘူး..
အလိုက်ကန်းစိုးမသိ.. ဘယ်က အပ်လဲ မေးတော့ မရေရာ.. မရေရာလည်း ဂျောင်း.. (ကုလားစကား ယူသုံးလိုက်သည်) ဘလော့လိုက်တယ်..
ဘလော့မလုပ်ချင်လို့ ခဏ ထားပါတယ်.. နာမည် မေးတာ မပြောဘူးလား.. ဂျီတော့ထဲမှာ နာမည် မသိတဲ့ လူမရှိဘူး ဒီတယောက်ထဲ မသိသေးတာ သိချင်လို့ပါ..
တခုပြန်မေးလိုက်သည်.. သူငယ်တန်းတုန်းက အတန်းထဲမှာ လူငယ်နှစ်ယောက် ရှိလဲ မှတ်မိလား.. အတန်းဖော်တွေ အားလုံး နာမည်မှတ်မိလား..
ဘယ်သူမဆို ကြာသွားရင်မေ့တာဘဲ.. မေးမနေနဲ့.. မပြောဘူး.. ဘုပြောပါ များတော့.. နောက်များ လာမချက်တော့ဘူး..

ဒါနဲ့ စွာတယ် ဆိုတာ ဘာလဲ.. ထက်တယ် ဆိုတာ ဘာလဲ..
ကွန်ပြူတာ ရှေ့မှာ ဘာလုပ်နေလဲ ဘယ်သူသိမလဲ.. မြင်မှ မမြင်ရတာ.. ဘယ်သူကိုမှ ဂရုမစိုက်ဘူး.. ကိုယ်အခွင့်အရေးနဲ့ကိုယ်.. စိတ်ကြိုက် ဘလော့ ပိုင်ခွင့်ရှိတယ်.. မကျေနပ်ရင် လာမအပ်နဲ့.. မျက်စိရှုပ်သက်သာတယ်..
သိတဲ့လူတွေ ဖြစ်မှာ စိုးလို့.. အပ်ပေးထားတာ.. ကြူချင်စိတ်တွေ ထိန်းမရ ဖြစ်နေတဲ့ ဂျီတော့ ယူဇာတွေက များနေတယ်။

About ဆူး

has written 398 post in this Website..